ဆာလာရဲ ့ဂိုုးကပြက္က္ရွ္ဆုုနဲ ့မထိုုက္တန္ပါဘူး။##အီဗရာဟင္မိုုဗစ္ခ်္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
LA Glaxy တိုုက္စစ္မွဴး ဇလာတန္အီဗရာဟင္မိုဗစ္ခ်္က တျခားလူေတြလိုနဲ႔မတူဘဲအျငင္းပြားဖြယ္ရာျဖစ္ေနတဲ့အေၾကာင္းအရာေတြမွာဝင္ေမႊေလ့႐ွိပါတယ္။ယခုအခါမွာေတာ့သူကပြန္စ္ကပ္ဆုရ႐ွိခဲ့တဲ့ဆာလာကိုအဆိုပါဆုကမရသင့္ဘူးလို႔ေနာက္ေျပာင္ေနပါတယ္။
လီဗာပူးလ္အသင္းတိုက္စစ္မႈးဆာလာရဲ႕ပြန္စ္ကပ္ဆုရ႐ွိခဲ့တဲ့ဂိုးကေတာ့ျဖင့္အဲဗာတန္အသင္းႏွင့္ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ဘယ္ညာအကြက္မ်ိဳးစံုျပၿပီး အဲဗာတန္အသင္းဖက္ကိုသြင္းယူခဲ့တဲ့ဂိုးလည္းျဖစ္ပါတယ္။
ဒါေပမယ့္ မိုဗစ္ခ်္ကဒီဆုပိုင္႐ွင္က မွားယြင္းေနတယ္လို႔ေနာက္ေျပာင္ကာထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။သူက ဒီဆုကို ေလာ့အိန္ဂ်ယ္ အက္ဖ္စီ အသင္းႏွင့္ပြဲက သြင္းခဲ႕တဲဂိုးက ရ႐ွိသင့္တယ္လို႔ဆိုပါတယ္။ဆာလာအတြက္ ဒီဆုႏွင့္ထိုက္တန္လားေမးျမန္းရာ No တစ္လံုးတည္းေျဖၾကားခဲ့ပါတယ္။
သူကဒီဆုႏွင့္ထိုက္တန္တဲ့သူအေၾကာင္းေျပာၾကားရာ သူက"ကြၽန္ေတာ္ထင္တယ္။႐ိုနယ္လ္ဒို ၉ဂိုးသြင္းယူေပးခဲ့တယ္ထင္တယ္။ကြၽန္ေတာ္ေရြးတဲ့စာရင္းမွာလည္းမေတြ႔ရဘူး။
အကယ္၍ ကြၽန္ေတာ္သြင္းခဲ့တဲ့ဂိုးသာမပါရင္ဒါကစိတ္ဝင္စားေကာင္းမွာမဟုတ္ဘူးေလ"
"ဒါေပမယ့္ LAFCကို သြင္းခဲ့တဲ့ကြၽန္ေတာ္ဂိုးက အဲဒီဆုရသင့္တယ္။ဒါမွကြၽန္ေတာ္ဂိုး၅၀၀ေျမာက္ဂိုးေပါ့။ဒါေပမယ့္ဆက္ၾကည့္လိုက္ဦးမယ္။ေနာက္ႏွစ္ေလာက္ကြၽန္ေတာ္ရမယ္ထင္တယ္ဗ်"
ဆာလာဟာအဆိုပါဆုရ႐ွိတဲ့ဂိုးကို ၿပီးခဲ့တဲ့ရာသီရဲ႕မာေဆးဆိုက္ဒါဘီပြဲစဥ္ျဖစ္တဲ့ အဲဗာတန္အသင္းႏွင့္ပြဲစဥ္မွာသြင္းယူခဲ့ျခင္းျဖစ္ပါတယ္။
အဆိုပါဂိုးဟာ ရီးရဲလ္အသင္းတိုက္စစ္မႈး ဂါရက္ေဘးလ္ ရဲ႕ ခ်န္ပီယံလိဂ္ဖလားရ႐ွိေစမည့္ဂိုး ႏွင့္ ကစားသမားေဟာင္း႐ို္နယ္လ္ဒိုတို႔ရဲဂိုးေတြကိုေက်ာ္ျဖတ္ကာ FIFA ရဲ႕တစ္ႏွစ္တာအေကာင္းဆုဂိုးဆုကိုရ႐ွိခဲ့ပါတယ္။
(Unicode)
ဆာလာရဲ့ဂိုးကပွက်က်ရှ်ဆုနဲ့မထိုက်တန်ပါဘူး။##အီဗရာဟင်မိုဗစ်ချ်
LA Glaxy တိုက်စစ်မှူး ဇလာတန်အီဗရာဟင်မိုဗစ်ချ်က တခြားလူတွေလိုနဲ့မတူဘဲအငြင်းပွားဖွယ်ရာဖြစ်နေတဲ့အကြောင်းအရာတွေမှာဝင်မွှေလေ့ရှိပါတယ်။ယခုအခါမှာတော့သူကပွန်စ်ကပ်ဆုရရှိခဲ့တဲ့ဆာလာကိုအဆိုပါဆုကမရသင့်ဘူးလို့နောက်ပြောင်နေပါတယ်။
လီဗာပူးလ်အသင်းတိုက်စစ်မှုးဆာလာရဲ့ပွန်စ်ကပ်ဆုရရှိခဲ့တဲ့ဂိုးကတော့ဖြင့်အဲဗာတန်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘယ်ညာအကွက်မျိုးစုံပြပြီး အဲဗာတန်အသင်းဖက်ကိုသွင်းယူခဲ့တဲ့ဂိုးလည်းဖြစ်ပါတယ်။
ဒါပေမယ့် မိုဗစ်ချ်ကဒီဆုပိုင်ရှင်က မှားယွင်းနေတယ်လို့နောက်ပြောင်ကာထုတ်ဖော်ပြောကြားလိုက်ပါတယ်။သူက ဒီဆုကို လော့အိန်ဂျယ် အက်ဖ်စီ အသင်းနှင့်ပွဲက သွင်းခဲ့တဲဂိုးက ရရှိသင့်တယ်လို့ဆိုပါတယ်။ဆာလာအတွက် ဒီဆုနှင့်ထိုက်တန်လားမေးမြန်းရာ No တစ်လုံးတည်းဖြေကြားခဲ့ပါတယ်။
သူကဒီဆုနှင့်ထိုက်တန်တဲ့သူအကြောင်းပြောကြားရာ သူက"ကျွန်တော်ထင်တယ်။ရိုနယ်လ်ဒို ၉ဂိုးသွင်းယူပေးခဲ့တယ်ထင်တယ်။ကျွန်တော်ရွေးတဲ့စာရင်းမှာလည်းမတွေ့ရဘူး။
အကယ်၍ ကျွန်တော်သွင်းခဲ့တဲ့ဂိုးသာမပါရင်ဒါကစိတ်ဝင်စားကောင်းမှာမဟုတ်ဘူးလေ"
"ဒါပေမယ့် LAFCကို သွင်းခဲ့တဲ့ကျွန်တော်ဂိုးက အဲဒီဆုရသင့်တယ်။ဒါမှကျွန်တော်ဂိုး၅၀၀မြောက်ဂိုးပေါ့။ဒါပေမယ့်ဆက်ကြည့်လိုက်ဦးမယ်။နောက်နှစ်လောက်ကျွန်တော်ရမယ်ထင်တယ်ဗျ"
ဆာလာဟာအဆိုပါဆုရရှိတဲ့ဂိုးကို ပြီးခဲ့တဲ့ရာသီရဲ့မာဆေးဆိုက်ဒါဘီပွဲစဉ်ဖြစ်တဲ့ အဲဗာတန်အသင်းနှင့်ပွဲစဉ်မှာသွင်းယူခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါဂိုးဟာ ရီးရဲလ်အသင်းတိုက်စစ်မှုး ဂါရက်ဘေးလ် ရဲ့ ချန်ပီယံလိဂ်ဖလားရရှိစေမည့်ဂိုး နှင့် ကစားသမားဟောင်းရိုနယ်လ်ဒိုတို့ရဲဂိုးတွေကိုကျော်ဖြတ်ကာ FIFA ရဲ့တစ်နှစ်တာအကောင်းဆုဂိုးဆုကိုရရှိခဲ့ပါတယ်။
Post a Comment