၀က္ဖိုု ဒ္အသင္းကိုု အနိုုင္ရတဲ့ပြဲအၿပီးယူႏိုုက္တက္အသင္းရဲ ့ေနာက္ဆံုုးရသတင္းမ်ားစုုစည္းမႈ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဝက္ဖို ့ဒ္အသင္းကို ၂-၁ ျဖင့္အႏိုင္ရရွိခဲ့ၿပီးေနာက္တိုက္စစ္မွဴးလူကာကူက သူတို ့အသင္းဟာ ပထမပိုင္းမွာ လႊမ္းမိုးကစားႏိုင္ခဲ့ၿပီး စြမ္းေဆာင္ခဲ့ေသာ္လည္း ဒုတိယပိုင္းမွာ ေပါ့ေပါ့တန္တန္ကစားခဲ့ၾကတာေၾကာင့္ ကံေကာင္းလို ့မရံႈးနိမ့္တာျဖစ္ေၾကာင္း ဝန္ခံေျပာၾကားလိုက္ပါတယ္။
နည္းျပေမာ္ရင္ဟိုက လူကာကူ ဟာ မီတာ ၇၀ေလာက္ေျပးလႊားကစားၿပီး အသင္းအတြက္ ေနာက္တန္းညာအစြန္းတစ္ေလွ်ာက္ လိုက္လံျဖတ္ထုတ္ေနတာဟာ မိမိအသင္းဆီကလိုခ်င္တဲ့ပံုစံျဖစ္ေၾကာင္း၊အေရးၾကံဳလာရင္ အဲ့လို အသင္းစိတ္ဓာတ္မ်ိဳးရွိရမယ္လို ့ခ်ီးက်ဴးသြားခဲ့ပါတယ္။
လီဗာပူးဂႏၲဝင္ကစားသမား McManaman က ေမာ္ရင္ဟိုဟာ ဂ်ာဂန္ကေလာ့၊ဂြာဒီယိုလာတို ့လို မတူကြဲျပားတဲ့နည္းျပတစ္ေယာက္ျဖစ္ၿပီး ကစားသမားေတြအေပၚ ကြင္းထဲလည္း ပြင့္လင္းစြာေအာ္ဟစ္ ၫႊန္ၾကားတဲ့ သူျဖစ္တာေၾကာင့္ ျပႆနာမရွိေၾကာင္း၊ဒါဟာ အလုပ္ျဖစ္တဲ့အတြက္ေမာ္ရင္ဟိုဟာ ေဝဖန္မခံရသင့္ေၾကာင္း ဆိုလိုက္ပါတယ္။
နည္းျပေမာ္ရင္ဟို က ဖယ္လာနီဟာ အသင္းအတြက္႐ိုးရွင္းစြာ ကစားေပးၿပီး ေနာက္တန္းကို အားျဖည့္ကူညီေပးတဲ့ သူျဖစ္ေၾကာင္း၊သူ ရွိေနလို ့အရမ္းေပ်ာ္မိေၾကာင္း၊ ေနာက္ခံလူ စေမာလင္းလည္းအေကာင္းဆံုးကစားခဲ့ပါေၾကာင္း၊ဒါပင္မယ့္ စေမာလင္းကို မႀကိဳက္တဲ့အခ်က္က သူ ့ရဲ႕ ဆံပင္ပံုစံျဖစ္ေၾကာင္း၊ဒါပင္မယ့္ သူ ့ကို ေျပာမွာမဟုတ္ေၾကာင္းဆိုသြားပါတယ္။
တိုက္စစ္မွဴး လူကာကူဟာ ယူႏိုက္တက္အတြက္ ပရီးမီးယားလိပ္မွာ ၃၉ ပြဲကစားခဲ့ၿပီး ဂိုး၂၀ သြင္းယူေပးႏိုင္ခဲ့တဲ့သူျဖစ္လာခဲ့ပါတယ္။သူ ့လိုမ်ိဳး ပြဲထြက္အေရအတြက္ နဲ႔ စြမ္းေဆာင္ႏိုင္တဲ့ ကစားသမားယူႏိုက္တက္အသင္းမွာ ၃ဦးသာရွိခဲ့ၿပီး နစၥတရြိဳင္း(၂၆) ၊ဗန္ပါစီ(၃၂)၊ဒြိဳက္ေယာ့ခ္(၃၄) တို ့ျဖစ္ၾကပါတယ္။
ကြင္းလယ္လူ ေပါ့ဘာဟာ ဝက္ဖို ့ဒ္အသင္းနဲ႔ ပြဲမွာ ပြဲထြက္ကစားခဲ့ၿပီး ယူႏိုက္တက္အတြက္ ပြဲေပါင္း၁၀၀ ျပည့္ေျမာက္ခဲ့ပါတယ္။
(Unicode)
-ဝက်ဖို့ဒ်အသင်းကို ၂-၁ ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်တိုက်စစ်မှူးလူကာကူက သူတို့အသင်းဟာ ပထမပိုင်းမှာ လွှမ်းမိုးကစားနိုင်ခဲ့ပြီး စွမ်းဆောင်ခဲ့သော်လည်း ဒုတိယပိုင်းမှာ ပေါ့ပေါ့တန်တန်ကစားခဲ့ကြတာကြောင့် ကံကောင်းလို့မရှုံးနိမ့်တာဖြစ်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
-နည်းပြမော်ရင်ဟိုက လူကာကူ ဟာ မီတာ ၇၀လောက်ပြေးလွှားကစားပြီး အသင်းအတွက် နောက်တန်းညာအစွန်းတစ်လျှောက် လိုက်လံဖြတ်ထုတ်နေတာဟာ မိမိအသင်းဆီကလိုချင်တဲ့ပုံစံဖြစ်ကြောင်း၊အရေးကြုံလာရင် အဲ့လို အသင်းစိတ်ဓာတ်မျိုးရှိရမယ်လို့ချီးကျူးသွားခဲ့ပါတယ်။
-လီဗာပူးဂန္တဝင်ကစားသမား McManaman က မော်ရင်ဟိုဟာ ဂျာဂန်ကလော့၊ဂွာဒီယိုလာတို့လို မတူကွဲပြားတဲ့နည်းပြတစ်ယောက်ဖြစ်ပြီး ကစားသမားတွေအပေါ် ကွင်းထဲလည်း ပွင့်လင်းစွာအော်ဟစ် ညွှန်ကြားတဲ့ သူဖြစ်တာကြောင့် ပြဿနာမရှိကြောင်း၊ဒါဟာ အလုပ်ဖြစ်တဲ့အတွက်မော်ရင်ဟိုဟာ ဝေဖန်မခံရသင့်ကြောင်း ဆိုလိုက်ပါတယ်။
-နည်းပြမော်ရင်ဟို က ဖယ်လာနီဟာ အသင်းအတွက်ရိုးရှင်းစွာ ကစားပေးပြီး နောက်တန်းကို အားဖြည့်ကူညီပေးတဲ့ သူဖြစ်ကြောင်း၊သူ ရှိနေလို့အရမ်းပျော်မိကြောင်း၊ နောက်ခံလူ စမောလင်းလည်းအကောင်းဆုံးကစားခဲ့ပါကြောင်း၊ဒါပင်မယ့် စမောလင်းကို မကြိုက်တဲ့အချက်က သူ့ရဲ့ ဆံပင်ပုံစံဖြစ်ကြောင်း၊ဒါပင်မယ့် သူ့ကို ပြောမှာမဟုတ်ကြောင်းဆိုသွားပါတယ်။
-တိုက်စစ်မှူး လူကာကူဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိပ်မှာ ၃၉ ပွဲကစားခဲ့ပြီး ဂိုး၂၀ သွင်းယူပေးနိုင်ခဲ့တဲ့သူဖြစ်လာခဲ့ပါတယ်။သူ့လိုမျိုး ပွဲထွက်အရေအတွက် နဲ့ စွမ်းဆောင်နိုင်တဲ့ ကစားသမားယူနိုက်တက်အသင်းမှာ ၃ဦးသာရှိခဲ့ပြီး နစ္စတရွိုင်း(၂၆) ၊ဗန်ပါစီ(၃၂)၊ဒွိုက်ယော့ခ်(၃၄) တို့ဖြစ်ကြပါတယ်။
-ကွင်းလယ်လူ ပေါ့ဘာဟာ ဝက်ဖို့ဒ်အသင်းနဲ့ ပွဲမှာ ပွဲထွက်ကစားခဲ့ပြီး ယူနိုက်တက်အတွက် ပွဲပေါင်း၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။
Post a Comment