Header Ads


ရုုိနယ္ဒိုုနဲ ့မက္ဆီတိုု ့FIFA ရဲ႕ The Best Award ဆုေပးပြဲကိုဘာလိုု ့မတက္ေရာက္နိုုင္ခဲ့တာလဲ??




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ည ကေတာ့ ကမာၻ ့ေဘာလံုးအဖြဲ႕ ခ်ဳပ္ FIFA ရဲ႕ ၂၀၁၇-၁၈ ရာသီ အေကာင္းဆံုး ဆုမ်ားေပးအပ္ပြဲအခမ္းအနားကိုက်င္းပခဲ့ပါတယ္။

FIFA ရဲ႕ အမ်ိဳးသားအေကာင္းဆံုးေဘာလံုးသမားဆုကို ၁၀ စုႏွစ္ၾကာလႊမ္းမိုးသိမ္းပိုုက္ထားၾကတဲ့ မက္ဆီနဲ႔ ႐ိုနယ္ဒိုတို ့ေဘာလံုးအေက်ာ္အေမာ္၂ေယာက္အဆိုပါအခမ္းအနားပြဲကို မတက္ေရာက္ခဲ့ၾကတာဟာ ေဘာလံုးအသိုင္းအဝိုင္းမွာေတာ့ အေတာ္ေလးေဝဖန္မႈေတြျမင့္တက္ေနခဲ့တာျဖစ္ၿပီး ဒါဟာ FIFA နဲ႔ အသင္းေဖာ္ေဟာင္းေတြေပၚ မေလးစားရာက်တယ္လို ့ဆိုေနၾကပါတယ္။

အထူးသျဖင့္ ႐ိုနယ္ဒိုဟာ ကမာၻ ့အေကာင္းဆံုးစကာတင္ ေနာက္ဆံုး၃ဦးစာရင္းမွာ ပါဝင္ေနရံုမက ကမာၻ ့အေကာင္းဆံုး ၁၁ေယာက္အသင္းမွာလည္း ေရြးခ်ယ္ျခင္းခံရသလို မက္ဆီဟာ လည္း အေကာင္းဆံုး ၁၁ေယာက္ လူစာရင္းမွာ ေရြးခ်ယ္ျခင္းခံခဲ့ရပါတယ္။



အဆိုပါ အခမ္းအနားကို ႐ိုနယ္ဒိုတစ္ေယာက္မလာႏိုင္တဲ့ အေၾကာင္းအရင္းကေတာ့ ဂ်ဴဗင္တပ္စ္အသင္းအတြက္ မနက္ဖန္ဗုဒၶဟူးေန ့မွာ ကန္မယ့္ ဘိုေလာ့နာအသင္းနဲ႔ ပြဲေၾကာင့္လို ဆိုပါတယ္။

လန္ဒန္မွာ က်င္းပခဲ့တဲ့ အဆိုပါဆုေပးပြဲအခမ္းအနားကို ႐ိုနယ္ဒိုတစ္ေယာက္ တက္ေရာက္မည္ဆိုပါက အီတလီကို ျပန္ရမယ့္ ခရီးစဥ္ေၾကာင့္ သူ ့အတြက္ ပင္ပမ္းမႈ ဒဏ္ကို ခံစားေစရမွာျဖစ္ၿပီး အသင္းသစ္ ဂ်ဴဗင္တပ္စ္မွာ အသားက်ဖို ့႐ုန္းကန္ေနရတာေၾကာင့္ အဆိုပါဆုေပးပြဲ အခမ္းအနားကို လာေရာက္တက္ေရာက္ျခင္းမရွိခဲ့တာလို Marca သတင္းဌာန ကေဖာ္ျပထားပါတယ္။



အျခားတစ္ဖက္မွာေတာ့ ဘာစီလိုနာစတားမက္ဆီဟာ ကိုယ္ေရးကိုယ္တာ ကိစၥေၾကာင့္ တက္ေရာက္ႏိုင္ျခင္း မရွိတာလို ့လည္း AS သတင္းဌာန ကဆိုထားပါတယ္။


၂၀၁၇-၁၈ ရာသီရဲ႕ ကမာၻ ့အေကာင္းဆံုးေဘာလံုးသမားဆုကို ရီးရဲလ္ကြင္းလယ္လူ လူကာမိုဒရစ္က ႐ိုနယ္ဒို ၊ဆာလာတို ့ကို ေက်ာ္ျဖတ္ကာရရွိသြားခဲ့တာပဲျဖစ္ပါတယ္။

(Unicode)



မနေ့ည ကတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် FIFA ရဲ့ ၂၀၁၇-၁၈ ရာသီ အကောင်းဆုံး ဆုများပေးအပ်ပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။

FIFA ရဲ့ အမျိုးသားအကောင်းဆုံးဘောလုံးသမားဆုကို ၁၀ စုနှစ်ကြာလွှမ်းမိုးသိမ်းပိုက်ထားကြတဲ့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ဘောလုံးအကျော်အမော်၂ယောက်အဆိုပါအခမ်းအနားပွဲကို မတက်ရောက်ခဲ့ကြတာဟာ ဘောလုံးအသိုင်းအဝိုင်းမှာတော့ အတော်လေးဝေဖန်မှုတွေမြင့်တက်နေခဲ့တာဖြစ်ပြီး ဒါဟာ FIFA နဲ့ အသင်းဖော်ဟောင်းတွေပေါ် မလေးစားရာကျတယ်လို့ဆိုနေကြပါတယ်။

အထူးသဖြင့် ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးစကာတင် နောက်ဆုံး၃ဦးစာရင်းမှာ ပါဝင်နေရုံမက ကမ္ဘာ့အကောင်းဆုံး ၁၁ယောက်အသင်းမှာလည်း ရွေးချယ်ခြင်းခံရသလို မက်ဆီဟာ လည်း အကောင်းဆုံး ၁၁ယောက် လူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အဆိုပါ အခမ်းအနားကို ရိုနယ်ဒိုတစ်ယောက်မလာနိုင်တဲ့ အကြောင်းအရင်းကတော့ ဂျူဗင်တပ်စ်အသင်းအတွက် မနက်ဖန်ဗုဒ္ဓဟူးနေ့မှာ ကန်မယ့် ဘိုလော့နာအသင်းနဲ့ ပွဲကြောင့်လို့ ဆိုပါတယ်။

လန်ဒန်မှာ ကျင်းပခဲ့တဲ့ အဆိုပါဆုပေးပွဲအခမ်းအနားကို ရိုနယ်ဒိုတစ်ယောက် တက်ရောက်မည်ဆိုပါက အီတလီကို ပြန်ရမယ့် ခရီးစဉ်ကြောင့် သူ့အတွက် ပင်ပမ်းမှု ဒဏ်ကို ခံစားစေရမှာဖြစ်ပြီး အသင်းသစ် ဂျူဗင်တပ်စ်မှာ အသားကျဖို့ရုန်းကန်နေရတာကြောင့် အဆိုပါဆုပေးပွဲ အခမ်းအနားကို လာရောက်တက်ရောက်ခြင်းမရှိခဲ့တာလို့ Marca သတင်းဌာန ကဖော်ပြထားပါတယ်။

အခြားတစ်ဖက်မှာတော့ ဘာစီလိုနာစတားမက်ဆီဟာ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် တက်ရောက်နိုင်ခြင်း မရှိတာလို့လည်း AS သတင်းဌာန ကဆိုထားပါတယ်။

၂၀၁၇-၁၈ ရာသီရဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရီးရဲလ်ကွင်းလယ်လူ လူကာမိုဒရစ်က ရိုနယ်ဒို ၊ဆာလာတို့ကို ကျော်ဖြတ်ကာရရှိသွားခဲ့တာပဲဖြစ်ပါတယ်။

No comments

Powered by Blogger.