ကြာသပတေးနေ့ ညနေခင်းနောက်ဆုံးရဘောလုံးသတင်းတိုများ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ခရိုအေးရှားအသင်းကို ၆-၁ ဖြင့်အနိုင်ရခဲ့တဲ့ပွဲမှာ စပိန်အသင်းရဲ့ လူစာရင်းမှာ ဘာစီလိုနာကစားသမားတစ်ယောက်သာပါဝင်ခဲ့ပြီး အဆိုပါကစားသမားမှာဘက်စ်ကွက်စ် တစ်ဦးထဲဖြစ်ပါတယ်။ရီးရဲလ်အသင်းမှ ၆ဦးအထိပါဝင်ခဲ့ပြီး ဘာစီလိုနာနည်းပြဟောင်း စပိန်နည်းပြ လူးဝစ်အင်းနရစ်က " ဘာစီလိုနာကစားသမားတစ်ယောက်မှမပါတာလား? အသင်းရဲ့ လူစာရင်းဟာ ရီးရဲလ်အသင်းကိုအခြေခံထားတာပါ" လို့ပြောကြားခဲ့ပါတယ်။
ဗာရိန်းကိုခေါ်ယူဖို့ယူရို ၁၁၂ သန်းဖြင့် ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ရီးရဲလ်မက်ဒရစ်အသင်းက ငြင်းပယ်ခဲ့ပြီး ဗာရိန်းကို လုံးဝလက်မလွှတ်ကြောင်း ရီးရဲလ်အသင်းကအကြောင်းပြန်ခဲ့တယ်လို့ Daily Express ကဖော်ပြထားပါတယ်။
မန်စီးတီးမှာကစားဖို့စဉ်းစားဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော့်ဘဝမှာအကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုပါပဲလို့မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားက ဆိုလိုက်ပါတယ်။
လီဗာပူးကိုပြောင်းပြီးမှ ပွဲထွက်ကစားခွင့်သိပ်မရသော်လည်း ပြဿနာမရှိကြောင်း လီဗာပူးကွင်းလယ်လူရှာကွီရီကပြောကြားလိုက်ပါတယ်။
ရီးရဲလ်အသင်းရဲ့ တိုက်စစ်မှူးသစ်မာရီယာနိုက သူ့ဟာ တတ်နိုင်သမျှ အသင်းမှာ ပထမဆုံးပွဲထွက်ခွင့်အမြန်ဆုံးဖို့ နေ့တိုင်း အလုပ်ကြိုးစားနေကြောင်းပြောကြားလိုက်ပါတယ်။
Post a Comment