Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင်နယ်အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမား ဂွမ်ဒိုဇီ ကသူ့ အား အာဆင်နယ်ကိုကြိုက်စေမယ့်ရောဂါပိုးကို သူတို့ရဲ့ပြင်သစ်လက်ရွေးစင်တွေဖြစ်ကြတဲ့ဟင်နရီနှင့်ဗီယာရီတို့ဆီကနေကူးစက်ခံရတယ် လို့အရွန်းဖောက်ချီးကျူးဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။
 ဂွမ်ဒိုဇီ  ဟာ PSGအသင်းအကယ်ဒမီဆင်းတစ်ဦးဖြစ်ပြီးသူရဲ့ရည်မှန်းချက်ဟာ တစ်ချိန်အရည်အချင်းပြည့်ဝတဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ဖို့ကြိုးစားနေပါတယ်။
(Unicode)
"ဟင်နရီနှင့်ဗီယာရာတို့က သူအား အာဆင်နယ်အသင်းကိုချစ်အောင်လုပ်ပေးလိုက်ကြတာပါ”##ဂွမ်ဒိုဇီ
အာဆင်နယ်အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမား ဂွမ်ဒိုဇီ ကသူ့အား အာဆင်နယ်ကိုကြိူက်စေမယ့်ရောဂါပိုးကို သူတို့ရဲ့ပြင်သစ်လက်ရွေးစင်တွေဖြစ်ကြတဲ့ဟင်နရီနှင့်ဗီယာရီတို့ဆီကနေကူးစက်ခံရတယ် လို့အရွန်းဖောက်ချီးကျူးဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။
 ဂွမ်ဒိုဇီ  ဟာ PSGအသင်းအကယ်ဒမီဆင်းတစ်ဦးဖြစ်ပြီးသူရဲ့ရည်မှန်းချက်ဟာ တစ်ချိန်အရည်အချင်းပြည့်ဝတဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ဖို့ကြိုးစားနေပါတယ်။
  ဂွမ်ဒိုဇီ  ကPSGအသင်းမှ Lorientအသင်းကိုပြောင်းရွေ့သွားခဲ့ပြီး ထိုအသင်းမှာခြေစွမ်းပြကစားကာ တဒင်္ဂအတွင်းမှာ နာမည်ကျော်ကြားလာခဲ့ပြီး ယခုနှစ်နွေရာသီမှာ အာဆင်နယ်အသင်းကို ပေါင်၇သန်းနှင့်ပြောင်းရွေ့လာခဲ့ပါတယ်။
 ဂွမ်ဒိုဇီ  က အာဆင်နယ် အသင်းကို ပြောင်းရွေ့ရတဲ့အချက်တွေထဲက နည်းပြဟောင်းအာဆင်ဝင်းဂါးရဲ့ပုံရိပ်ကြောင့်ရယ် သူရဲ့ငယ်ဘဝအိမ်မက်က အာဆင်နယ် အသင်းမှာ ကစားဖို့အတွက်အကြီးအကျယ်စိတ်ကူးရှိခဲ့တာကြောင့်လို့ဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။
"PSGအသင်းက ပြင်သစ်မှာရှိတဲ့နှလုံးသားပါ။ဘာလို့လဲဆိုတော့ကျွန်တော်အဲဒီမှာအသက်၆ကနေ ၁၅နှစ်အထိကစားခဲ့တယ်လေ"လို့ L'Equipeကိုပြောကြားခဲ့ပါတယ်။
"ကျွန်တော်အရွယ်ရောက်လာတော့တခြားအသင်းတွေကို ကြည့်ခဲ့တယ်။ပြီးတော့အာဆင်နယ်အသင်းအပေါ်ချစ်စိတ်တွေနစ်မွန်းလာခဲ့မိတယ်။"
"ကျွန်တော်အသင်းပိုစတာတွေဘာညာ တွေကိုတကယ်စိတ်မဝင်စားဘူး။ဒါပေမယ့်ကျွန်တော်ရုပ်သံတော်တော်များမြင်ခဲ့ကြည့်ခဲ့ပါတယ်။"
"ကစားသမားထဲမှာတော့ ဟင်နရီနှင့်ဗီယာရာတို့က အကြိုက်ဆုံးဖြစ်ပြီးသူတို့ကြောင့်အသင်းကိုချစ်လာပြီး ဒီကိုလာဖို့စိတ်ကူးယဉ်ခဲ့တာပါ"
"ကျွန်တော်အမ်မရိတ်ကွင်းရယ် ဟင်နရီရဲ့ရုပ်တုကိုတွေ့တုန်းက ကျွန်တော်ထင်တယ်။အဲဒီဗီဒီယိုကိုပဲပြန်ပြန်ကြည့်မိတယ်"
"အဲဒီအခိုက်အတံ့က ကျွန်တော်ကိုအာဆင်နယ်အသင်းနှင့်နီးကပ်အောင်လုပ်ပေးခဲ့ပြီး ကျွန်တော်အတွက်အရာရာအားလုံးကို ရှင်းလင်းစေခဲ့မိပါတယ်"
"ကျွန်တော်မလိမ်ဘူး ကျွန်တော်အဲလိုတွေးပြီးသိပ်မကြာဘူး။ကျွန်တော်ဒီကို အသက်၁၉နှစ်မှာပဲ ကစားသမားတစ်ယောက်အနေနှင့်ရောက်ရှိလာခဲ့တာပါ"
No comments
Powered by Blogger.