Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရိုနယ်လ်ဒိုမရှိလည်းရီးရဲလ်ကတောင့်တင်းမြဲပါ။##ဘိုင်ယန်နည်းပြနီကိုကိုဗက်စ်
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နီကိုကိုဗက်စ်က သူရဲ့ချန်ပီယံလိဂ်ပွဲဦးထွက်အတွက်ကျေနပ်အားရနေပြီးသူတို့အသင်းရဲ့ပြိုင်ဖက်တွေကိုစောင့်ကြည့်နေပါတယ်။
ဘိုင်ယန်အသင်း ဟာယနေ့ညမှာ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘင်ဖီကာအသင်းနှင့်အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ဘိုင်ယန်အသင်းနည်းပြနီကိုကိုဗက်စ်က အဆိုပါပွဲစဉ်အတွက်မျှော်လင့်ချက်အပြည့်ထား ထားပါတယ်။
"ကျွန်တော်ဒီအရာအတွက်ရေရှည်ကြည့်နေတယ်။ကစားသမားတိုင်းနည်းပြတိုင်းက ဒီပြိုင်ပွဲမှာဝင်ပြိုင်ချင်ကြတယ်"လို့ဆိုပါတယ်။ဘိုင်ယန်အသင်းဟာ အုပ်စုEမှာAjax နှင့်AEKတို့နှင့်တစ်အုပ်စုတည်းကျရောက်နေပါတယ်။
"ဘိုင်ယန်အသင်းအတွက်မျှော်လင့်ချက်အမြဲတမ်းကြီးမားတယ်။ဒါပေမယ့် အဲဒီ့မျှော်လင့်ချက်တွေက ကျွန်တော်နဲ့ကစားသမားတွေရဲ့မျှော်လင့်ချက်တွေပါ။ဒါကိုကျွန်တော်ဘိုင်ယန်အသင်းနှင့်စာချုပ်လက်မှတ်ထိုးတည်းက သတိထားမိပါတယ်။အသင်းရဲ့တာဝန်ခွဲဝေမှုကစွဲဆောင်မှုအပြည့်ရှိပြီးတော့လွယ်ကူခြင်းမရှိပါဘူး"
ရီးရဲလ်မက်ဒရစ်အသင်း ဟာအသင်းရဲ့အဓိကကစားသမားရိုနယ်လ်ဒိုကိုရောင်းထုတ်ပြီးသူမပါဘဲ ချန်ပီယံလိဂ်မှာ၄နှစ်ဆက်တိုက်ရယူဖို့အတွက်ကြိုးပမ်းနေပါတယ်။ရိုနယ်လ်ဒိုဟာ လက်ရှိဂျူဗင်တပ်စ်အသင်းအတွက်ဂုဏ်ဆောင်ဖို့ပြင်ဆင်နေပါတယ်။
"ရီးရဲလ်အသင်းချန်ပီယံလိဂ်ဆုကို၃နှစ်ဆက်တိုက်ပြိုင်ဖက်မရှိဆွတ်ခူးထားပါတယ်။အနာဂတ်ကဒီလိုပုံစံမျိုးထပ်ဖြစ်လာဖို့ရှိတယ်ဆိုတာကျွန်တော်မထင်ပါဘူး။"
"ရီးရဲလ်အသင်းက ရိုနယ်လ်ဒိုမရှိတော့အများကြီးပြောင်းလဲသွားတယ်။ဒါပေမယ့်သူတို့လက်ရှိအချိန်ထိတောင့်တင်းနေတုန်းပါပဲ။အဲဒါကြောင့်ပဲချန်ပီယံလိဂ်ကို ၃ကြိမ်ဆက်တိုက်ယူထားနိုင်တာပါ။ကျွန်တော်သတိထားမိတာက သူတို့ပြည်တွင်းလိဂ်ဖလားကို ၃နှစ်အတွင်း၁ကြိမ်သာရထားပါတယ်။"
"ဒီလိုအခြေအနေနဲ့ သုံးကြိမ်ဆက်တိုက်ရဖို့ဆိုတာအရမ်းခက်ခဲ့ပါတယ်။ဒါပေမယ့်ကျွန်တော်ယုံကြည်တယ် ရီးရဲလ်ကလက်ရှိအချိန်မှာအကောင်းဆုံးဆိုတာပါပဲ"
No comments
Powered by Blogger.