ဇယားထိပ်မှာဦးဆောင်နေတဲ့ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးရသတင်းများစုစည်းမှု
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ချဲလ်ဆီးနည်းပြဆာရီက အီဒင်ဟာဇက်ဟာ ဥရောပရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်သော်လည်း သူဟာ အဲ့အဆင့်ကို မရောက်သေးကြောင်း ဆိုလိုက်ပါတယ်။
ကာဒေ့ဖ်နဲ့ ပွဲမှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဟာဇက်ဟာ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဒရော့ဘာ၊လမ်းပတ်၊ဟယ်ဆာဘယ်လန့်တို့ပြီးနောက် ဟတ်ထရစ်တစ်ကြိမ်ထက်ပိုမိုသွင်းယူနိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။
တိုက်စစ်မှူးဂီရော့ဟာ ယခုနှစ်ပရီးမီးယားလိပ်မှာ မိနစ်၇၀ သာပါဝင်ကစားထားသော်လည်း ၃ဂိုးအထိ ဖန်တီးပေးမှုပြုလုပ်ထားပါတယ်။
ချဲလ်ဆီးအသင်းဟာ ၅ပွဲဆက်အနိုင်ရရှိခဲ့တဲ့ အပြင် ဂိုးကွာခြားချက်အသာဖြင့် ဇယားထိပ်မှာဦးဆောင်နိုင်ခဲ့တာကြောင့် ချဲလ်ဆီးပရ်တ်သတ်တွေအတွက် ချိုမြိန်တဲ့ ရက်သတ္တပတ်ဖြစ်လာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ နောက်ခံလူဒေးဗစ်လုဇ်ဝစ် ကို စာချုပ်သစ် ချုပ်ဆိုဖို့ပြောဆိုဆွေးနွေးနေပြီဖြစ်ကြောင်းသိရပါတယ်။
Post a Comment