Header Ads


ဝုလ်ဗ်အသင်းနဲ့ ပွဲမတိုင်ခင်ယူနိုက်တက်အသင်းရဲ့ နောက်ဆုံးရသတင်းတိုများစုစည်းမှု




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။













(Unicode)

ဘာစီလိုနာ အသင်းက ယူနိုက်တက် အသင်းကွင်းလယ်ကစားသမားပေါ့ဘာကို မျက်ခြေမပြတ်ဖြစ်အောင်
ဒီရာသီမှာသူကစားမည့်ပွဲတိုင်းကိုစောင့်ကြည့်ဖို့ပြုလုပ်နေပြီဖစ်ကြောင်းသိရပါတယ်။


ယူနိုက်တက်အသင်းနည်းပြမော်ရင်ဟိုက ပေါ့ဘာရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအတွေအကြုံနှင့်ယူနိုက်တက်အသင်းကိုအရှိန်ကောာင်းအောင်ပြုလုပ်ပေးနိုင်မည်လို့မျှော်လင့်နေပါတယ်။



ယူနိုက်တက် အသင်းရဲ့အားထားရတဲ့ ဟာရဲရားနှင့် မားကို့စ်ရိုဂျိုတို့ဟာ ကြံ့ခိုင်မှုအပြည့်အဝမရသေးသော်လည်းစနေနေ့ညမှာယှဉ်ပြိုင်ကစားမည့်ဝုဗ်အသင်းနှင့်ပွဲစဉ်မှာပါဝင်မည်လို့သတင်းရရှိပါတယ်။




 ဝုဗ်အသင်းနှင့်ပွဲစဉ်မှာမာရှယ်နေရာ ဆန်းချက်ဇ် ပါဝင်ကစားမည်  လို့နည်းပြမော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲမှာအတည်ပြုဆိုခဲ့ပါတယ်။



ဝုဗ်အသင်းနှင့်ပွဲစဉ်ကို ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်နှင့် အနီကဒ်ပြစ်ဒဏ်ကြောင့် ကွင်းလယ်ခံစစ်ကစားသမား နိမန်ဂျာ မာတစ်တို့လွှဲချော်မယ်လို့သိရပါတယ်။




ယူနိုက်တက် အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ဝုဗ်အသင်းကို ဧည်ခံကစားခဲ့သည့်နောက်ဆုံး၆ပွဲလုံးအနိုင်ရရှိထားပါတယ်။အဆိုပါ၆ပွဲမှ လေးပွဲသည်ပရီးမီးယားလိဂ်မှာတွေ့ဆုံခြင်းဖြစ်ပါတယ်။

No comments

Powered by Blogger.