လက္ရွိခ်န္ပီယံမန္စီးတီးရဲ႕ ဖူလ္ဟမ္အသင္းနဲ႔ပြဲအၿပီးေနာက္ဆံုးရသတင္းတိုမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဖူလ္ဟမ္အသင္းနဲ႔ ပြဲမွာ ၁ဂိုးသြင္ယူေပးခဲ့ၿပီး မန္စီးတီးအတြက္ပြဲေပါင္း၃၅၀ ျပည့္ေျမာက္ခဲ့ၿပီး ပရီးမီးယားလိပ္သြင္းဂိုး ၅၀ျပည့္ေျမာက္ ျဖစ္ခဲ့တာေၾကာင့္ ဂုဏ္ယူစရာေကာင္းပါတယ္လို ့နည္းျပပက္ဂြာဒီယိုလာက ဆိုသြားပါတယ္။
နည္းျပပက္ဂြာဒီယိုလာက တိုက္စစ္မွဴး အဂူ႐ိုရဲ႕ ကစားဟန္ကို သူအလြန္အမင္းႏွစ္သက္ေသာ္လည္း အဂူ႐ိုမွာ ဒူးဒဏ္ရာျပႆနာရွိေနတာေၾကာင့္ လူစားလဲခဲ့ရတာျဖစ္ၿပီး သူ ့အတြက္ အျပစ္ရွိသလို ခံစားရေၾကာင္း ဝန္ခံေျပာၾကားလိုက္ပါတယ္။
နည္းျပဂြာဒီယိုလာဟာ ဆာေနးရဲ႕ ေျခစြမ္းအတက္အက်မမွန္တဲ့အေပၚ တည္ၿငိမ္တဲ့ ေျခစြမ္းကိုအလိုရွိေၾကာင္းေမွ်ာ္လင့္ေနပါတယ္။
အသင္းရဲ႕ အသက္ႀကီးဆံုးပရိတ္သတ္ေတြျဖစ္ၾကတဲ့ ၁၀၂ ႏွစ္အရြယ္ ဗီရာကိုဟန္ နဲ႔ ၉၇ ခုႏွစ္အရြယ္ အိုဂါဟယ္လြန္တို ့ကို အသင္းရဲ႕ လဘ္ေကာင္႐ုပ္မ်ားနဲ႔ အတူ ဖူလ္ဟမ္ပြဲနဲ႔ မတိုင္ခင္ အမွတ္တရ
ဓာတ္ပံုတြဲ႐ိုက္ခဲ့ေၾကာင္းသိရပါတယ္။
(Unicode)
ဖူလ်ဟမ်အသင်းနဲ့ ပွဲမှာ ၁ဂိုးသွင်ယူပေးခဲ့ပြီး မန်စီးတီးအတွက်ပွဲပေါင်း၃၅၀ ပြည့်မြောက်ခဲ့ပြီး ပရီးမီးယားလိပ်သွင်းဂိုး ၅၀ ဖြစ်ခဲ့တာကြောင့် ဂုဏ်ယူစရာကောင်းပါတယ်လို့နည်းပြပက်ဂွာဒီယိုလာက ဆိုသွားပါတယ်။
နည်းပြပက်ဂွာဒီယိုလာက တိုက်စစ်မှူး အဂူရိုရဲ့ ကစားဟန်ကို သူအလွန်အမင်းနှစ်သက်သော်လည်း အဂူရိုမှာ ဒူးဒဏ်ရာပြဿနာရှိနေတာကြောင့် လူစားလဲခဲ့ရတာဖြစ်ပြီး သူ့အတွက် အပြစ်ရှိသလို ခံစားရကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
နည်းပြဂွာဒီယိုလာဟာ ဆာနေးရဲ့ ခြေစွမ်းအတက်အကျမမှန်တဲ့အပေါ် တည်ငြိမ်တဲ့ ခြေစွမ်းကိုအလိုရှိကြောင်းမျှော်လင့်နေပါတယ်။
အသင်းရဲ့ အသက်ကြီးဆုံးပရိတ်သတ်တွေဖြစ်ကြတဲ့ ၁၀၂ နှစ်အရွယ် ဗီရာကိုဟန် နဲ့ ၉၇ ခုနှစ်အရွယ် အိုဂါဟယ်လွန်တို့ကို အသင်းရဲ့ လဘ်ကောင်ရုပ်များနဲ့ အတူ ဖူလ်ဟမ်ပွဲနဲ့ မတိုင်ခင် အမှတ်တရ
ဓာတ်ပုံတွဲရိုက်ခဲ့ကြောင်းသိရပါတယ်။
Post a Comment