စတားလင္းတစ္ေယာက္စာခ်ဳပ္သစ္မွာမန္စီးတီးတာ၀န္ရိွသူေတြအက်ပ္ေတြ ့ေအာင္ဘာေတြေတာင္းဆိုုခဲ့တာလဲ??
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္စီးတီး အသင္းရဲ႕ေတာင္ပံကစားသမား ရဟင္းမ္စတားလင္းဟာ သူရဲ႕ေမ်ွာ္မွန္းလုပ္ခ တစ္ပတ္လ်ွင္ ေပါင္၁သိန္းထပ္မံ တိုး၍ အသင္းႏွင့္အတူစာခ်ဳပ္အသစ္ခ်ဳပ္ဆိုႏိုင္မည္လို႔ေမ်ွာ္လင့္ေနပါတယ္။
The Timeရဲ႕ေဖာ္ျပခ်က္အရ အဂၤလန္အသင္းရဲ႕တိုက္စစ္မႉး
ကပရီးမီးယားလိဂ္ခ်န္ပီယံအသင္းမွာအထိုင္က်ေနပါတယ္။ဒါေပမယ့္သူရဲ႕တစ္ပတ္စာလစာကိုယခုထပ္ပိုမိုမ်ားလာေစခ်င္ၿပီး အသင္းႏွင့္စာခ်ဳပ္သက္တမ္းအသစ္ခ်ဳပ္ဆိုဖို႔ေမ်ွာ္လင့္ေနပါတယ္။
စတားလင္းစာခ်ဳပ္ဟာ လက္႐ွိအသင္းႏွင့္၂၀၂၀အထိသက္တမ္းက်န္႐ွိပါေသးတယ္။ဒါအျပင္အသက္ ၂၃ႏွစ္အရြယ္သူကိုအသင္းက မက္ေလာက္စရာလစာႏွင့္အတူစာခ်ဳပ္အသစ္လိုလိုလားလားထိန္းသိမ္းထားမယ့္စတားလင္းကေမ်ွာ္လင့္ေနပါတယ္။
စတားလင္းဟာလက္႐ွိအသင္းမွာတစ္ပတ္အေျခခံလုပ္ခေပါင္ ၁၇၅၀၀၀ရ႐ွိေနပါတယ္။
ယခုအခါစတားလင္းႏွင့္သူရဲ႕အသင္းတို႔ၾကားမွာစကားစတင္ေျပာဆိုေနၿပီး စတားလင္းကို အသင္းၾကယ္ပြင့္ကစားသမားဒီဘရိုုင္း ရဲ႔လစာကိုေျခရာတိုင္းမွာမဟုတ္ေလာက္ဘူးလို႔အားလံုးကေမ်ွာ္လင့္ေနေသာ္လည္း စတာလင္းအေနနဲ ့ဒီဘရိုုင္းရဲ ့တစ္ပတ္လုုပ္ခနီးနီး ရခ်င္ေနတာေၾကာင့္ မန္စီးတီးတာ၀န္ရိွသူေတြအက်ပ္ေတြ ့ေနတာပဲျဖစ္ပါတယ္။
မန္စီးတီးအသင္း ကလက္႐ွိအခ်ိန္UEFAရဲ႕ဘဏၰာေရးစည္းမ်ဥ္းအရအနည္းငယ္ညႇ္ိစြန္းဖြယ္ရာအေျခအေနကိုေရာက္႐ွိလာေနပါတယ္။အေၾကာင္းအရင္းကေတာ့နာမည္ႀကီးကစားသမားျဖစ္တဲ့ဒီဘရိုုင္းကိုျမင့္မားလွတဲ့လစာႏႈန္းထားမ်ားႏွင့္မက္လံုးေပးကာစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။ဒီဘရိုုင္းရဲ႕အေျခခံလစာမွာ တစ္ပတ္လ်ွင္ေပါင္၂သိန္းခြဲရ႐ွိၿပီး သူရဲ႕ပံုရိပ္အသံုးျပဳခ ေဘာနပ္စ္ႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခေတြစုစုေပါင္းလိုက္လ်ွင္ တစ္ပတ္လုပ္ခမွာ ေပါင္၃၄၂၀၀၀အထိရ႐ွိေနပါတယ္။
စတားလင္းကလည္း အသင္းမွာအလ်င္အျမန္တိုးတက္လာၿပီး နာမည္ေက်ာ္ၾကားကစားသမားျဖစ္လာခဲ့ပါတယ္။စတားလင္းက အသင္းႏွင့္စာခ်ဳပ္ညႇိႏႈိင္းႏိုင္ဖို႔အတြက္အဆင့္သင့္႐ွိေနတယ္လို႔ဆိုပါတယ္။
(Unicode)
မန်စီးတီး အသင်းရဲ့တောင်ပံကစားသမား ရဟင်းမ်စတားလင်းဟာ သူရဲ့မျှော်မှန်းလုပ်ခ တစ်ပတ်လျှင် ပေါင်၁သိန်းထပ်မံ တိုး၍ အသင်းနှင့်အတူစာချုပ်အသစ်ချုပ်ဆိုနိုင်မည်လို့မျှော်လင့်နေပါတယ်။
The Timeရဲ့ဖော်ပြချက်အရ အင်္ဂလန်အသင်းရဲ့တိုက်စစ်မှူး
ကပရီးမီးယားလိဂ်ချန်ပီယံအသင်းမှာအထိုင်ကျနေပါတယ်။ဒါပေမယ့်သူရဲ့တစ်ပတ်စာလစာကိုယခုထပ်ပိုမိုများလာစေချင်ပြီး အသင်းနှင့်စာချုပ်သက်တမ်းအသစ်ချုပ်ဆိုဖို့မျှော်လင့်နေပါတယ်။
စတားလင်းစာချုပ်ဟာ လက်ရှိအသင်းနှင့်၂၀၂၀အထိသက်တမ်းကျန်ရှိပါသေးတယ်။ဒါအပြင်အသက် ၂၃နှစ်အရွယ်သူကိုအသင်းက မက်လောက်စရာလစာနှင့်အတူစာချုပ်အသစ်လိုလိုလားလားထိန်းသိမ်းထားမယ့်စတားလင်းကမျှော်လင့်နေပါတယ်။
စတားလင်းဟာလက်ရှိအသင်းမှာတစ်ပတ်အခြေခံလုပ်ခပေါင် ၁၇၅၀၀၀ရရှိနေပါတယ်။
ယခုအခါစတားလင်းနှင့်သူရဲ့အသင်းတို့ကြားမှာစကားစတင်ပြောဆိုနေပြီး စတားလင်းကို အသင်းကြယ်ပွင့်ကစားသမားဒီဘရိုင်း ရဲ့လစာကိုခြေရာတိုင်းမှာမဟုတ်လောက်ဘူးလို့အားလုံးကမျှော်လင့်နေသော်လည်း စတာလင်းအနေနဲ့ဒီဘရိုင်းရဲ့တစ်ပတ်လုပ်ခနီးနီး ရချင်နေတာကြောင့် မန်စီးတီးတာဝန်ရှိသူတွေအကျပ်တွေ့နေတာပဲဖြစ်ပါတယ်။
မန်စီးတီးအသင်း ကလက်ရှိအချိန်UEFAရဲ့ဘဏ္ဏာရေးစည်းမျဉ်းအရအနည်းငယ်ညှိစွန်းဖွယ်ရာအခြေအနေကိုရောက်ရှိလာနေပါတယ်။အကြောင်းအရင်းကတော့နာမည်ကြီးကစားသမားဖြစ်တဲ့ဒီဘရိုင်းကိုမြင့်မားလှတဲ့လစာနှုန်းထားများနှင့်မက်လုံးပေးကာစာချုပ်ချုပ်ဆိုထားပါတယ်။ဒီဘရိုင်းရဲ့အခြေခံလစာမှာ တစ်ပတ်လျှင်ပေါင်၂သိန်းခွဲရရှိပြီး သူရဲ့ပုံရိပ်အသုံးပြုခ ဘောနပ်စ်နှင့် စာချုပ်ချုပ်ဆိုခတွေစုစုပေါင်းလိုက်လျှင် တစ်ပတ်လုပ်ခမှာ ပေါင်၃၄၂၀၀၀အထိရရှိနေပါတယ်။
စတားလင်းကလည်း အသင်းမှာအလျင်အမြန်တိုးတက်လာပြီး နာမည်ကျော်ကြားကစားသမားဖြစ်လာခဲ့ပါတယ်။စတားလင်းက အသင်းနှင့်စာချုပ်ညှိနှိုင်းနိုင်ဖို့အတွက်အဆင့်သင့်ရှိနေတယ်လို့ဆိုပါတယ်။
Post a Comment