Header Ads
ရပ်ဖို့ ဒ်ကို အသင်းမှာနေရာပေးမှာမဟုတ်သေးတဲ့ မော်ရင်ဟို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ
(Unicode)
မော်ရင်ဟိုသည် ရပ်ဖို့ဒ် ကိုကြိုက်နှစ်သက်သော်လည်း ပွဲထွက်ခွင့်ပေးရမယ်လို့တာဝန်ရှိမနေပါဘူးလို့ အင်္ဂလန်နည်းပြဆောက်ဂိတ်ကပြောခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရပ်ဖို့်ဒ်ရဲ့ပရိတ်သတ်တစ်ယောက်လို့ဆောက်ဂိတ်က အခိုင်အမာပြောဆိုခဲ့တာပါ။
ဒါပေမယ့်ရပ်ဖို့ဒ်အနေနဲ့ပွဲထွက်ခွင့်ရဖို့ရုန်းနေရတာဟာ တိုးတက်မှုလျော့နည်းနေတယ်လို့မော်ရင်ဟိုကယူဆနေလို့ပါပဲ။အင်္ဂလန်နောက်ခံလူဟောင်းကာရေဂါကတော့ ရပ်ဖို့ဒ်အနေနဲ့အလားအလာကောင်းတွေပိုင်ဆိုင်ဖို့အတွက် သရဲနီအသင်းကနေ ထွက်ခွာသင့်တယ်လို့ရေးသားခဲ့ပါတယ်။အသက်20သာရှိသေးတဲ့ရပ်ဖို့ဒ် ကတော့ အင်္ဂါနေ့ကဆွစ်ဇာလန်နဲ့ပွဲမှာအင်္ဂလန်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပြီး ကလပ်အသင်း မန်နေဂျာ ရဲ့ သံသယတွေကို ချေ ဖျက်နိုင်ခဲ့ပါတယ်။ဆောက်ဂိတ်က''ဂျိုးမော်ရင်ဟိုဟာ ရပ်ဖို့ဒ်ကို လွန်စွာသဘောကျပေမယ့် သူ့အလုပ် သူလုပ်ရမှာပါပဲ။ ယူနိုက်တက်မှာက နေရောလုတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် နည်းပြတစ်ယောက် အနေနဲ့အခက်အခဲတွေရှိနိုင်ပါတယ်။ သူတို့အနိုင်ရဖို့ကြိုးစားနေတာဖြစ်ပြီး ပွဲထွက်စာရင်းကိုလည်းအလှည့်ကျအသုံးပြုရမှာပါ။ကျနော့်အလုပ်က ကလပ်မန်နေဂျာကို ဝင်ရောက်စွက်ဖက် ပြောဆိုဖို့မဟုတ်ပါဘူး။သူတို့မှာ တောင့်တင်းတဲ့လူစာရင်းရှိတာကြောင့် နေရာလုတိုက်ပွဲတွေကတော့မြင်တွေ့ရမှာပဲ။''လို့ပြောခဲ့ပါတယ်။
စပိန်နဲ့national leagueပွဲစဉ်မှာ အင်္ဂလန်ဟာ 2-1နဲ့ရံှုးနိမ့်ခဲ့ပေမယ့် ရပ်ဖို့ဒ်ရဲ့စိတ်ဓာတ်ကိုတော့မြင့်တင်ပေးနိုင်ခဲ့တယ်လို့နည်းပြဆောက်ဂိတ်က ယုံကြည်နေတာပါ။''ဒီအချိန်မှာရပ်ဖို့ဒ်ရဲ့စိတ်ခံစားချက်ကကောင်းမွန်နေဖို့လိုအပ်ပါတယ်။ဒါမှသာ သူ့အနေနဲ့ပင်နယ်တီဧရီယာအတွင်း ပုံစံကောင်းပြသနိုင်မှာဖြစ်ပြီး ၁၈ကိုစည်းအတွင်းရှိနေမှသာ သူ့အတွက်ဂိုးတွေရဖို့လွယ်ကူမှာပါ။အခုချိန်မှာတော့ထိပ်တန်းနှစ်သင်းကို ၂ကိုသွင်းယူနိင်ခဲ့တာကြောင့် သူ့စိတ်ဓာတ်တွေအမြင့်ဆုံးရောက်နေမှာအသေအချာပါပဲ”လို့ဆောက်ဂိတ်ကသူ့အမြင်ကို ပြောသွားခဲ့ပါတယ်။
ယူနိုက်တက်အသင်းသည် စနေနေ့တွင်ဝက်ဖို့ဒ်အသင်းနှင့်ရင်ဆိုင်ကစားရမှာဖြစ်သောကြောင့် ရပ်ဖို့ဒ်တစ်ယောက်ပွဲထွက်ခွင့်နေရာအတွက် လူကာကူနဲ့အပြိုင်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ဒါပြီးရင်တော့နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့မှာယန်းဘွိုင်အသင်းနဲ့ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်ကစားရမှာဖြစ်ပြီးရပ်ဖို့ဒ်အနေနဲ့ရာသီအစ၄ပွဲမှာ၃ပွဲပါဝင်ကစားခွင့် ရခဲ့ပေမယ့် ယူနိုက်တက်အတွက် ဂိုးဖန်တီးမှုတစ်ကြိမ်တောင်မပြုလုပ်နိုင်သေးပဲဂိုးပေါက်ကန်သွင်းမှုလည်းတစ်ကြိမ်မှမရှိသေးပါဘူး။
No comments
Powered by Blogger.