Header Ads


VAR စနစ္ပတ္သတ္ၿပီး လီဗာပူးနည္းျပဂ်ာဂန္ကေလာ့တစ္ေယာက္ဘာလို ့စိတ္ပ်က္ေနတာလဲ?


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

အီဒင္ဟာဇက္ရဲ႕ေနာက္က်ဂိုးႏွင့္လီဗာပူးလ္အသင္း အသည္းကြဲၿပီးတဲ့ေနာက္မွာ လီဗာပူးလ္အသင္းနည္းျပ ကေလာက VARစနစ္အသံုးျပဳခဲ့မႈကိုေဝဖန္ေျပာၾကားခဲ့ပါတယ္။

ကေလာ့က လီဗာပူးလ္အသင္းအဓိက႐ႈံးနိမ့္ရျခင္းရဲ႕အဓိကအေၾကာင္းအရင္းက VARစနစ္ကိုအသံုးျပဳၿပီးဆံုးျဖတ္ခဲ့ျခင္းေၾကာင့္လို႔ကေလာ့ကေဝဖန္ေျပာၾကားလိုက္ပါတယ္။အဆိုပါပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းကိုလီဗာပူးလ္အသင္းက၂ဂိုး၁ဂိုးႏွင့္႐ႈံးနိမ့္သြားခဲ့ပါတယ္။

လီဗာပူးလ္အသင္း ယခုႏွစ္ရာသီမွာ ၈ပြဲဆက္တိုက္အႏိုင္ရ႐ွိဖို႔အတြက္စတားရစ္ခ်္ရဲ႕အံမခန္းအဆံုးသတ္မႈႏွင့္ေမ်ွာ္လင့္ေနခဲ့ေသာ္လည္း ခ်ဲလ္ဆီးအသင္းကစားသမားဟာဇက္ရဲ႕လံုးဝမထင္ထားေလာက္ေအာင္ေကာင္းမြန္ေသသပ္လွတဲ့ေျခစြမ္းျပမႈႏွင့္အတူ ၁၁မိနစ္အတြင္း ၂ဂိုးသြင္းယူကာအန္ဖီးလ္ကြင္းမွာ လီဗာပူးလ္အသင္းကို အ႐ႈံးရလဒ္ရင္ဝယ္ပိုက္ေစခဲ့ပါတယ္။



ခ်ဲလ္ဆီးအသင္းဟာအျငင္းပြယ္ဖြယ္အေနအထားကေန ေခ်ပဂိုးကိုသြင္းယူႏိုင္ခဲ့ျပီး အဆိုပါဂိုးေနာက္မွာ ဟာဇက္က တစ္ကိုယ္ေတာ္ေဖာက္ထြက္မႈကေနခ်ဲလ္ဆီးအသင္းအတြက္အႏိုင္ဂိုးသြင္းယူေပးခဲ့ကာ၁၆အသင္းအဆင့္ကိုပို႔ေဆာင္ေပးလိုပါတယ္။လီဗာပူးလ္နည္းျပကေလာ့ က VARစနစ္ၾကည့္႐ႈျခင္းအေပၚ ေစာဒက ခဲ့ပါတယ္။

"အဲဒီမွာ VARေၾကာင့္ေဆြးေႏြးမႈေတြအမ်ားႀကီးျဖစ္ခဲ့ရပါတယ္။ဒါကျပည့္ဝမွန္ကန္ျခင္းမ႐ွိဘူး။လူကြၽံေဘာျဖစ္ေနတယ္ေလ။အဲဒီFree kickေၾကာင့္ပထမဂိုးေပးလိုက္တာပါ"လို႔ Sky Sports ကိုေျပာၾကားခဲ့ပါတယ္။



"ကစားသမားေတြကေဘာလံုး႐ွင္းတာေလ။ ၿပီးေတာ့အဝါကဒ္ထိတယ္၊ ရေသးတယ္။ၿပီးေတာ့စည္းၾကပ္ဒိုင္ကအေနအထားမွန္တယ္။ဒါေပမယ့္အလြတ္တည္ကန္ေဘာေတာ့မေပးသင့္ပါဘူး။"

"ကြၽန္ေတာ္ဒိုင္ေလာက္ေတာ့ေကာင္းေကာင္းမျမင္ရဘူးေလ။ဒါေပမယ့္ပထမဂိုးကလည္းလူကြၽန္ေဘာလို့ကြၽန္ေတာ္ထင္တယ္။အကယ္၍ VARစနစ္ဆိုကာင္းေကာင္းျမင္ရမယ္ေလ။ဒိုင္ကေတာ့ဘယ္ျမင္ရမလဲေပါ့။”

"ကစားသမား၃ေယာက္ေလာက္ကလူကြၽံေနတယ္။ႏွစ္ေယာက္ေလာက္ကလူကြၽံေနတာေသခ်ာတယ္။ၿပီးေတာ့သူတို႔ကပိတ္ထားတယ္။သူတို႔အတြက္အခြင့္အေရးလည္းရသြားတာလည္းပါတယ္"



"ဘာကေလက အရမ္းမထြက္ေနေပမယ့္ သူလူကြၽန္ေနတယ္။သူတို႔အဲဒါကိုလည္း ၾကည့္ခဲ့တယ္။ၿပီးေတာ့လူကြၽံေနတယ္လို႔မထင္ခဲ့ျကဘူး။ဒါေၾကာင့္ VARစနစ္ကိုကြၽန္ေတာ္တို႔သံုးလိုက္သင့္ပါတယ္။"

ကေလာ့က သူတို႔အသင္းကို အဆိုပါအျငင္းပြားဖြယ္အေျခအေနက သတ္ခဲ့တယ္လို႔ဆိုပါတယ္။ဂိုးရလဒ္တူေနတုန္း စတားရစ္ခ်္ရဲ႕ ကန္ခ်က္ကလည္းဂိုးဘားတန္းကိုထိၿပီး ဂိုးလြဲေခ်ာ္သြားခဲ့ပါတယ္။

"ကြၽန္ေတာ္တို႔ရခဲ့တဲ့အခြင့္အေရးကိုအသံုးခ်သင့္ခဲ့ပါတယ္"လို႔ကေလာ့ကဆိုပါတယ္။လီဗာပူးလ္အသင္းဟာလာမည့္စေနေန႔မွာ ပရီးမီးယားလိဂ္ ပြဲစဥ္အေနႏွင့္စတန္းဖို႔ဘရစ္ခ်္မွာ ခ်ဲလ္ဆိီးအသင္းႏွင့္ထပ္မံေတြ႔ဆံုကစားၾကရမည္ျဖစ္ပါတယ္။



"ကြၽန္ေတာ္တို႔ ကန္ခ်က္က ဘားတန္းထိသြားတာ နည္းနည္းစိတ္ဝင္စားကိစၥပါပဲ။ဒါေပမယ့္ သူတို႔ ဂိုးထပ္သြင္းၿပီး ကြၽန္ေတာ္တ္ို႔ကေတာ့ တစ္ဂိုးနဲ႔ပဲေက်နပ္လိုက္ရတယ္"

"ခ်ဲလ္ဆီးအသင္းဘယ္လိုကစားခ်င္လဲဆိုတာ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း သိထားတယ္။ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေနရာလြတ္ေတြအမ်ားႀကီးေပးမိသြားတယ္။ၿပီးေတာ့ျပန္မျဖည့္ႏိုင္ခဲ့ဘူး။ကြၽန္ေတာ္တို႔ပထမပိုင္းမွာ အခြင့္အေရးႀကီးႀကီးမားမားေတြရခဲ့ေသးတယ္"


"ဒါက လာမည့္စေနေန႔မွာကစားမည့္ပြဲအတြက္အမ်ားႀကီး ျပင္ဆင္ ဖို႔လိုတယ္ဆိုသိလာတယ္။ကြၽန္ေတာ္တို႔ခံစစ္ကိုေကာင္းေကာင္းလုပ္ရမည္"လို႔ကေလာ့ကဆိုပါတယ္။



(Unicode)

VAR စနစ်ပတ်သတ်ပြီး လီဗာပူးနည်းပြဂျာဂန်ကလော့တစ်ယောက်ဘာလို့စိတ်ပျက်နေတာလဲ?

အီဒင်ဟာဇက်ရဲ့နောက်ကျဂိုးနှင့်လီဗာပူးလ်အသင်း အသည်းကွဲပြီးတဲ့နောက်မှာ လီဗာပူးလ်အသင်းနည်းပြ ကလောက VARစနစ်အသုံးပြုခဲ့မှုကိုဝေဖန်ပြောကြားခဲ့ပါတယ်။

ကလော့က လီဗာပူးလ်အသင်းအဓိကရှုံးနိမ့်ရခြင်းရဲ့အဓိကအကြောင်းအရင်းက VARစနစ်ကိုအသုံးပြုပြီးဆုံးဖြတ်ခဲ့ခြင်းကြောင့်လို့ကလော့ကဝေဖန်ပြောကြားလိုက်ပါတယ်။အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးအသင်းကိုလီဗာပူးလ်အသင်းက၂ဂိုး၁ဂိုးနှင့်ရှုံးနိမ့်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်း ယခုနှစ်ရာသီမှာ ၈ပွဲဆက်တိုက်အနိုင်ရရှိဖို့အတွက်စတားရစ်ချ်ရဲ့အံမခန်းအဆုံးသတ်မှုနှင့်မျှော်လင့်နေခဲ့သော်လည်း ချဲလ်ဆီးအသင်းကစားသမားဟာဇက်ရဲ့လုံးဝမထင်ထားလောက်အောင်ကောင်းမွန်သေသပ်လှတဲ့ခြေစွမ်းပြမှုနှင့်အတူ ၁၁မိနစ်အတွင်း ၂ဂိုးသွင်းယူကာအန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို အရှုံးရလဒ်ရင်ဝယ်ပိုက်စေခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာအငြင်းပွယ်ဖွယ်အနေအထားကနေ ချေပဂိုးကိုသွင်းယူနိုင်ခဲ့ပြီး အဆိုပါဂိုးနောက်မှာ ဟာဇက်က တစ်ကိုယ်တော်ဖောက်ထွက်မှုကနေချဲလ်ဆီးအသင်းအတွက်အနိုင်ဂိုးသွင်းယူပေးခဲ့ကာ၁၆အသင်းအဆင့်ကိုပို့ဆောင်ပေးလိုပါတယ်။လီဗာပူးလ်နည်းပြကလော့ က VARစနစ်ကြည့်ရှုခြင်းအပေါ် စောဒက ခဲ့ပါတယ်။

"အဲဒီမှာ VARကြောင့်ဆွေးနွေးမှုတွေအများကြီးဖြစ်ခဲ့ရပါတယ်။ဒါကပြည့်ဝမှန်ကန်ခြင်းမရှိဘူး။လူကျွံဘောဖြစ်နေတယ်လေ။အဲဒီFree kickကြောင့်ပထမဂိုးပေးလိုက်တာပါ"လို့ Sky Sports ကိုပြောကြားခဲ့ပါတယ်။

"ကစားသမားတွေကဘောလုံးရှင်းတာလေ။ ပြီးတော့အဝါကဒ်ထိတယ်၊ ရသေးတယ်။ပြီးတော့စည်းကြပ်ဒိုင်ကအနေအထားမှန်တယ်။ဒါပေမယ့်အလွတ်တည်ကန်ဘောတော့မပေးသင့်ပါဘူး။"

"ကျွန်တော်ဒိုင်လောက်တော့ကောင်းကောင်းမမြင်ရဘူးလေ။ဒါပေမယ့်ပထမဂိုးကလည်းလူကျွန်ဘောလို့ကျွန်တော်ထင်တယ်။အကယ်၍ VARစနစ်ဆိုကာင်းကောင်းမြင်ရမယ်လေ။ဒိုင်ကတော့ဘယ်မြင်ရမလဲပေါ့။”

"ကစားသမား၃ယောက်လောက်ကလူကျွံနေတယ်။နှစ်ယောက်လောက်ကလူကျွံနေတာသေချာတယ်။ပြီးတော့သူတို့ကပိတ်ထားတယ်။သူတို့အတွက်အခွင့်အရေးလည်းရသွားတာလည်းပါတယ်"

"ဘာကလေက အရမ်းမထွက်နေပေမယ့် သူလူကျွန်နေတယ်။သူတို့အဲဒါကိုလည်း ကြည့်ခဲ့တယ်။ပြီးတော့လူကျွံနေတယ်လို့မထင်ခဲ့ကြဘူး။ဒါကြောင့် VARစနစ်ကိုကျွန်တော်တို့သုံးလိုက်သင့်ပါတယ်။"

ကလော့က သူတို့အသင်းကို အဆိုပါအငြင်းပွားဖွယ်အခြေအနေက သတ်ခဲ့တယ်လို့ဆိုပါတယ်။ဂိုးရလဒ်တူနေတုန်း စတားရစ်ချ်ရဲ့ ကန်ချက်ကလည်းဂိုးဘားတန်းကိုထိပြီး ဂိုးလွဲချော်သွားခဲ့ပါတယ်။

"ကျွန်တော်တို့ရခဲ့တဲ့အခွင့်အရေးကိုအသုံးချသင့်ခဲ့ပါတယ်"လို့ကလော့ကဆိုပါတယ်။လီဗာပူးလ်အသင်းဟာလာမည့်စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အနေနှင့်စတန်းဖို့ဘရစ်ချ်မှာ ချဲလ်ဆီးအသင်းနှင့်ထပ်မံတွေ့ဆုံကစားကြရမည်ဖြစ်ပါတယ်။

"ကျွန်တော်တို့ ကန်ချက်က ဘားတန်းထိသွားတာ နည်းနည်းစိတ်ဝင်စားကိစ္စပါပဲ။ဒါပေမယ့် သူတို့ ဂိုးထပ်သွင်းပြီး ကျွန်တော်တို့ကတော့ တစ်ဂိုးနဲ့ပဲကျေနပ်လိုက်ရတယ်"

"ချဲလ်ဆီးအသင်းဘယ်လိုကစားချင်လဲဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သိထားတယ်။ဒါပေမယ့် ကျွန်တော်တို့ နေရာလွတ်တွေအများကြီးပေးမိသွားတယ်။ပြီးတော့ပြန်မဖြည့်နိုင်ခဲ့ဘူး။ကျွန်တော်တို့ပထမပိုင်းမှာ အခွင့်အရေးကြီးကြီးမားမားတွေရခဲ့သေးတယ်"

"ဒါက လာမည့်စနေနေ့မှာကစားမည့်ပွဲအတွက်အများကြီး ပြင်ဆင် ဖို့လိုတယ်ဆိုသိလာတယ်။ကျွန်တော်တို့ခံစစ်ကိုကောင်းကောင်းလုပ်ရမည်"လို့ကလော့ကဆိုပါတယ်။

No comments

Powered by Blogger.