Header Ads


"ဟာဇက္က မက္ဆီ ႐ိုနယ္လ္ဒိုတို႔ႏွင့္တန္းညီလာပါၿပီ"--ဂၽြန္တယ္ရီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ခ်ဲလ္ဆိီးအသင္းေခါင္းေဆာင္ေဟာင္းဂြၽန္တယ္ရီက ခ်ဲလ္ဆီးကြင္းလယ္တိုက္စစ္ကစားသမား အီဒင္ဟာဇက္ရဲ႕တိုးတက္မႈႏႈန္းဟာ အလြန္ျမန္ဆန္လာၿပီး ႐ိုနယ္လ္ ႏွင့္မက္ဆီ တို႔ႏွင့္အတူ တန္းတူအဆင့္အတန္းအေနအထားတစ္ခုုေရာက္လာခဲ့တာၾကာၿပီလို႔ ဆိုပါတယ္။

အသက္၂၇ႏွစ္အရြယ္ဟာဇက္က အသင္းအတြက္ၾကယ္ပြင့္ကဲ့သိုထြန္းလင္းေတာက္ပလာခဲ့ၿပီး နည္းျပဆာရီရဲ႕လက္ေအာက္မွာရာသီ္အစေျခာက္ပြဲကစားၿပီးေနာက္မွာ ၅ဂိုးအထိသြင္းယူေပးထားပါတယ္။ 

ဟာဇက္ရဲ႕တိုးတက္လာတဲ့အရည္အခ်င္းေတြေၾကာင့္ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ဘဲလ္ဂ်ီယံအသင္းကိုလည္း တတိယဆုရ႐ွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။

မၾကာေသးခင္ရက္ပိုင္းကက်င္းပခဲ့တဲ့ FIFA Best ဆုေပးပြဲမွာ ကမာၻ ့အေကာင္းဆံုး ၁၁ေယာက္စာရင္းမွာ ေရြးခ်ယ္ျခင္းခံထားရပါတယ္။

ဟာဇက္ကသူကိုခ်ီးက်ဴးဂုဏ္ျပဳမႈေတြကို ဂုဏ္မေမာက္ဘဲသူကိုယ္တိုင္က ႐ိုနယ္လ္ဒို မက္ဆီတို႔ႏွင့္တန္းတူအေနအထားေရာက္ေနၿပီလို႔ဝန္ခံေျပာၾကားထားျခင္းမ႐ွိေသးပါဘူး။



ဂြၽန္တယ္ရီကဟာဇက္ရဲ႕အေနအထားက အဆိုပါကမာၻ ေက်ာ္ႏွစ္ေယာက္ႏွင့္တူညီတယ္လို႔ခံစားေနရပါတယ္။

"သူတို႔ႏွစ္ေယာက္ရဲ ့လက္႐ွိအခ်ိန္ဒီဇိုင္းကာလာအေနအထားကက်ဆင္းလာေနပါတယ္။ဟာဇက္ရဲ႕အေနအထားကေတာ့အဆံုးသတ္ကိုမေရာက္ေသးပါဘူး"လို႔ဟာဇက္ရဲ႕အေၾကာင္းကို ဂြၽန္တယ္ရီက ASႏွင့္ေတြ႔ဆံုစဥ္မွာေျပာၾကားခဲ့ပါတယ္။

"ဒါေပမယ့္သူကတကယ္ကို ပဲ ဘာအကူအညီမွမလိုဘဲ ႐ိုနယ္လ္ဒိုတို႔နဲ႔အေနအထားတူညီေနၿပီလို႔ျပည့္ျပည့္ဝဝယံုၾကည္ေနပါတယ္"

"ကြၽန္ေတာ္သူကိုတစ္ရက္ေတြ႔တယ္။ သူလြန္ခဲ့တဲ့ ၅ႏွစ္ ၆ႏွစ္ကလိုမဟုတ္ေတာ့ဘူး။အခုဆရာႀကီးျဖစ္ေနၿပီးထိပ္တန္းကစားသမားတစ္ေယာက္အေနအထားရ႐ွိေနတာေၾကာင့္ သူအဲ့ အေျခအေနကို အေကာင္းဆံုးထိန္းထားႏိုင္လိမ့္ပါမယ္"



ဆာရီဟာယခုႏွစ္ေႏြရာသီမွာ နည္းျပေဟာင္းကြန္တိီရဲ႕ေနရာမွာအစားထိုးခံခဲ့ရၿပီးသူကိုယ္တိုင္က ဟာဇက္က ဥေရာပရဲ႕အေကာင္းဆံုးကစားသမားတစ္ေယာက္လို႔ဖြင္ဟေျပာၾကားထားပါတယ္။

"ဟာဇက္ကဥေရာပရဲ႕အေကာင္းဆံုးကစားသမားတစ္ေယာက္လို႔ထင္ခဲ့ပါတယ္။ဒါေပမယ့္အခုကြၽန္ေတာ္အျမင္ေျပာင္းသြားပါၿပီ" လို႔ဆာရီကေျပာၾကားခဲ့ပါတယ္။ဟာဇက္က ကာေဒ့ဖ္အသင္းကို ၄ဂိုး၁ဂိုးႏွင့္အႏိုင္ရ႐ွိခဲ့တဲ့ပြဲစဥ္မွာဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။


"သူကအေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ ၿပီးေတာ့ သူဒီထပ္ပိုတိုးတက္လာပါလိမ့္မယ္။

(Unicode)



"ဟာဇက်က မက်ဆီ ရိုနယ်လ်ဒိုတို့နှင့်တန်းညီလာပါပြီ"

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းဂျွန်တယ်ရီက ချဲလ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား အီဒင်ဟာဇက်ရဲ့တိုးတက်မှုနှုန်းဟာ အလွန်မြန်ဆန်လာပြီး ရိုနယ်လ် နှင့်မက်ဆီ တို့နှင့်အတူ တန်းတူအဆင့်အတန်းအနေအထားတစ်ခုရောက်လာခဲ့တာကြာပြီလို့ ဆိုပါတယ်။

အသက်၂၇နှစ်အရွယ်ဟာဇက်က အသင်းအတွက်ကြယ်ပွင့်ကဲ့သိုထွန်းလင်းတောက်ပလာခဲ့ပြီး နည်းပြဆာရီရဲ့လက်အောက်မှာရာသီ်အစခြောက်ပွဲကစားပြီးနောက်မှာ ၅ဂိုးအထိသွင်းယူပေးထားပါတယ်။ 

ဟာဇက်ရဲ့တိုးတက်လာတဲ့အရည်အချင်းတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘဲလ်ဂျီယံအသင်းအတွက်ကစားပေးရင်း ငွေဘောလုံးဆုကို ရရှိခဲ့ကာ အသင်းကိုလည်း တတိယဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မကြာသေးခင်ရက်ပိုင်းကကျင်းပခဲ့တဲ့ FIFA Best ဆုပေးပွဲမှာ ကမ္ဘာ့အကောင်းဆုံး ၁၁ယောက်စာရင်းမှာ ရွေးချယ်ခြင်းခံထားရပါတယ်။

ဟာဇက်ကသူကိုချီးကျူးဂုဏ်ပြုမှုတွေကို ဂုဏ်မမောက်ဘဲသူကိုယ်တိုင်က ရိုနယ်လ်ဒို မက်ဆီတို့နှင့်တန်းတူအနေအထားရောက်နေပြီလို့ဝန်ခံပြောကြားထားခြင်းမရှိသေးပါဘူး။

ဂျွန်တယ်ရီကဟာဇက်ရဲ့အနေအထားက အဆိုပါကမ္ဘာ ကျော်နှစ်ယောက်နှင့်တူညီတယ်လို့ခံစားနေရပါတယ်။

"သူတို့နှစ်ယောက်ရဲ့လက်ရှိအချိန်ဒီဇိုင်းကာလာအနေအထားကကျဆင်းလာနေပါတယ်။ဟာဇက်ရဲ့အနေအထားကတော့အဆုံးသတ်ကိုမရောက်သေးပါဘူး"လို့ဟာဇက်ရဲ့အကြောင်းကို ဂျွန်တယ်ရီက ASနှင့်တွေ့ဆုံစဉ်မှာပြောကြားခဲ့ပါတယ်။

"ဒါပေမယ့်သူကတကယ်ကို ပဲ ဘာအကူအညီမှမလိုဘဲ ရိုနယ်လ်ဒိုတို့နဲ့အနေအထားတူညီနေပြီလို့ပြည့်ပြည့်ဝဝယုံကြည်နေပါတယ်"

"ကျွန်တော်သူကိုတစ်ရက်တွေ့တယ်။ သူလွန်ခဲ့တဲ့ ၅နှစ် ၆နှစ်ကလိုမဟုတ်တော့ဘူး။အခုဆရာကြီးဖြစ်နေပြီးထိပ်တန်းကစားသမားတစ်ယောက်အနေအထားရရှိနေတာကြောင့် သူအဲ့ အခြေအနေကို အကောင်းဆုံးထိန်းထားနိုင်လိမ့်ပါမယ်"

ဆာရီဟာယခုနှစ်နွေရာသီမှာ နည်းပြဟောင်းကွန်တီရဲ့နေရာမှာအစားထိုးခံခဲ့ရပြီးသူကိုယ်တိုင်က ဟာဇက်က ဥရောပရဲ့အကောင်းဆုံးကစားသမားတစ်ယောက်လို့ဖွင်ဟပြောကြားထားပါတယ်။

"ဟာဇက်ကဥရောပရဲ့အကောင်းဆုံးကစားသမားတစ်ယောက်လို့ထင်ခဲ့ပါတယ်။ဒါပေမယ့်အခုကျွန်တော်အမြင်ပြောင်းသွားပါပြီ" လို့ဆာရီကပြောကြားခဲ့ပါတယ်။ဟာဇက်က ကာဒေ့ဖ်အသင်းကို ၄ဂိုး၁ဂိုးနှင့်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

"သူကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ပြီးတော့ သူဒီထပ်ပိုတိုးတက်လာပါလိမ့်မယ်။”

No comments

Powered by Blogger.