Header Ads


ေကာ္တင္ဟိုတိုုက္တြန္းလိုု ့လီဗာပူးလ္ဆီေျပာင္းလာတာလို ့ဖြင့္ဟ၀န္ခံခဲ့တဲ့ အယ္လီဆန္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

လီဗာပူးလ္ အသင္းရဲ႕ဂိုးသမားအသစ္အလီဆန္က လီဗာပူးလ္အသင္းကုိေျပာင္းေရြ႔ဖို႔ ဆံုးျဖတ္ရျခင္းအဓိကအေၾကာင္းအရင္းကသူရဲ႕အသင္းေဖာ္ရဲ႕တိုက္တြန္းမႈေၾကာင့္လို႔ဆိုပါတယ္။

လီဗာပူးလ္အသင္းဂိုးသမားအလ္ီဆန္ကသူရဲ႕ဘရာဇီးလ္လက္ေရြးစင္အသင္းေဖာ္ေကာ္တင္ဟိုက အဆင့္အတန္းျမင့္မားတဲ့အသင္းမွာကစားခ်င္ရင္လီဗာပူးလ္အသင္းကိုေရြးခ်ယ္ပါလို႔တိုက္တြန္းခဲ့တာေၾကာင့္လီဗာပူးလ္အသင္းကိုေျပာင္းေရြ႔ရန္ဆံုးျဖတ္ခ်က္ခ်ခဲ့တယ္လို႔ဆိုပါတယ္

အသက္၂၅ႏွစ္အရြယ္အလီဆန္က ယခုႏွစ္ဂ်ဴလိုင္လမွာ အဂၤလန္ေျမကိုေရာက္႐ွိလာခဲ့ၿပီးသူရဲ႕ရာသီအစမွာထဲက အသင္းမွာအဆင္ေျပေနပါတယ္။

အလီဆန္ ကိုိလီဗာပူးလ္အသင္းႏွင့္အၿပိဳင္ရီးရဲလ္အသင္းကလည္းေခၚယူရန္ႀကိဳးစားခဲ့ပါတယ္။သူရဲ႕အသင္းေဖာ္ေကာ္တင္ဟိုကလည္း၅ႏွစ္ၾကာကစားခဲ႔တဲ႔ အသင္းျဖစ္တဲ႔ ဘာစီလိုနာအသင္းကိုစြန္႔ခြာကိုလီဗာပူးလ္အသင္းကို ဇန္နဝါရီ္လ ကေျပာင္းေရြ႔လာခဲ့သူလည္းျဖစ္ပါတယ္။



"သူက ကေလာ့အေၾကာင္းနဲ႔ ကစားသမားေတြအေၾကာင္းအမ်ားႀကီးေျပာျပခဲ့ပါတယ္"

"သူက ဒီမွာအသင္းရဲ႕အႏွစ္သာရကင္းမဲ႕တဲ့ကစားကြက္မ႐ွိဘူးလို႔ေျပာတယ္။ဒါေပမယ့္အဲဒါက အသင္းအတြက္အနိုင္ယူျပီးအာင္ျမင္မႈလိုခ်င္တဲ့အခါအရမ္းအေရးပါတဲ့အရာေတြ
ပဲျဖစ္ပါတယ္"

"ေကာ္တင္ဟုိကလည္းသူဒီမွာမိသားစုနဲ႔အတူအရမ္းေပ်ာ္ရြင္ေနတယ္လို႔ဆိုတယ္။ဒါကအေရးပါတဲ့ကိစၥတစ္ခုပဲေလ။
ကြၽန္ေတာ္တို႔ ဇနီးေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ေတြဆံုတိုင္း သူတို႔ရဲ႕အေကာင္းဆံုးအခ်ိန္ေတြျဖတ္သန္းေနရတယ္လို႔ေျပာဆိုေလ့႐ွိတယ္။ကြၽန္ေတာ္တို႔အခုအရမ္းကိုေပ်ာ္ရႊင္ေနပါတယ္။

အလီဆန္က လက္႐ွိအသင္းအတြက္ပရီးမီးယားလိဂ္၆ပြဲကစားေပးထားၿပီး လက္စတာအသင္းႏွင့္ပြဲစဥ္မွာအနည္းငယ္အမွားက်ဴးလြန္ခဲ့ပါတယ္။



အလီဆန္က သူက်ဴးလြန္ခဲ့တဲ့အမွားအေပၚျပင္ဆင္၍ ယေန႔ညမွာယွဥ္ၿပိဳင္ကစားမည့္ခ်ဲလ္ဆီးအသင္းႏွင့္ပြဲစဥ္မွာအင္းအားအျပည့္အားသြန္ခိုက္စိုက္ကစားႏိုင္မည့္လို႔ယံုၾကည္ေနပါတယ္။

"ကြၽန္ေတာ္ဒီေန႔ပိုၿပီးျပည့္ျပည့္စံုစံုျဖစ္ေအာင္ျပင္ဆင္ထားတယ္။ကြၽန္ေတာ္က်ဴးလြန္ခဲ့တဲ့အမွားကိုလက္ခံပါတယ္။အဲဒီအခ်ိန္ကိုယ့္ကိုကိုယ္ထိန္းသိမ္းဖို႔အတြက္တစ္ေယာက္တည္းေနခ်င္ခဲ့ပါတယ္"

"ဒါေပမယ့္ကြၽန္ေတာ္ကစားခဲ့တဲ့ ပေရာ္ဖယ္ရွင္နယ္ဂိုးသမားသက္တမ္းတစ္ေလ်ာက္မွာ အမွားေတြအမ်ားႀကီးက်ဴးလြန္ခဲ့သူတစ္ေယာက္လည္းမဟုတ္ဘူးဆိုတာေတြ႔ပါလိမ့္မယ္။ကြၽန္ေတာ္ပြဲကိုပံုစံအေနအထားအမ်ိဳးမ်ိဳးႏွင့္ကိုက္ညီေအာင္ကစားခဲ့ပါတယ္။

"အဲဒါေၾကာင့္ပဲလီဗာပူးလ္အသင္းက ကြၽန္ေတာ္ကိုဝယ္ခဲ့တာပါ။ကြၽန္ေတာ္က႐ိုး႐ွင္းတဲ့ဂိုးဖမ္းဟန္နဲ႔ပဲဖမ္းတာပါ။ကြၽန္ေတာ္ကင္မရာအတြက္ဂိုးမဖမ္းတာဘူး။ ေျပာခ်င္တာက 
အကယ္၍ေဘာလံုးကြၽန္ေတာ္ေနာက္ေရာက္သြားရင္ဒိုင္ဗင္မပစ္ေတာ့ဘူး။အကယ္၍ကြၽန္ေတာ္ေ႐ွ႕မွာဆိုရင္ ကြၽန္ေတာ္ေဘာလံုးလာေနတဲ့ဖက္ကိုဒိုင္ဗင္ပစ္ၿပီးဖမ္းမွာပါ။


"ကြၽန္ေတာ္ဂိုးဖမ္းတာက သ႐ုပ္ေဆာင္ျပဖို႔မဟုတ္ပါဘူး"



(Unicode)

ကော်တင်ဟိုတိုက်တွန်းလို့လီဗာပူးလ်ဆီပြောင်းလာတာလို့ဖွင့်ဟဝန်ခံခဲ့တဲ့ အယ်လီဆန်

လီဗာပူးလ် အသင်းရဲ့ဂိုးသမားအသစ်အလီဆန်က လီဗာပူးလ်အသင်းကိုပြောင်းရွေ့ဖို့ ဆုံးဖြတ်ရခြင်းအဓိကအကြောင်းအရင်းကသူရဲ့အသင်းဖော်ရဲ့တိုက်တွန်းမှုကြောင့်လို့ဆိုပါတယ်။

လီဗာပူးလ်အသင်းဂိုးသမားအလ်ီဆန်ကသူရဲ့ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်ကော်တင်ဟိုက အဆင့်အတန်းမြင့်မားတဲ့အသင်းမှာကစားချင်ရင်လီဗာပူးလ်အသင်းကိုရွေးချယ်ပါလို့တိုက်တွန်းခဲ့တာကြောင့်လီဗာပူးလ်အသင်းကိုပြောင်းရွေ့ရန်ဆုံးဖြတ်ချက်ချခဲ့တယ်လို့ဆိုပါတယ်

အသက်၂၅နှစ်အရွယ်အလီဆန်က ယခုနှစ်ဂျူလိုင်လမှာ အင်္ဂလန်မြေကိုရောက်ရှိလာခဲ့ပြီးသူရဲ့ရာသီအစမှာထဲက အသင်းမှာအဆင်ပြေနေပါတယ်။

အလီဆန် ကိုလီဗာပူးလ်အသင်းနှင့်အပြိုင်ရီးရဲလ်အသင်းကလည်းခေါ်ယူရန်ကြိုးစားခဲ့ပါတယ်။သူရဲ့အသင်းဖော်ကော်တင်ဟိုကလည်း၅နှစ်ကြာကစားခဲ့တဲ့ အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကိုစွန့်ခွာကိုလီဗာပူးလ်အသင်းကို ဇန်နဝါရီ်လ ကပြောင်းရွေ့လာခဲ့သူလည်းဖြစ်ပါတယ်။

"သူက ကလော့အကြောင်းနဲ့ ကစားသမားတွေအကြောင်းအများကြီးပြောပြခဲ့ပါတယ်"

"သူက ဒီမှာအသင်းရဲ့အနှစ်သာရကင်းမဲ့တဲ့ကစားကွက်မရှိဘူးလို့ပြောတယ်။ဒါပေမယ့်အဲဒါက အသင်းအတွက်အနိုင်ယူပြီးအာင်မြင်မှုလိုချင်တဲ့အခါအရမ်းအရေးပါတဲ့အရာတွေ
ပဲဖြစ်ပါတယ်"

"ကော်တင်ဟိုကလည်းသူဒီမှာမိသားစုနဲ့အတူအရမ်းပျော်ရွင်နေတယ်လို့ဆိုတယ်။ဒါကအရေးပါတဲ့ကိစ္စတစ်ခုပဲလေ။
ကျွန်တော်တို့ ဇနီးတွေက တစ်ယောက်နဲ့တစ်ယောက် တွေဆုံတိုင်း သူတို့ရဲ့အကောင်းဆုံးအချိန်တွေဖြတ်သန်းနေရတယ်လို့ပြောဆိုလေ့ရှိတယ်။ကျွန်တော်တို့အခုအရမ်းကိုပျော်ရွှင်နေပါတယ်။

အလီဆန်က လက်ရှိအသင်းအတွက်ပရီးမီးယားလိဂ်၆ပွဲကစားပေးထားပြီး လက်စတာအသင်းနှင့်ပွဲစဉ်မှာအနည်းငယ်အမှားကျူးလွန်ခဲ့ပါတယ်။

အလီဆန်က သူကျူးလွန်ခဲ့တဲ့အမှားအပေါ်ပြင်ဆင်၍ ယနေ့ညမှာယှဉ်ပြိုင်ကစားမည့်ချဲလ်ဆီးအသင်းနှင့်ပွဲစဉ်မှာအင်းအားအပြည့်အားသွန်ခိုက်စိုက်ကစားနိုင်မည့်လို့ယုံကြည်နေပါတယ်။

"ကျွန်တော်ဒီနေ့ပိုပြီးပြည့်ပြည့်စုံစုံဖြစ်အောင်ပြင်ဆင်ထားတယ်။ကျွန်တော်ကျူးလွန်ခဲ့တဲ့အမှားကိုလက်ခံပါတယ်။အဲဒီအချိန်ကိုယ့်ကိုကိုယ်ထိန်းသိမ်းဖို့အတွက်တစ်ယောက်တည်းနေချင်ခဲ့ပါတယ်"

"ဒါပေမယ့်ကျွန်တော်ကစားခဲ့တဲ့ ပရော်ဖယ်ရှင်နယ်ဂိုးသမားသက်တမ်းတစ်လျောက်မှာ အမှားတွေအများကြီးကျူးလွန်ခဲ့သူတစ်ယောက်လည်းမဟုတ်ဘူးဆိုတာတွေ့ပါလိမ့်မယ်။ကျွန်တော်ပွဲကိုပုံစံအနေအထားအမျိုးမျိုးနှင့်ကိုက်ညီအောင်ကစားခဲ့ပါတယ်။

"အဲဒါကြောင့်ပဲလီဗာပူးလ်အသင်းက ကျွန်တော်ကိုဝယ်ခဲ့တာပါ။ကျွန်တော်ကရိုးရှင်းတဲ့ဂိုးဖမ်းဟန်နဲ့ပဲဖမ်းတာပါ။ကျွန်တော်ကင်မရာအတွက်ဂိုးမဖမ်းတာဘူး။ ပြောချင်တာက 
အကယ်၍ဘောလုံးကျွန်တော်နောက်ရောက်သွားရင်ဒိုင်ဗင်မပစ်တော့ဘူး။အကယ်၍ကျွန်တော်ရှေ့မှာဆိုရင် ကျွန်တော်ဘောလုံးလာနေတဲ့ဖက်ကိုဒိုင်ဗင်ပစ်ပြီးဖမ်းမှာပါ။

"ကျွန်တော်ဂိုးဖမ်းတာက သရုပ်ဆောင်ပြဖို့မဟုတ်ပါဘူး"



No comments

Powered by Blogger.