Header Ads
အက်တလက်တီကိုနဲ့ ရီးရဲလ်ဟာတစ်သင်းပေါ်တစ်သင်းအမြဲအနိုင်လိုချင်နေပါတယ်။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
"အက်တလက်တီကိုအသင်းဟာရီးရဲလ်ကိုအမြဲအနိုင်ယူချင်ပါတယ်။ဒါပင်မယ့်သူတို့လည်းပဲကျွန်တော့်တို့ကိုအနိုင်ယူချင်ကြပါတယ်။ "
မက်ဒရစ်ဒါဘီ ၂ရက်အလိုမှာတော့ Marca သတင်းဌာနဟာ တိုက်စစ်မှူးဒီယေဂိုကော်စတာနဲ့ ပတ်သတ်ပြီး အတိတ်၊အနာဂတ် နဲ့ ပစ္စုပ္ပန်တို့အကြောင်း ဆွေးနွေးအင်တာဗျူးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဥရောပစူပါဖလားပြိုင်ပွဲမှာ အဆုံးအဖြတ်ကစားသမားတစ်ယောက်ဖြစ်တဲ့ အက်တလက်တီကို တိုက်စစ်မှူးကတော့ သတိပေးပြောဆိုမှုတစ်ခုပြောဆိုခဲ့ပါတယ်။
" ကျွန်တော်တို့ရီးရဲလ်အသင်းကို အမြဲအနိုင်ယူချင်ပါတယ်။ဒါပင်မယ့် သူတို့လည်းပဲ ကျွန်တော်တို့ကို အနိုင်ယူချင်ပါတယ်။"
ကော်စတာဟာ ဒီတစ်ပတ်စနေနေ့မှာကစားမယ့် မက်ဒရစ်ဒါဘီပွဲနဲ့ ပတ်သတ်ပြီး ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
" ဒီပွဲဟာ မတူကွဲပြားတဲ့ ပွဲဖြစ်ပင်မယ့် စူပါဖလားကပွဲထက် ကျွန်တော်တို့တွေ စိတ်ဆန္ဒပိုမို ပြင်းထန်ပါတယ်။"
" ဗလန်စီယာအသင်းနဲ့ ပွဲမှာဆို ကျွန်တော်အတော်လေးကောင်းမွန်ခဲ့တယ်။"
" ကျွန်တော်တို့ရဲ့ အနှစ်သာရကို ဘယ်တော့မှ အဆုံးရှုံးမခံပါဘူး။"
ဒီယေဂိုကော်စတာဟာ ရိုနယ်ဒို၊ဂရစ်ဇမန်းနဲ့ စီရိုနယ်ဒိုတို့အကြောင်း ပြောဆိုခဲ့ပြီး အဆိုပါ အကြောင်းအရာတွေကို ယနေ့Marca သတင်းစာက ဆက်လက်ဖော်ပြပေးမှာဖြစ်ပါတယ်။
No comments
Powered by Blogger.