ကာဒေ့ဖ်အသင်းနဲ့ ပွဲမတိုင်ခင်ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးရဘောလုံးသတင်းတိုများ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ပရီးမီးယားလိဂ်ပွဲစဉ် ၅ အဖြစ် ကာဒေ့ဖ်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့် ပွဲအတွက် ချဲလ်ဆီးကွင်းလယ်လူကန်တီကစိတ်လှုပ်ရှားနေပါတယ်။"ကျွန်တော်တို့ ဒီပွဲအတွက်ပြင်ဆင်ပြီးအဆင့်သင်ဖြစ်နေပါပြီ။ကျွန်တော်တို့နိုင်ပွဲကို ပရိသတ်တွေရှေ့ကို ယူဆောင်ပေးမှာပါ။"ပြင်သစ်အသင်းကစားသမားကန်တီကို စတန်းဖို့ဘရစ်ချ်မှာ
ဆက်လက်ရှိနေဖို့အတွက် ၅နှစ်စာချုပ်ချုပ်ဆိုရန် ချဲလ်ဆီးအသင်းကမ်းလှမ်းလိုက်ပါတယ်။သူ့ကိုPSGအသင်းကဆက်သွယ်ထားပါသေးတယ်။
ယနေ့ စက်တင်ဘာလ ၁၅ရက်နေ့ဟာ ချဲလ်ဆီးအသင်း ရဲ့နာမည်ကျော်ကစားသမားဟောင်းဂွတ်ဂျွန်ဆင်ရဲ့မွေးနေ့ဖြစ်တာကြောင့် ချဲလ်ဆီးအသင်း က သူတို့ကစားသမားဟောင်းကို မွေးနေ့ဆုတောင်းများပြုလုပ်ပေးထားပါတယ်။
ချဲလ်ဆီးအသင်း ကစားသမားဟောင်းလည်းဖြစ် ကပ္ပတိန်ဟောင်းကြီး ဂျွန်တယ်ရီက ချဲလ်ဆီးအသင်းကိုနည်းပြအဖွဲ့ဝင်အဖြစ်ပြန်လာရန်ပြင်ဆင်နေပါတယ်။
ချဲလ်ဆီးအသင်းနည်းပြဆာရီက သူတို့်အသင်းရဲ့ခံစစ်ဟာထင်သလောက်ကောင်းမွန်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ဒါကြောင့် သူက ကာဒေဖ့်အသင်းနှင့်ပွဲစဉ်က သူအတွက်ခက်ခဲလိမ့်မည့်ဟုဆိုပါတယ်။ဒါ့အပြင် သူအသင်းချဲလ်ဆီးက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ယခုနှစ်မှာပြိုင်ဖက်ကောင်းအနေနှင့်မဖြစ်နိင်သေးဘူးလို့ဆိုလိုက်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ကြယ်ပွင့်ကစားသမား အီဒင်ဟာဇက်က ကာဒေ့ဖ်အသင်းနှင့်ပွဲမှာ မထင်မှတ်ထားတဲ့အရာတွေပြုလုပ်ပြမယ်လို့အသင်းရဲ့ပရိသတ်များကိုဆိုလိုက်ပါတယ်။
Post a Comment