"႐ိုနယ္လ္ဒိုႏွင့္မက္ဆီတို႔က ေလးစားမႈအ႐ိုအေသကင္းမဲ့လြန္းပါတယ္”##ကာပယ္လိုု
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဖာဘီယိုကာပယ္လို က ႐ိုနယ္လ္ဒို ႏွင့္မက္ဆီတို႔ဟာ ဆုႏွင့္လြဲေခ်ာ္မွာသိလို႔ FIFA ရဲ ့The Best ဆုေပးပြဲကိုမတက္ေရာက္တာလို႔ ေဝဖန္ေျပာၾကားလိုက္ပါတယ္။
ရိီးရဲလ္မက္ဒရစ္အသင္းရဲ႕နည္းျပေဟာင္းႀကီးကာပယ္လိုက မက္ဆီႏွင့္႐ိုနယ္လ္ဒိုတို႔ႏွစ္ဦးဟာ ေလးစားထိုက္သူကို ေလးစားသမႈမျပဳဘဲ The Bestဆုေပးပြဲအခမ္းအနားမတက္ေရာက္ခဲ့တာေၾကာင့္ သူတို႔ႏွစ္ဦးကို ႐ိုေသေလးစားမႈကင္းမဲ့တဲ့သူေတြလို႔ နာမည္တပ္ကာေဝဖန္ေျပာၾကားလိုက္ပါတယ္။
အဆုိပါဆုေပးပြဲကိုလန္ဒန္ၿမိဳ႕မွာက်င္းပဲခဲ့ၿပီး FIFA ရဲ႕အေကာင္းဆံုးအမ်ိဳးသားေဘာလံုးသမားဆုကိုရီးရဲလ္မက္ဒရစ္အသင္းမွ လူကာမိုဒရစ္ ကဆြတ္ခူးခဲ့ၿပီးသူရဲ႕ေနာက္မွာ ႐ိုနယ္လ္ဒိုက ဒုတိယေနရာကမဲအမ်ားဆံုးရ႐ွိခဲ့ၿပီး မက္ဆီကေတာ့ စကာတင္စာရင္းေတာင္မဝင္ခဲ့ပါဘူး။
၂၀၀၇ခုႏွစ္က ေအစီမိီလန္အသင္းကစားသမားေဟာင္း ကာကာ က ကမာၻ ့အေကာင္းဆံုးကစားသမားဆုရၿပီးေနာက္မွာ မက္ဆီႏွင့္႐ိုနယ္လ္ဒိုတို႔ႏွစ္ဦးကသာ အပိုင္သိမ္းထားခဲ့ၿပီး ယခုႏွစ္မွာ သူတို႔ႏွစ္ဦးမဟုတ္ဘဲ တျခားေနာက္တစ္ေယာက္ရ႐ွိခဲ့ျခင္းမွာပထမဦးဆံုးအႀကိမ္လည္းျဖစ္ပါတယ္။
"႐ိုနယ္လ္ဒိုႏွင့္မက္ဆီတို႔ႏွစ္ဦးအခမ္းအနားမတက္ေရာက္တာက သူတို႔ႏွင့္ရင္းႏွီးခင္မင္တဲ့အားကစားသမားေတြႏွင့္အသင္းေဖာ္ေဟာင္းေတြရယ္ FIFAႏွင့္ေဘာလံုးေလာကကိုပါ အ႐ုိအေသေလးစားမႈကင္းမဲ့တဲ့အျပဳအမႈေတြပါ "လို႔ ကာပယ္လိုက အခမ္းအနားအၿပီး Española TVႏွင့္ေတြဆံုစဥ္မွာေျပာၾကားခဲ့ပါတယ္။
"သူတို႔ႏွစ္ဦးက ဆုေတြအႀကိမ္ႀကိမ္ယူၿပီးၿပီ။ၿပီးေတာ့ ႐ႈံးနိမ့္မႈဒဏ္ကိုအလြန္အမင္းမခံႏိုင္လို႔ မလာတာျဖစ္ပါလိမ့္မယ္။မင္းဘဝမွာ အႏိုင္အ႐ွံုးဆိုတာဘယ္လိုလဲေတာ့သိထားသင့္ပါတယ္"
(Unicode)
"ရိုနယ်လ်ဒိုနှင့်မက်ဆီတို့က လေးစားမှုအရိုအသေကင်းမဲ့လွန်းပါတယ်”##ကာပယ်လို
ဖာဘီယိုကာပယ်လို က ရိုနယ်လ်ဒို နှင့်မက်ဆီတို့ဟာ ဆုနှင့်လွဲချော်မှာသိလို့ FIFA ရဲ့The Best ဆုပေးပွဲကိုမတက်ရောက်တာလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြဟောင်းကြီးကာပယ်လိုက မက်ဆီနှင့်ရိုနယ်လ်ဒိုတို့နှစ်ဦးဟာ လေးစားထိုက်သူကို လေးစားသမှုမပြုဘဲ The Bestဆုပေးပွဲအခမ်းအနားမတက်ရောက်ခဲ့တာကြောင့် သူတို့နှစ်ဦးကို ရိုသေလေးစားမှုကင်းမဲ့တဲ့သူတွေလို့ နာမည်တပ်ကာဝေဖန်ပြောကြားလိုက်ပါတယ်။
အဆိုပါဆုပေးပွဲကိုလန်ဒန်မြို့မှာကျင်းပဲခဲ့ပြီး FIFA ရဲ့အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုကိုရီးရဲလ်မက်ဒရစ်အသင်းမှ လူကာမိုဒရစ် ကဆွတ်ခူးခဲ့ပြီးသူရဲ့နောက်မှာ ရိုနယ်လ်ဒိုက ဒုတိယနေရာကမဲအများဆုံးရရှိခဲ့ပြီး မက်ဆီကတော့ စကာတင်စာရင်းတောင်မဝင်ခဲ့ပါဘူး။
၂၀၀၇ခုနှစ်က အေစီမီလန်အသင်းကစားသမားဟောင်း ကာကာ က ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရပြီးနောက်မှာ မက်ဆီနှင့်ရိုနယ်လ်ဒိုတို့နှစ်ဦးကသာ အပိုင်သိမ်းထားခဲ့ပြီး ယခုနှစ်မှာ သူတို့နှစ်ဦးမဟုတ်ဘဲ တခြားနောက်တစ်ယောက်ရရှိခဲ့ခြင်းမှာပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။
"ရိုနယ်လ်ဒိုနှင့်မက်ဆီတို့နှစ်ဦးအခမ်းအနားမတက်ရောက်တာက သူတို့နှင့်ရင်းနှီးခင်မင်တဲ့အားကစားသမားတွေနှင့်အသင်းဖော်ဟောင်းတွေရယ် FIFAနှင့်ဘောလုံးလောကကိုပါ အရိုအသေလေးစားမှုကင်းမဲ့တဲ့အပြုအမှုတွေပါ "လို့ ကာပယ်လိုက အခမ်းအနားအပြီး Española TVနှင့်တွေဆုံစဉ်မှာပြောကြားခဲ့ပါတယ်။
"သူတို့နှစ်ဦးက ဆုတွေအကြိမ်ကြိမ်ယူပြီးပြီ။ပြီးတော့ ရှုံးနိမ့်မှုဒဏ်ကိုအလွန်အမင်းမခံနိုင်လို့ မလာတာဖြစ်ပါလိမ့်မယ်။မင်းဘဝမှာ အနိုင်အရှုံးဆိုတာဘယ်လိုလဲတော့သိထားသင့်ပါတယ်"
Post a Comment