Header Ads
"ဒါကအသင်းအတွက်အန္တရာယ်မရှိဘူး"လို့လီဗာပူးလ်အသင်းကိုရှုံးနိမ့်ပြီးနောကိပိုချက်တီနိုပြောကြားလိုက်ပါတယ်။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
စပါးအသင်းဟာစနေနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့လီဗာပူးလ်အသင်းနှင့်ပွဲစဉ်မှာ ၂ဂိုး၁ဂိုးရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမယ့်စပါးအသင်းနည်းပြကတော့ အဲဒီပွဲရလဒ်အပေါ်အနည်းတောင်စိုးရိမ်ပူပန်ခြင်းတောင်မရှိပါဘူး။
ပိုချက်တီနိုက သူရဲ့ဦးတည်ချက်ကိုပြောင်းလဲမှာမဟုတ်ကြောင်းဆိုပါတယ်။စပါးအသင်းဟာ လက်ရှိပရီးမီးယားလိဂ် ပွဲစဉ်၂ခုဆက်တိုက်ရှုံးနိမ့်ထားပါတယ်။ဝက်ဖို့ဒ်အသင်းကိုအဝေးကွင်းမှာရှုံးနိမ့်ခဲ့ပြီးယခုလီဗာပူးလ်အသင်းကိုအိမ်ကွင်းမှာရှုံးနိမ့်ခဲ့ခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်တုန်းကယှဉ်ပြိုင်ကစားခဲ့တဲ့ဝက်ဖို့ဒ်အသင်းနှင့်ပွဲစဉ်မှာ၂ဂိုး၁ဂိုးနှင့်ရှှုံးနိမ့်ခဲ့ပါတယ်။လက်ရှိအချိန်မှာစပါးအသင်းဟာ ဇယားထိပ်က ဦးဆောင်နေသည့်အသင်း ချဲလ်ဆီးအသင်းနှင့်လီဗာပူးလ်အသင်းတို့အောက်၆မှတ်လျော့ကာရပ်တည်နေပါတယ်။
သတင်းစာရှင်းလဲပွဲတစ်ခုမှာပိုချက်တီနိုကိုသတင်းသမားများက အခုရလဒ်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်ပြင်ဆင်ချိန်နောက်ကျခြင်းကြောင့်လားဟုမေးမြန်ရာသူက"ကျွန်တော်ကမ္ဘာ့ဖလားနှင့်ပတ်သက်ပြီးဘာမှ စောဒကတက်စရာမရှိဘူး"လို့ဆိုပါတယ်။
"ကျွန်တော်အစထဲကပြောတယ်နော်။ဒါကကြီးမားတဲ့ပြိုင်ပွဲတစ်ခုဆိုတာပါ။ဒီရာသီမှာအတောင့်တင်းဆုံးအနေအထားနဲ့ရာသီစတင်ခဲ့ပါတယ်။အဲဒီစိန်ခေါ်တွေကကျွန်တော်အသင်းကိုပြိုင်ဖက်အနေနဲ့ရောက်လာတာမကြာသေးဘူး။"
"ကျွန်တော်ထင်တယ် ကျွန်တော်တို့၃ပွဲနိုင်တယ် အဲဒါအားလုံးက အံသြစရာတွေပါ။ပြီးတော့၂ပွဲရှုံးပြန်ရော ဒါကအန္တရာယ်မရှိသေးဘူး၊အရေးကြီးတာက ကျွန်တော်တို့ဟန်ချက်ညီဖို့လိုတယ်။ကျွန်တော်စိုးရိမ်နေမှာမဟုတ်ပါဘူး။ကျွန်တော်ကတိလည်းပေးတယ်။"
"ကျွန်တော်တို့တွေအတူ ပွဲတော်တော်များကိုအနိုင်ရခဲ့တယ်။ကျွန်တော်အသင်းကိုအပြည့်အဝယုံကြည်မှုရှိတယ်။၁၀၀ရာခိုင်နှုန်းတောင်မဟုတ်ဘူး။၂၀၀ရာခိုင်နှုန်းပါ။ဒါကကျွန်တော်ခံစားချက်ပါ။ကျွန်တော်ဒီခံစားချက်ကိုမပြောင်းသေးတာ ၁လ ၂လလောက်ရှိပါပြီ"
"ဝက်ဖို့ဒ်ကဝက်ဖို့ဒ်ပဲ။ကျွန်တော်တို့ခြေစွမ်းအမှန်မပြသနိုင်ခဲ့ဘူး။ဒါပေမယ့်လီဗာပူးလ်နဲ့ပွဲက ကျွန်တော်တို့လက်နက်စုံထုတ်သုံးခဲ့တယ်။ကျွန်တော်ဘာမှပြောစရာမရှိပါဘူး"
"အကယ်၍ မင်းပြည့်စုံနေပြီး မင်းပြိုင်ဖက်က ပိုကောင်းနေမယ်ဆိုရင်သူကိုချီးကျူးစကားဆိုသင့်တယ်လို့ထင်ပါ တယ်။ဝက်ဖို့ဒ်ကဝက်ဖို့ဒ် ပါ။လီဗာပူးလ်ကျတော့ မင်းအနိုင်နဲ့အရှုံးပဲ။ကျွန်တော်သဘောထားကိုတော့ပြောဖို့မရှိပါဘူး။"
"တစ်ချို့အချိန်တွေမှာသူတို့ကပိုကောင်းလာပြီးသူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကိုအဲဒီအချိန်ထုတ်သုံးလာတယ်။ပြီးတောသူတို့အခွင့်အရေးတွေဖန်တီးတယ်ဘာလို့လုပ်နိုင်တာလဲဆိုရင် သူတို့ကောင်းလို့ပေါ့"
"ဘောလုံးလောကမှာ အမြဲအနိုင်နဲ့အရှုံးပဲ ။သဘောပြောရရင်ယူနိုက်တက်အသင်းနဲ့ပွဲပဲကြည့် ပထမပိုင်းမှာသူတို့အသင်းအရမ်းကောင်းတယ်။ဒါပေမယ့်ပွဲပြီးတော့ ကျွန်တော်တို့ ၃ဂိုးပြတ်နှင့်အနိုင်ရရှိခဲ့တယ်။ဒါကကျွန်တော်တို့ပရီးမီးယားလိဂ်ကိုသိမ်းပိုက်ဖို့အတွက်စိတ်လှုပ်ရှားစရာတွေပါ။"
"ဒီသဘောထားအမြင်ကအရမ်းကောင်းတယ်လို့ထင်တယ်"
No comments
Powered by Blogger.