ပရီးမီးယားလိပ်ပွဲစဉ်၅မှာပထမဆုံးVAR စနစ်ကိုစမ်းသပ်အသုံးပြုခဲ့တာသတိပြုမိရဲ့လား??
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပြိီးခဲ့တဲ့ရာသီမှာ EFLဖလားနှင့် FAဖလားပြိုင်ပွဲတို့ ရဲ့ အမြင့်ဆုံးအဆင့်တွေမှာ အသုံးပြုခဲ့ပါတယ်။
(Unicode)
ပထမဦးဆုံးအကြိမ်VARဆုံးဖြတ်ချက်ခံယူမှူကိုပရီးမီးယားလိပ်ငါးပွဲကစားပြီးနောက်စတင်အသုံးပြုဖြစ်ခဲ့ပါတယ်။
အဆိုပါVARဆုံးဖြတ်ချက်ကိုပရီးမီယားလိဂ်ပွဲစဉ် ၅ရောက်မှပထမဦးဆုံးအကြိမ်အဖြစ် မန်စီးတီးအသင်းနှင့် ဖူလ်ဟမ်ပွဲစဉ်မှာ စတင်ခဲ့ပါတယ်။
မန်စီးတီးအသင်း ကစားသမား Leroy Saneရဲ့သွင်းဂိုးကို လူကျွံဘောအဖြစ်သတ်မှတ်ကာ ဂိုးပေးရန်ငြင်းဆိုခဲ့ပါတယ်။ဂိုးအဖြင်မသတ်မှတ်ခြင်းအပေါ်မန်စီးတီးအသင်းကစောဒကတက်ခဲ့ပါတယ်။
ထိုနောက်VARစနစ်ခံယူကာ ရုပ်သံကြည့်ရှုစစ်ဆေးရာ Saneဟာ လူကျွံနေခြင်းမရှိကြောင်းတွေရှိခဲ့ပြီး ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။အဆိုပါရလဒ်ကိုဖူလ်ဟမ်အသင်းက မကျေနပ်ဖြစ်ပါမတ်တပ်ရပ်ကန့်ကွက်ခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ မန်စီးတီး အသင်း ၃ဂိုးပြတ်နှင့်အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါ ဖြစ်ရပ်ရလဒ်ကိုစစ်ဆေးတဲ့နေရာမှာ VARမှာတာဝန်ရှိသူက ဆုံးဖြတ်ပြီး အဆိုပါတာဝန်ရှိသူသည် ကစားပွဲအတွင်းမှ မည့်သူနှင့်မှ ပတ်သက်မှုမှမရှိတဲ့သူလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ် မှာအဆိုပါစနစ်ကောင်းမွန်ဖို့ဆိုရာတွင် ထိုကြီးကြပ်သူရဲ့အရေးပါမှုလည်းပါဝင်နေတယ်လို့သိရပါတယ်။
ဒါအပြင်ဘုန်းမောက်အသင်းနှင့်လက်စတာအသင်းတို့ပွဲစဉ်မှာ ဘုန်းမောက်အသင်းရရှိခဲ့တဲ့ပင်နယ်တီကဆိုရင်ဖြင့်လက်ထိဘောမှရရှိခဲ့ပြီး ဒိုင်လူကြီး ဆုံးဖြတ်ချက်ရှင်းရှင်းလင်းလင်းမရှိတာကြောင့်ကြီးမားတဲ့အမှားအယွင်းလည်းဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဧပြီလက ပရီးမီးယားလိဂ်ကလပ်များက 2018.2019ဘောလုံးရာသီမှာ VARစနစ်စတင်အသုံးပြုမှုကိုကန့်ကွက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရာသီမှာVARစနစ်တစ်ချို့ပွဲစဉ်တွေကိုစမ်းသပ်အသုံးပြုခဲ့ပြီးနောက်ပရီမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က အဆိုပါစနစ်အားလုံးကိုတစ်ပြိုင်နက်တည်းနေရာတိုင်းကို ထိန်းချုပ်နိင်ဖို့အတွက်လိုလားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ EFLဖလားနှင့် FAဖလားပြိုင်ပွဲတို့ ရဲ့ အမြင့်ဆုံးအဆင့်တွေမှာ အသုံးပြုခဲ့ပါတယ်။
Post a Comment