အမ်ိဳးသမီးတစ္ဦးကိုအဓမၼက်င့္ခဲ့တယ္လိုု ့စြပ္စြဲခံေနရတဲ့ရိုုနယ္ဒို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
အမျိုးသမီးတစ်ဦးကိုအဓမ္မကျင့်ခဲ့တယ်လို့စွပ်စွဲခံနေရတဲ့ရိုနယ်ဒို
ဂျာမန်မဂ္ဂဇင်းDer Spiegelရဲ့ဖော်ပြချက်အရဂျူဗင်တပ်စ်အသင်းနှင့် ပေါ်တူဂီလက်ရွေးစင်အသင်းတိုက်စစ်မှုး ရိုနယ်လ်ဒို ဟာ အမေရိကန်နိုင်ငံမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
Kathryn Mayorga ဟာ ယခုအခါအသက်၃၄နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူကို၂၀၀၉ခုနှစ်ကလက်စ်ဗီးဂတ်စ်မြို့မှာ ရိုနယ်လ်ဒိုကသူကိုအဓမ္မပြုကျင့်ခဲ့ပြီးတဲ့နောက်မှာ နှုတ်ပိတ်ငွေ ဒေါ်လာ၃၇၅၀၀၀ပေးခဲ့တယ်လို့ Der Spiegelကဖော်ပြထားပါတယ်။
အဆိုပါဂျာမန်မဂ္ဂဇင်းကို Mayorgaရဲ့ ရှေ့နေက လက်ရှိအချိန် မှာအကျိုးအကြောင်းဆီလျော်အောင်စစ်ဆေးမေးမြန်းနေပြီးတရားရုံးပြင်ပမှာကျေအေးခြင်းဖြစ်ခဲ့ပြီးနောက်မှာ အရပ်သားဖက်ကစောဒက တက်လာမှုအပေါ်ပြန်လည်စစ်ဆေးနေပါတယ်။
ထိုအဓမ္မပြုကျင့်ခဲ့သည်ဟုစွပ်စွဲချက်သတင်းကို Der Spiegal မဂ္ဂဇင်းဟာ လွန်ခဲ့တဲ ၁နှစ်ခွဲထဲက ရရှိထားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါဖြစ်ရပ်နှင့်ဆက်စပ်သည့်သတင်းတွေက ဘောလုံးလောကမှဖုံးကွယ်မှုအချို့ကိုဖော်ပြနေတဲ့ Wikileakရဲ့ Football Leakကနေဖော်ပြလေ့ရှိပါတယ်။
Mayorgaကတော့ မီဒီယာရှေ့ကိုပထမဦးဆုံးအကြိမ် ရိုနယ်လ်ဒိုနှင့်ဖြစ်ပျက်ခဲ့တဲ့အရာကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။အဆိုပါမုဒိန်းမှုကိုဓမ္မတာနှင့်ဆန့်ကျင်သည့်ကိစ္စဖြင့်ကျူးလွန်ခဲ့တယ်ဖော်ပြထားပါတယ်။
ရိုနယ်လ်ဒို ကအဆိုပါစွတ်စွဲချက်ကိုပြီးခဲ့တဲ့နှစ်ထဲကငြင်းဆန်ထားပြီး Mayorgaရဲ့ရှေ့နေကဖြစ်စဉ်အကုန်လုံးကိုဖော်သည်ချလိုက်ပြီးရိုနယ်လ်ဒိုနှင့်ဖြစ်ပျက်ခဲ့တာတွေအသေးစိတ်ဖော်ပြထားပါတယ်။"သူ(Mayorga)က မလုပ်ဖို့ပြောခဲ့တယ်။ဒါပေမယ့်သူကအကြိမ်ပေါင်းများစွာကျူးလွန်ခဲ့ပါတယ်"
Post a Comment