Header Ads


တစ္ႏွစ္အတြင္းမွာ လီဗာပူးလို အဆင့္အတန္းမ်ိဳး မွီႏိုင္လိမ့္မယ္လို ့ထင္ပါတယ္။##ဆာရီ





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မေန ့ည ဝက္စ္ဟမ္းအသင္းကိုဂိုးမရွိသေရက်ခဲ့တဲ့ပရီးမီးယားလိပ္ပြဲအၿပီးမွာေတာ့ စတန္းဖို ့ဘရစ္ခ်္အသင္းရဲ႕ နည္းျပဆာရီက သူ႔အသင္းအေၾကာင္းရွင္းျပေျပာဆိုခဲ့ပါတယ္။

နည္းျပဆာရီက သူ ့ရဲ႕ခ်ဲလ္ဆီးအသင္းဟာ လက္ရွိလီဗာပူးအသင္းလိုအဆင့္အတန္းမ်ိဳးမေရာက္ေသးဘူးလို ့ဝန္ခံလိုက္ၿပီးေနာက္တစ္ႏွစ္ေလာက္ေစာင့္ဆိုင္းရမယ္လို ့ေျပာၾကားလိုက္ပါတယ္။

ပရီးမီးယားလိပ္အဖြင့္ပြဲ ၅ပြဲဆက္အႏိုင္ယူထားတဲ့ ခ်ဲလ္ဆီးအသင္းဟာ မေန ့ည လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ ဝက္စ္ဟမ္းအသင္းနဲ႔ ေတြ ့ဆံုရမွာေတာ့ ႏိုင္ပြဲဆက္ေနမႈ ရပ္တန္႔သြားခဲ့ရပါတယ္။

အဆိုပါပြဲမွာ ဆာရီရဲ႕ အသင္းဟာ ပြဲအေပၚလႊမ္းမိုးမႈေတြရွိခဲ့ေသာ္လည္း ဝက္စ္ဟမ္းအသင္းေသခ်ာေပါက္ ဂိုးရမယ့္အခြင့္အေရးေတြကို အန္တိုနီယို နဲ႔ ရာမိုလန္ကို တို ့က ျဖဳန္းတီးခဲ့ပါတယ္။


ခ်ဲလ္ဆီးအသင္းဟာ လာမယ့္အပတ္မွာ EFL ဖလားပြဲစဥ္အျဖစ္ လီဗာပူးအသင္းနဲ႔ ကစားရမွာျဖစ္ၿပီးေနာက္၃ရက္ၾကာ ပရီးမီးယားလိပ္ပြဲစဥ္အျဖစ္ လီဗာပူးအသင္းနဲ႔ ထပ္မံရင္ဆိုင္ရဦးမွာပဲျဖစ္ပါတယ္။

" အရမ္းအရမ္းကို ေကာင္းတဲ့ အသင္းနဲ႔ ကၽြန္ေတာ္တို ့ရင္ဆိုင္ရမွာပါ။ နည္းျပ တစ္ေယာက္ထဲ နဲ႔ ၄၊၅ ႏွစ္ေလာက္ေသခ်ာျပင္ဆင္ထားတဲ့အသင္းပါ။တိတိက်က်ေတာ့ ကၽြန္ေတာ္မသိဘူး။သူတို ့ဟာ အခုခ်ိန္မွာ ကၽြန္ေတာ္တို ့ထက္ေျခလွမ္းမ်ားစြာသာေနပါတယ္။ကၽြန္ေတာ္တို ့ဟာ အခုမွအလုပ္လုပ္တာ ရက္၄၀ ေလာက္ပဲရွိပါေသးတယ္။ႏိုင္ငံတကာပြဲစဥ္ေတြနဲ႔ ဆိုေတာ့ အခ်ိန္သိပ္မရဘူးေပါ့"


" ကၽြန္ေတာ္တို ့အတြက္ေျပာဖို ့ေစာပါေသးတယ္။ကၽြန္ေတာ္တို ့ေတြ တိုးတက္လာေအာင္ အလုပ္လုပ္ရဦးမွာပါ။ တစ္ႏွစ္အတြင္းမွာ လီဗာပူးလို အဆင့္အတန္းမ်ိဳး မွီႏိုင္လိမ့္မယ္လို ့ထင္ပါတယ္" လို ့ဆာရီ က ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာေျပာၾကားခဲ့ပါတယ္။


လီဗာပူးအသင္းဟာ ပရီးမီးယားလိပ္ အဖြင့္ ၆ပြဲဆက္တိုက္အႏိုင္ယူထားၿပီး လက္ရွိပရီးမီးယားလိပ္အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။


(Unicode)



တစ်နှစ်အတွင်းမှာ လီဗာပူးလို အဆင့်အတန်းမျိုး မှီနိုင်လိမ့်မယ်လို့ထင်ပါတယ်။##ဆာရီ

မနေ့ည ဝက်စ်ဟမ်းအသင်းကိုဂိုးမရှိသရေကျခဲ့တဲ့ပရီးမီးယားလိပ်ပွဲအပြီးမှာတော့ စတန်းဖို့ဘရစ်ချ်အသင်းရဲ့ နည်းပြဆာရီက သူ့အသင်းအကြောင်းရှင်းပြပြောဆိုခဲ့ပါတယ်။

နည်းပြဆာရီက သူ့ရဲ့ချဲလ်ဆီးအသင်းဟာ လက်ရှိလီဗာပူးအသင်းလိုအဆင့်အတန်းမျိုးမရောက်သေးဘူးလို့ဝန်ခံလိုက်ပြီးနောက်တစ်နှစ်လောက်စောင့်ဆိုင်းရမယ်လို့ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိပ်အဖွင့်ပွဲ ၅ပွဲဆက်အနိုင်ယူထားတဲ့ ချဲလ်ဆီးအသင်းဟာ မနေ့ည လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ တွေ့ဆုံရမှာတော့ နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ရပါတယ်။

အဆိုပါပွဲမှာ ဆာရီရဲ့ အသင်းဟာ ပွဲအပေါ်လွှမ်းမိုးမှုတွေရှိခဲ့သော်လည်း ဝက်စ်ဟမ်းအသင်းသေချာပေါက် ဂိုးရမယ့်အခွင့်အရေးတွေကို အန်တိုနီယို နဲ့ ရာမိုလန်ကို တို့က ဖြုန်းတီးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်အပတ်မှာ EFL ဖလားပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ ကစားရမှာဖြစ်ပြီးနောက်၃ရက်ကြာ ပရီးမီးယားလိပ်ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ ထပ်မံရင်ဆိုင်ရဦးမှာပဲဖြစ်ပါတယ်။

" အရမ်းအရမ်းကို ကောင်းတဲ့ အသင်းနဲ့ ကျွန်တော်တို့ရင်ဆိုင်ရမှာပါ။ နည်းပြ တစ်ယောက်ထဲ နဲ့ ၄၊၅ နှစ်လောက်သေချာပြင်ဆင်ထားတဲ့အသင်းပါ။တိတိကျကျတော့ ကျွန်တော်မသိဘူး။သူတို့ဟာ အခုချိန်မှာ ကျွန်တော်တို့ထက်ခြေလှမ်းများစွာသာနေပါတယ်။ကျွန်တော်တို့ဟာ အခုမှအလုပ်လုပ်တာ ရက်၄၀ လောက်ပဲရှိပါသေးတယ်။နိုင်ငံတကာပွဲစဉ်တွေနဲ့ ဆိုတော့ အချိန်သိပ်မရဘူးပေါ့"

" ကျွန်တော်တို့အတွက်ပြောဖို့စောပါသေးတယ်။ကျွန်တော်တို့တွေ တိုးတက်လာအောင် အလုပ်လုပ်ရဦးမှာပါ။ တစ်နှစ်အတွင်းမှာ လီဗာပူးလို အဆင့်အတန်းမျိုး မှီနိုင်လိမ့်မယ်လို့ထင်ပါတယ်" လို့ဆာရီ က ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိပ် အဖွင့် ၆ပွဲဆက်တိုက်အနိုင်ယူထားပြီး လက်ရှိပရီးမီးယားလိပ်အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

No comments

Powered by Blogger.