ဘာစီလိုနာအသင္းဆီေျပာင္းေရႊ႕ခ်င္ေၾကာင္းေမာ္ရင္ဟိုကိုေျပာၾကားလိုက္တဲ့ေပါ့ဘာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူႏိုက္တက္ကြင္းလယ္လူေပါလ္ေပါ့ဘာက သူဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေနထြက္ခြာၿပီး ဘာစီလိုနာအသင္းဆီေျပာင္းေရႊ ့ခ်င္တယ္လို ့အသင္းနည္းျပေမာ္ရင္ဟိုကိုေျပာၾကားခဲ့တယ္လို ့ Sport Mail က ေဖာ္ျပလိုက္ပါတယ္။
Sportmail ရဲ႕ အဆိုအရ ေပါ့ဘာတစ္ေယာက္ အိုထရက္ဖို ့ဒ္ကို စြန္ ့ခြာခ်င္လိုတဲ့အေၾကာင္းအရင္းက နည္းျပေမာ္ရင္ဟိုရဲ႕ သူ ့အေပၚအသင္းေခါင္းေဆာင္လက္ပတ္႐ုတ္သိမ္းခဲ့တာေၾကာင့္လို ့ဆိုပါတယ္။
ေပါ့ဘာဟာ ဒီရာသီ ယူႏိုက္တက္အသင္းအတြက္ အသင္းေခါင္ေဆာင္အျဖစ္ ၃ပြဲအထိ တာဝန္ယူခဲ့ေသာ္လည္း နည္းျပေမာ္ရင္ဟိုက အသက္၂၅ ႏွစ္အရြယ္ကစားသမားရဲ႕ အေတြးအေခၚနဲ႔ အသင္းေခါင္ေဆာင္ျဖစ္ဖို ့မထိုက္တန္ဘူးဆိုေသာအေၾကာင္းျပခ်က္ေၾကာင့္ ေပါ့ဘာကို ေနာက္ထပ္ အသင္းေခါင္ေဆာင္လက္ပတ္ လံုးဝမဝတ္ခိုင္းေတာ့ဘူးလို ့ေမာ္ရင္ဟိုကေျပာၾကားထားပါတယ္။
ေပါ့ဘာနဲ႔ ေမာ္ရင္ဟိုၾကားကျပႆနာအဖုအထစ္ေတြဟာ လြန္ခဲ့တဲ့၁၈လထဲကျဖစ္ပြားခဲ့ၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာေတာ့သူတို ့၂ေယာက္ၾကား အနာဂတ္နဲ႔ပတ္သတ္ၿပီး အျပန္အလွန္မက္ေဆ့ခ်္ပို ့ေဆြးေႏြးခဲ့ၾကတယ္လို ့သိရပါတယ္။ေပါ့ဘာရဲ႕ ေအးဂ်င့္ ႐ိုင္အိုလာဟာ ဘာစီလိုနာအသင္းနဲ႔ ေပါ့ဘာကိုပုဂိၢဳလ္ေရးအရသေဘာတူညီမႈရေအာင္ေဆြးေႏြးခဲ့ၿပီးေနာက္ ေပါ့ဘာဟာယူႏိုက္တက္ရဲ႕ CEO အက္ဒ္ဝုဒ္ဝါ့ဒ္ကို သူ အသင္းကေနထြက္ခြာခ်င္ေၾကာင္းအသိေပးခဲ့ပါတယ္။
ဝုဒ္ဝါ့ဒ္ကေတာ့ ယူႏိုက္တက္ရဲ႕ ေပါင္၈၉ သန္းတန္ကစားသမားကို ဆက္ထိန္းထားလိုေသာ္လည္း ေမာ္ရင္ဟိုရဲ႕ ဆံုးျဖတ္ခ်က္အရ ဒီလိုကစားသမားဟာအသင္းကို ပိုအခက္ေတြ ့ေအာင္လုပ္ေနတယ္လို ့ထင္ျမင္ေနပါတယ္။
ေပါ့ဘာရဲ႕ အျပဳအမူေတြဟာလည္း တစ္ခါတစ္ရံမွာေမာ္ရင္ဟိုနဲ႔ သူ ့ရဲ႕ နည္းျပအဖြဲ႕အဝင္ေတြအေပၚ စိတ္အေႏွာက္အယွက္ေပး ျပႆနာရွာေလ့ရွိပါတယ္။
ၿပီးခဲ့တဲ့စေနေန ့က အိုထရက္ဖို ့ဒ္ ကြင္းမွာကစားခဲ့တဲ့ ဝုလ္ဗ္အသင္းနဲ႔ ပြဲမတိုင္ခင္ အသင္းဘက္စ္ကားရဲ႕အေရွ ့မွာ ေပါ့ဘာတစ္ေယာက္ သီခ်င္းအသံကို က်ယ္ေလာင္စြာဖြင့္ထားေနတာျဖစ္ၿပီး အသင္းနည္းျပအဖြဲ႕ဝင္ေတြအေနနဲ႔ အဆိုပါအခ်ိန္မ်ိဳးမွာ ပြဲအေပၚအာရံုစိုက္ထားသင့္တယ္လို ့ထင္ျမင္ေနတာပဲျဖစ္ပါတယ္။
ဒီလအေစာပိုင္းက ဘန္ေလကို အေဝးကြင္းမွာအႏိုင္ရရွိခဲ့တဲ့ ပြဲအၿပီးမွာလည္း ေပါ့ဘာတစ္ေယာက္ဟာ အသင္းေဖာ္ေတြနဲ႔အတူ အသင္းဘတ္စ္ကားေပၚလိုက္ပါပူးေပါင္းျခင္းမရွိခဲ့ပဲ ျပင္သစ္အသင္းနဲ႔ ပူးေပါင္ခ်င္လိုေဇာ္ျဖင့္ ေလဆိပ္ဆီ တန္းသြားခဲ့ေၾကာင္းသိရပါတယ္။
ေပါ့ဘာဟာ နည္းျပေမာ္ရင္ဟိုရဲ႕ နည္းစနစ္နဲ႔ ပတ္သတ္ၿပီး လတ္တေလာကမွ ေဝဖန္ေျပာၾကားခဲ့ပါေသးတယ္။
" ကၽြန္ေတာ္တို ့အိမ္ကြင္းမွာဆိုရင္ေတာ့ တိုက္စစ္၊တိုက္စစ္ တိုက္စစ္ ဆင္သင့္တယ္ထင္တယ္ဗ်ာ"
" ဒါဟာ အိုထရက္ဖို ့ဒ္ဗ်၊ ကၽြန္ေတာ္တို ့က ဒီမွာတိုက္စစ္ကစားရမွာေလ၊ မန္ခ်က္စတာယူႏိုက္တက္သာ တိုက္စစ္ကစားရင္အသင္းတိုင္းေၾကာက္လန္ ့ေနလိမ့္မယ္လို ့ကၽြန္ေတာ္ထင္ပါတယ္။အဲ့ေန ့ပြဲကကၽြန္ေတာ္တို ့အမွားေၾကာင့္ေပါ့"
" ကၽြန္ေတာ္က မန္ေနဂ်ာမွ မဟုတ္တာ၊ ကၽြန္ေတာ္ မေျပာျပႏိုင္ဘူး။ ဒါပင္မယ့္ ထင္ထင္ရွားရွားပါပဲ။ ကၽြန္ေတာ္တို ့ေတြ နည္းလမ္းေပါင္းစံုကို ျပသင့္ပါတယ္။ကၽြန္ေတာ္တို ့ေကာင္းေကာင္းေရႊ ့လ်ားကစားသင့္ပါတယ္။" လို ့ေဝဖန္ေျပာၾကားလိုက္ပါတယ္။
" ကၽြန္ေတာ္က မန္ေနဂ်ာမွ မဟုတ္တာ၊ ကၽြန္ေတာ္ မေျပာျပႏိုင္ဘူး။ ဒါပင္မယ့္ ထင္ထင္ရွားရွားပါပဲ။ ကၽြန္ေတာ္တို ့ေတြ နည္းလမ္းေပါင္းစံုကို ျပသင့္ပါတယ္။ကၽြန္ေတာ္တို ့ေကာင္းေကာင္းေရႊ ့လ်ားကစားသင့္ပါတယ္။" လို ့ေဝဖန္ေျပာၾကားလိုက္ပါတယ္။
ေပါ့ဘာဟာ ဒီရာသီယူႏိုက္တက္ရဲ႕ ပြဲစဥ္ ၇ပြဲစလံုးမွာ ၄ဂိုးသြင္းယူေပးထားၿပီး ၃ဂိုးဟာ ပယ္နယ္တီကေနရရွိထားတာပဲျဖစ္ပါတယ္။သို ့ေသာ္လည္း ေပါ့ဘာဟာ ယူႏိုက္တက္ဆီ ေျပာင္းေရႊ ့လာၿပီး၂ႏွစ္အၾကာမွာေတာ့ ယူႏိုက္တက္ေနထြက္ခြာဖို ့တာဆူေနၿပီပဲျဖစ္ပါတယ္။
(Unicode)
ဘာစီလိုနာအသင်းဆီပြောင်းရွှေ့ချင်ကြောင်းမော်ရင်ဟိုကိုပြောကြားလိုက်တဲ့ပေါ့ဘာ
ယူနိုက်တက်ကွင်းလယ်လူပေါလ်ပေါ့ဘာက သူဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေထွက်ခွာပြီး ဘာစီလိုနာအသင်းဆီပြောင်းရွှေ့ချင်တယ်လို့အသင်းနည်းပြမော်ရင်ဟိုကိုပြောကြားခဲ့တယ်လို့ Sport Mail က ဖော်ပြလိုက်ပါတယ်။
Sportmail ရဲ့ အဆိုအရ ပေါ့ဘာတစ်ယောက် အိုထရက်ဖို့ဒ်ကို စွန့်ခွာချင်လိုတဲ့အကြောင်းအရင်းက နည်းပြမော်ရင်ဟိုရဲ့ သူ့အပေါ်အသင်းခေါင်းဆောင်လက်ပတ်ရုတ်သိမ်းခဲ့တာကြောင့်လို့ဆိုပါတယ်။
ပေါ့ဘာဟာ ဒီရာသီ ယူနိုက်တက်အသင်းအတွက် အသင်းခေါင်ဆောင်အဖြစ် ၃ပွဲအထိ တာဝန်ယူခဲ့သော်လည်း နည်းပြမော်ရင်ဟိုက အသက်၂၅ နှစ်အရွယ်ကစားသမားရဲ့ အတွေးအခေါ်နဲ့ အသင်းခေါင်ဆောင်ဖြစ်ဖို့မထိုက်တန်ဘူးဆိုသောအကြောင်းပြချက်ကြောင့် ပေါ့ဘာကို နောက်ထပ် အသင်းခေါင်ဆောင်လက်ပတ် လုံးဝမဝတ်ခိုင်းတော့ဘူးလို့မော်ရင်ဟိုကပြောကြားထားပါတယ်။
ပေါ့ဘာနဲ့ မော်ရင်ဟိုကြားကပြဿနာအဖုအထစ်တွေဟာ လွန်ခဲ့တဲ့၁၈လထဲကဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့သူတို့၂ယောက်ကြား အနာဂတ်နဲ့ပတ်သတ်ပြီး အပြန်အလှန်မက်ဆေ့ချ်ပို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ပေါ့ဘာရဲ့ အေးဂျင့် ရိုင်အိုလာဟာ ဘာစီလိုနာအသင်းနဲ့ ပေါ့ဘာကိုပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရအောင်ဆွေးနွေးခဲ့ပြီးနောက် ပေါ့ဘာဟာယူနိုက်တက်ရဲ့ CEO အက်ဒ်ဝုဒ်ဝါ့ဒ်ကို သူ အသင်းကနေထွက်ခွာချင်ကြောင်းအသိပေးခဲ့ပါတယ်။
ဝုဒ်ဝါ့ဒ်ကတော့ ယူနိုက်တက်ရဲ့ ပေါင်၈၉ သန်းတန်ကစားသမားကို ဆက်ထိန်းထားလိုသော်လည်း မော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက်အရ ဒီလိုကစားသမားဟာအသင်းကို ပိုအခက်တွေ့အောင်လုပ်နေတယ်လို့ထင်မြင်နေပါတယ်။
ပေါ့ဘာရဲ့ အပြုအမူတွေဟာလည်း တစ်ခါတစ်ရံမှာမော်ရင်ဟိုနဲ့ သူ့ရဲ့ နည်းပြအဖွဲ့အဝင်တွေအပေါ် စိတ်အနှောက်အယှက်ပေး ပြဿနာရှာလေ့ရှိပါတယ်။
ပြီးခဲ့တဲ့စနေနေ့က အိုထရက်ဖို့ဒ် ကွင်းမှာကစားခဲ့တဲ့ ဝုလ်ဗ်အသင်းနဲ့ ပွဲမတိုင်ခင် အသင်းဘက်စ်ကားရဲ့အရှေ့မှာ ပေါ့ဘာတစ်ယောက် သီချင်းအသံကို ကျယ်လောင်စွာဖွင့်ထားနေတာဖြစ်ပြီး အသင်းနည်းပြအဖွဲ့ဝင်တွေအနေနဲ့ အဆိုပါအချိန်မျိုးမှာ ပွဲအပေါ်အာရုံစိုက်ထားသင့်တယ်လို့ထင်မြင်နေတာပဲဖြစ်ပါတယ်။
ဒီလအစောပိုင်းက ဘန်လေကို အဝေးကွင်းမှာအနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာလည်း ပေါ့ဘာတစ်ယောက်ဟာ အသင်းဖော်တွေနဲ့အတူ အသင်းဘတ်စ်ကားပေါ်လိုက်ပါပူးပေါင်းခြင်းမရှိခဲ့ပဲ ပြင်သစ်အသင်းနဲ့ ပူးပေါင်ချင်လိုဇော်ဖြင့် လေဆိပ်ဆီ တန်းသွားခဲ့ကြောင်းသိရပါတယ်။
ပေါ့ဘာဟာ နည်းပြမော်ရင်ဟိုရဲ့ နည်းစနစ်နဲ့ ပတ်သတ်ပြီး လတ်တလောကမှ ဝေဖန်ပြောကြားခဲ့ပါသေးတယ်။
" ကျွန်တော်တို့အိမ်ကွင်းမှာဆိုရင်တော့ တိုက်စစ်၊တိုက်စစ် တိုက်စစ် ဆင်သင့်တယ်ထင်တယ်ဗျာ"
" ဒါဟာ အိုထရက်ဖို့ဒ်ဗျ၊ ကျွန်တော်တို့က ဒီမှာတိုက်စစ်ကစားရမှာလေ၊ မန်ချက်စတာယူနိုက်တက်သာ တိုက်စစ်ကစားရင်အသင်းတိုင်းကြောက်လန့်နေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့နေ့ပွဲကကျွန်တော်တို့အမှားကြောင့်ပေါ့"
" ကျွန်တော်က မန်နေဂျာမှ မဟုတ်တာ၊ ကျွန်တော် မပြောပြနိုင်ဘူး။ ဒါပင်မယ့် ထင်ထင်ရှားရှားပါပဲ။ ကျွန်တော်တို့တွေ နည်းလမ်းပေါင်းစုံကို ပြသင့်ပါတယ်။ကျွန်တော်တို့ကောင်းကောင်းရွှေ့လျားကစားသင့်ပါတယ်။" လို့ဝေဖန်ပြောကြားလိုက်ပါတယ်။
ပေါ့ဘာဟာ ဒီရာသီယူနိုက်တက်ရဲ့ ပွဲစဉ် ၇ပွဲစလုံးမှာ ၄ဂိုးသွင်းယူပေးထားပြီး ၃ဂိုးဟာ ပယ်နယ်တီကနေရရှိထားတာပဲဖြစ်ပါတယ်။သို့သော်လည်း ပေါ့ဘာဟာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာပြီး၂နှစ်အကြာမှာတော့ ယူနိုက်တက်နေထွက်ခွာဖို့တာဆူနေပြီပဲဖြစ်ပါတယ်။
Post a Comment