Header Ads


ေဘာလံုးသမားျဖစ္ဖို ့ႀကိဳးစားေနတာဟာ အခ်ိန္ျဖဳန္းေနတာပဲလို ့မာေနးရဲ႕မိဘေတြကသူ ့ကိုသတိေပးခဲ့ဖူးပါတယ္။





Unicode သမားများအောက်ဆွဲဖတ်ပေးပါ


လီဗာပူးရဲ႕ ေတာင္ပံကစားသမား ဆာဒီယိုမာေနးက သူ ့ရဲ႕မိဘေတြဟာ သူ ေဘာလံုးသမားတစ္ေယာက္ျဖစ္လာဖို ့ႀကိဳးစားေနခ်ိန္မွာ ဒါဟာ သက္သက္အခ်ိန္ျဖဳန္းေနတာျဖစ္တယ္လို ့သူ ့မိဘေတြက ေျပာဆိုခဲ့ေၾကာင္း ဝန္ခံေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ သူ အ႐ူူးအမူးစြဲလမ္းႀကိဳက္ႏွစ္သက္ခဲ့တဲ့ ကစားသမား၂ေယာက္အေၾကာင္းကိုလည္း ေျပာျပခဲ့ပါေသးတယ္။



သူတို ့ေတြက ေတာ့ လီဗာပူးကစားသမားေဟာင္းဟာဂ်ီဒီေအာ့ဖ္နဲ႔ ေဘာလံုးအေက်ာ္အေမာ္ ႐ိုနယ္ဒင္ဟိုတို ့ပဲျဖစ္ပါတယ္။

" ကၽြန္ေတာ္ငယ္ငယ္တုန္းကေပါ့။ ကၽြန္ေတာ္အရမ္းႀကိဳက္တဲ့ေဘာလံုးသမားေတြအမ်ားႀကီးပါပဲ။႐ိုနယ္ဒင္ဟိုကေတာ့ ကၽြန္ေတာ္တကယ္ႀကိဳက္တဲ့ သူပါ။ဆီနီေဂါက ဟာဂ်ီဒီေအာ့ဖ္တို ့လည္းပါပါတယ္။"

"သူတို ့ဟာ ကၽြန္ေတာ့္ကို စိတ္တက္ႂကြမႈတကယ္ကိုေပးတာပါ။သူတို ့၂ဦးဟာ ကၽြန္ေတာ့္အတြက္ေတာ့တကယ့္စံျပ ေဘာလံုးသမားေတြပါ။ အလိမ္အေခါက္လည္းပိုင္ႏိုင္တယ္။စေကးႂကြယ္တဲ့သူေတြပါ။ၿပိဳင္ဘက္ကိုေအးေဆးေက်ာ္ျဖတ္ႏိုင္တဲ့သူေတြေပါ့။" လို ့ဆိုခဲ့ပါတယ္။



လီဗာပူးလ္ပရိတ္သတ္ေတြအေနနဲ႔ ေတာ့ ဂ်ာရတ္ရဲ႕ ရန္ဖက္ျဖစ္တဲ့ ဒီေအာ့ဖ္ဟာ မာေနးရဲ႕ အႀကိဳက္ကစားသမားျဖစ္တယ္ဆိုတာ ဘယ္တုန္းကမွထင္ထားမွာမဟုတ္ပါဘူး။

" ခ်န္ပီယံရွစ္ေဘာလံုးသမားတစ္ေယာက္လံုးဝမျဖစ္လာႏိုင္တဲ့ ရြာေလးမွာကၽြန္ေတာ္ေမြးဖြားလာတာပါ။"

" မွတ္မိေသးတယ္။ကၽြန္ေတာ္ငယ္ငယ္တုန္းကေပါ့။ ကၽြန္ေတာ့္မိဘေတြက ကၽြန္ေတာ္ဟာ ဆရာတစ္ေယာက္ျဖစ္လာဖို ့စာလုပ္သင့္တယ္ေပါ့။ သူတို ့ထင္တာက ေဘာလံုးဟာ အခ်ိန္ျဖဳန္းတာပဲျဖစ္ၿပီး ဘယ္ေတာ့မွ ေအာင္ျမင္မွာမဟုတ္ဘူးတဲ့။ကၽြန္ေတာ္အၿမဲတမ္းေျပာခဲ့တယ္။" ကၽြန္ေတာ့္အတြက္ အေဖတို ့အေမ တို ့ကိုကူညီႏိုင္မယ့္အရာက ဒီအလုပ္တစ္ခုပါပဲေပါ့။ၿပီးေတာ့ ေဘာလံုးသမားတစ္ေယာက္ျဖစ္လာဖို ့ကၽြန္ေတာ့္မွာအခြင့္အေရးရွိပါတယ္။"



မာေနးက သူဟာ ပါတီႀကိဳက္တဲ့ သူမဟုတ္ေၾကာင္း၊သာယာတဲ့ေအးခ်မ္းတဲ့ဘဝေလးကိုသာ အလိုရွိၿပီး သူငယ္ခ်င္း၊မိဘ၊ေဆြမ်ိဳးေတြ နဲ႔အတူ အခ်ိန္ကုန္ဆံုးခ်င္ေၾကာင္းေျပာၾကားခဲ့ပါေသးတယ္။

" ကၽြန္ေတာ္ ဟာ ခရီးထြက္တာႀကိဳက္တဲ့လူမဟုတ္သလို ပါတီေတြႀကိဳက္တဲ့သူလည္းမဟုတ္ပါဘူး။ကၽြန္ေတာ္ေဘာလံုးမကန္ေတာ့ရင္ ကၽြန္ေတာ့္သူငယ္ခ်င္း၊မိသားစုေတြနဲ႔ အတူအခ်ိန္ေတြ ကုန္ဆံုးခ်င္ပါတယ္။အားလပ္ရက္အတြင္းမွာ ကၽြန္ေတာ့္ရြာေလးဆီအၿမဲျပန္ေလ့ရွိၿပီး ငယ္သူငယ္ခ်င္းေတြ၊မိသားစုေတြနဲ႔အတူ အခ်ိန္ေတြကုန္ဆံုးေလ့ရွိပါတယ္။"

လြန္ခဲ့တဲ့ ၂ႏွစ္က ေဆာက္တမ္တန္ အသင္းကေန ေပါင္ ၃၄ သန္းျဖင့္ေျပာင္းေရႊ ့လာတဲ့ ဆီနီေဂါတိုက္စစ္ကစားသမားမာေနး က သူဟာ ဒီထက္ပိုမို တိုးတက္ဖို ့ရွိေသးတယ္လို ့ေျပာၾကားခဲ့ပါတယ္။


" ကၽြန္ေတာ္ဟာ နည္းလမ္းေပါင္းစံုနဲ႔ တိုးတက္မႈေတြရွိေနပါတယ္။ကၽြန္ေတာ္အရမ္းေပ်ာ္ပါတယ္။ဒါဟာ ကၽြန္ေတာ္ လီဗာပူးဆီေရာက္ရင္ အျဖစ္ခ်င္ဆံုးဆႏၵပါပဲ။ေနာက္ထပ္တိုးတက္ဖို ့လိုေသးတဲ့အရာေတြအမ်ားႀကီးက်န္ေသးတယ္လို ့ကၽြန္ေတာ္ထင္ပါတယ္။ဒါေၾကာင့္ ကၽြန္ေတာ္အလုပ္ကို ပိုႀကိဳးစားၿပီးလုပ္ေနပါတယ္။"

(Unicode)

လီဗာပူးရဲ့ တောင်ပံကစားသမား ဆာဒီယိုမာနေးက သူ့ရဲ့မိဘတွေဟာ သူ ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ကြိုးစားနေချိန်မှာ ဒါဟာ သက်သက်အချိန်ဖြုန်းနေတာဖြစ်တယ်လို့သူ့မိဘတွေက ပြောဆိုခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ဒါ့အပြင် သူ အရူူးအမူးစွဲလမ်းကြိုက်နှစ်သက်ခဲ့တဲ့ ကစားသမား၂ယောက်အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။




သူတို့တွေက တော့ လီဗာပူးကစားသမားဟောင်းဟာဂျီဒီအော့ဖ်နဲ့ ဘောလုံးအကျော်အမော် ရိုနယ်ဒင်ဟိုတို့ပဲဖြစ်ပါတယ်။

" ကျွန်တော်ငယ်ငယ်တုန်းကပေါ့။ ကျွန်တော်အရမ်းကြိုက်တဲ့ဘောလုံးသမားတွေအများကြီးပါပဲ။ရိုနယ်ဒင်ဟိုကတော့ ကျွန်တော်တကယ်ကြိုက်တဲ့ သူပါ။ဆီနီဂေါက ဟာဂျီဒီအော့ဖ်တို့လည်းပါပါတယ်။"

"သူတို့ဟာ ကျွန်တော့်ကို စိတ်တက်ကြွမှုတကယ်ကိုပေးတာပါ။သူတို့၂ဦးဟာ ကျွန်တော့်အတွက်တော့တကယ့်စံပြ ဘောလုံးသမားတွေပါ။ အလိမ်အခေါက်လည်းပိုင်နိုင်တယ်။စကေးကြွယ်တဲ့သူတွေပါ။ပြိုင်ဘက်ကိုအေးဆေးကျော်ဖြတ်နိုင်တဲ့သူတွေပေါ့။" လို့ဆိုခဲ့ပါတယ်။

လီဗာပူးလ်ပရိတ်သတ်တွေအနေနဲ့ တော့ ဂျာရတ်ရဲ့ ရန်ဖက်ဖြစ်တဲ့ ဒီအော့ဖ်ဟာ မာနေးရဲ့ အကြိုက်ကစားသမားဖြစ်တယ်ဆိုတာ ဘယ်တုန်းကမှထင်ထားမှာမဟုတ်ပါဘူး။

" ချန်ပီယံရှစ်ဘောလုံးသမားတစ်ယောက်လုံးဝမဖြစ်လာနိုင်တဲ့ ရွာလေးမှာကျွန်တော်မွေးဖွားလာတာပါ။"

" မှတ်မိသေးတယ်။ကျွန်တော်ငယ်ငယ်တုန်းကပေါ့။ ကျွန်တော့်မိဘတွေက ကျွန်တော်ဟာ ဆရာတစ်ယောက်ဖြစ်လာဖို့စာလုပ်သင့်တယ်ပေါ့။ သူတို့ထင်တာက ဘောလုံးဟာ အချိန်ဖြုန်းတာပဲဖြစ်ပြီး ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးတဲ့။ကျွန်တော်အမြဲတမ်းပြောခဲ့တယ်။" ကျွန်တော့်အတွက် အဖေတို့အမေ တို့ကိုကူညီနိုင်မယ့်အရာက ဒီအလုပ်တစ်ခုပါပဲပေါ့။ပြီးတော့ ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ကျွန်တော့်မှာအခွင့်အရေးရှိပါတယ်။"

မာနေးက သူဟာ ပါတီကြိုက်တဲ့ သူမဟုတ်ကြောင်း၊သာယာတဲ့အေးချမ်းတဲ့ဘဝလေးကိုသာ အလိုရှိပြီး သူငယ်ချင်း၊မိဘ၊ဆွေမျိုးတွေ နဲ့အတူ အချိန်ကုန်ဆုံးချင်ကြောင်းပြောကြားခဲ့ပါသေးတယ်။

" ကျွန်တော် ဟာ ခရီးထွက်တာကြိုက်တဲ့လူမဟုတ်သလို ပါတီတွေကြိုက်တဲ့သူလည်းမဟုတ်ပါဘူး။ကျွန်တော်ဘောလုံးမကန်တော့ရင် ကျွန်တော့်သူငယ်ချင်း၊မိသားစုတွေနဲ့ အတူအချိန်တွေ ကုန်ဆုံးချင်ပါတယ်။အားလပ်ရက်အတွင်းမှာ ကျွန်တော့်ရွာလေးဆီအမြဲပြန်လေ့ရှိပြီး ငယ်သူငယ်ချင်းတွေ၊မိသားစုတွေနဲ့အတူ အချိန်တွေကုန်ဆုံးလေ့ရှိပါတယ်။"

လွန်ခဲ့တဲ့ ၂နှစ်က ဆောက်တမ်တန် အသင်းကနေ ပေါင် ၃၄ သန်းဖြင့်ပြောင်းရွှေ့လာတဲ့ ဆီနီဂေါတိုက်စစ်ကစားသမားမာနေး က သူဟာ ဒီထက်ပိုမို တိုးတက်ဖို့ရှိသေးတယ်လို့ပြောကြားခဲ့ပါတယ်။

" ကျွန်တော်ဟာ နည်းလမ်းပေါင်းစုံနဲ့ တိုးတက်မှုတွေရှိနေပါတယ်။ကျွန်တော်အရမ်းပျော်ပါတယ်။ဒါဟာ ကျွန်တော် လီဗာပူးဆီရောက်ရင် အဖြစ်ချင်ဆုံးဆန္ဒပါပဲ။နောက်ထပ်တိုးတက်ဖို့လိုသေးတဲ့အရာတွေအများကြီးကျန်သေးတယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့် ကျွန်တော်အလုပ်ကို ပိုကြိုးစားပြီးလုပ်နေပါတယ်။"

No comments

Powered by Blogger.