စစ္မွန္တဲ့အရည္အေသြးကို သက္ေသျပလိုက္တဲ့ အာဆင္နယ္တိုက္စစ္မွဴးဝဲလ္ဘတ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အာဆင္နယ္တိုက္စစ္မွဴး ဝဲလ္ဘတ္ဟာ မေန ့ညကယွဥ္ၿပိဳင္ကစားခဲ့တဲ့ကရာေဘာင္ဖလားၿပိဳင္ပြဲရဲ႕ ဘရန္႔ဖို ့ဒ္နဲ႔ ပြဲမွာ နည္းျပအမ္မရီရဲ႕ ပြဲထြက္လူစာရင္းမွာပါဝင္ခဲ့ၿပီး သြင္းဂိုး ၂ ဂိုးထိရယူေပးခဲ့ကာ သူ ့ရဲ႕ အရည္အေသြးေကာင္းကိုသက္ေသျပခဲ့ပါတယ္။
အာဆင္နယ္အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ အူဘာမီယန္း နဲ႔ လာကာဇက္တို ့ရဲ႕ ေနာက္မွာသာ နည္းျပအမ္မရီရဲ႕ ေရြးခ်ယ္ျခင္းခံရတဲ့ တိုက္စစ္မွဴး ဝဲလ္ဘတ္ဟာ အသင္းအတြက္လိုအပ္ရင္ ေတာင္ပံတိုက္စစ္ထြက္ကစားရသလို တိုက္စစ္မွဴးအျဖစ္လည္း ပါဝင္ကစားရတာေၾကာင့္ တစ္ခ်ိန္က မန္ယူႏိုက္တက္မွာ ထြန္းေတာက္ခဲ့တဲ့ အခ်ိန္ေတြကို အခုအခ်ိန္ အာဆင္နယ္မွာ ျပန္လည္ရရွိလာေတာ့မွာလား ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။
၂၀၁၄ ခုႏွစ္ စက္တင္ဘာက ယူႏိုက္တက္ကေနေျပာင္းေရႊ ့လာတဲ့ ဝဲလ္ဘတ္ဟာ အမ္မရိတ္စ္မွာ နံပါတ္ ၉ ကစားသမားအျဖစ္ ပြဲထြက္ကစားခဲ့ေနေသာ္လည္း ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ေနရတာေၾကာင့္ သူ ့ရဲ႕ အာဆင္နယ္ကစားသမားဘဝ ၄ႏွစ္တာအခ်ိန္အမ်ားစုဟာ အရန္ခံုမွာသာ ကုန္ဆံုးေနခဲ့ရပါတယ္။
သူ ့ရဲ႕ အာဆင္နယ္အသင္းအတြက္ ပထမဆံုး ဟတ္ထရစ္ကို ၂၀၁၄ ခုႏွစ္ ခ်န္ပီယံလိပ္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဂလာတာစာေရးနဲ႔ ပြဲမွာသြင္းယူခဲ့ၿပီး ၂၀၁၇ FA ဖလား ဖိုင္နယ္မွာလည္း ခ်ဲလ္ဆီးဘက္ကို အႏိုင္ဂိုးသြင္းယူၿပီး အာဆင္နယ္ကို ခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ေပးခဲ့ပါတယ္။
" ကၽြန္ေတာ္ဒီကိုေရာက္ခါစ အားလပ္ရက္တုန္းက ဝဲလ္ဘတ္ကို စကားေျပာခဲ့ပါတယ္။ သူကစားသမားဘဝတစ္ေလွ်ာက္ အေကာင္းဆံုးစြမ္းေဆာင္ရည္ကို လိုခ်င္တယ္။အဲ့အတြက္ အလုပ္ႀကိဳးစားလုပ္ခိုင္းခဲါတယ္။"
" ဒီႏွစ္မွာ သူ ့အရည္အေသြးေတြ ပိုတိုးတက္ေအာင္ ကၽြန္ေတာ္တို ့ကူညီေပးမွာပါ။ဂိုးေတြ၊ ပံပိုးေပးမႈေတြ၊ နဲ႔ အျခားၿပိဳင္ဘက္ေတြကို ျမန္ျမန္ဆန္ဆန္ဖိအားေပးကစားဖို ့ကူညီေစခ်င္တာပါ။" လို ့ နည္းျပအမ္မရီကပြဲအၿပီးေျပာၾကားခဲ့ပါတယ္။
ဝဲလ္ဘတ္ဟာ ဒီရာသီ နည္းျပအမ္မရီရဲ႕ အသင္းမွာအဓိကကစားသမားတစ္ေယာက္မဟုတ္ေသာ္လည္း ဝက္စ္ဟမ္းကို ၃-၁ ျဖင့္အႏိုင္ရတဲ့ပြဲမွာ အရန္ခံုကေန ဝင္ေရာက္ကစားၿပီး ဂိုးသြင္းယူခဲ့သလို ယူ႐ိုပါလိပ္အုပ္စုပြဲျဖစ္တဲ့ Vorskla ကို ၄-၂ ျဖင့္အႏိုင္ရတဲ့ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
အသက္၂၇ ႏွစ္အရြယ္ အဂၤလန္တိုက္စစ္မွဴးဟာ မေန ့ည က ကရာေဘာင္ဖလားၿပိဳင္ပြဲမွာေတာ့ ဘရန္႔ဖို ့ဒ္ အသင္းဘက္ကိုပြဲကစားခ်ိန္ ၅ မိနစ္အတြင္းမွာတင္ ဦးေဆာင္ဂိုးရယူခဲ့ၿပီး ၃၇ မိနစ္အေရာက္မွာလည္း ဒုတိယဦးေဆာင္ဂိုးကို ရယူခဲ့ပါတယ္။
ဒုတိယပိုင္းေရာက္မွာေတာ့ ဟတ္ထရစ္ရယူဖို ့ ဝဲလ္ဘတ္တစ္ေယာက္ ႀကိဳးစားခဲ့ပင္မယ့္ ကံမေကာင္းခဲ့ပါဘူး။
ဒီရာသီ လာကာဇက္၊အူဘာမီးယန္း တို ့ေနာက္မွာေတာ့ ပြဲထြက္ခြင့္ရခဲ့တဲ့ ဝဲလ္ဘတ္အေနနဲ႔ ေနာက္လာမယ့္ပြဲစဥ္ေတြမွာသာ ပံုမွန္ပြဲထြက္ခြင့္ရပါက သူ ့ရဲ႕ လုပ္အားနႈန္းေတြနဲ႔ အသင္းကို ဒီထက္ပိုအက်ိဳးျပဳႏိုင္ပါတယ္။
ဒါ့အျပင္ ဒီရာသီမွာလည္း စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာျဖစ္တာေၾကာင့္ နည္းျပအမ္မရီအေနနဲ႔ ဝဲလ္ဘတ္ကို ပြဲထြက္ခြင့္တစ္ခ်ိဳ ့ေပးၿပီး ေခၽြးသိပ္ထားႏိုင္တာအမွန္ပါပဲ။
(Unicode)
စစ်မှန်တဲ့အရည်အသွေးကို သက်သေပြလိုက်တဲ့ အာဆင်နယ်တိုက်စစ်မှူးဝဲလ်ဘတ်
အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘတ်ဟာ မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ကရာဘောင်ဖလားပြိုင်ပွဲရဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ နည်းပြအမ်မရီရဲ့ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုးထိရယူပေးခဲ့ကာ သူ့ရဲ့ အရည်အသွေးကောင်းကိုသက်သေပြခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်း နဲ့ လာကာဇက်တို့ရဲ့ နောက်မှာသာ နည်းပြအမ်မရီရဲ့ ရွေးချယ်ခြင်းခံရတဲ့ တိုက်စစ်မှူး ဝဲလ်ဘတ်ဟာ အသင်းအတွက်လိုအပ်ရင် တောင်ပံတိုက်စစ်ထွက်ကစားရသလို တိုက်စစ်မှူးအဖြစ်လည်း ပါဝင်ကစားရတာကြောင့် တစ်ချိန်က မန်ယူနိုက်တက်မှာ ထွန်းတောက်ခဲ့တဲ့ အချိန်တွေကို အခုအချိန် အာဆင်နယ်မှာ ပြန်လည်ရရှိလာတော့မှာလား စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။
၂၀၁၄ ခုနှစ် စက်တင်ဘာက ယူနိုက်တက်ကနေပြောင်းရွှေ့လာတဲ့ ဝဲလ်ဘတ်ဟာ အမ်မရိတ်စ်မှာ နံပါတ် ၉ ကစားသမားအဖြစ် ပွဲထွက်ကစားခဲ့နေသော်လည်း ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝ ၄နှစ်တာအချိန်အများစုဟာ အရန်ခုံမှာသာ ကုန်ဆုံးနေခဲ့ရပါတယ်။
သူ့ရဲ့ အာဆင်နယ်အသင်းအတွက် ပထမဆုံး ဟတ်ထရစ်ကို ၂၀၁၄ ခုနှစ် ချန်ပီယံလိပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂလာတာစာရေးနဲ့ ပွဲမှာသွင်းယူခဲ့ပြီး ၂၀၁၇ FA ဖလား ဖိုင်နယ်မှာလည်း ချဲလ်ဆီးဘက်ကို အနိုင်ဂိုးသွင်းယူပြီး အာဆင်နယ်ကို ချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးခဲ့ပါတယ်။
" ကျွန်တော်ဒီကိုရောက်ခါစ အားလပ်ရက်တုန်းက ဝဲလ်ဘတ်ကို စကားပြောခဲ့ပါတယ်။ သူကစားသမားဘဝတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်ရည်ကို လိုချင်တယ်။အဲ့အတွက် အလုပ်ကြိုးစားလုပ်ခိုင်းခဲါတယ်။"
" ဒီနှစ်မှာ သူ့အရည်အသွေးတွေ ပိုတိုးတက်အောင် ကျွန်တော်တို့ကူညီပေးမှာပါ။ဂိုးတွေ၊ ပံပိုးပေးမှုတွေ၊ နဲ့ အခြားပြိုင်ဘက်တွေကို မြန်မြန်ဆန်ဆန်ဖိအားပေးကစားဖို့ကူညီစေချင်တာပါ။" လို့ နည်းပြအမ်မရီကပွဲအပြီးပြောကြားခဲ့ပါတယ်။
ဝဲလ်ဘတ်ဟာ ဒီရာသီ နည်းပြအမ်မရီရဲ့ အသင်းမှာအဓိကကစားသမားတစ်ယောက်မဟုတ်သော်လည်း ဝက်စ်ဟမ်းကို ၃-၁ ဖြင့်အနိုင်ရတဲ့ပွဲမှာ အရန်ခုံကနေ ဝင်ရောက်ကစားပြီး ဂိုးသွင်းယူခဲ့သလို ယူရိုပါလိပ်အုပ်စုပွဲဖြစ်တဲ့ Vorskla ကို ၄-၂ ဖြင့်အနိုင်ရတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အသက်၂၇ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ မနေ့ည က ကရာဘောင်ဖလားပြိုင်ပွဲမှာတော့ ဘရန့်ဖို့ဒ် အသင်းဘက်ကိုပွဲကစားချိန် ၅ မိနစ်အတွင်းမှာတင် ဦးဆောင်ဂိုးရယူခဲ့ပြီး ၃၇ မိနစ်အရောက်မှာလည်း ဒုတိယဦးဆောင်ဂိုးကို ရယူခဲ့ပါတယ်။
ဒုတိယပိုင်းရောက်မှာတော့ ဟတ်ထရစ်ရယူဖို့ ဝဲလ်ဘတ်တစ်ယောက် ကြိုးစားခဲ့ပင်မယ့် ကံမကောင်းခဲ့ပါဘူး။
ဒီရာသီ လာကာဇက်၊အူဘာမီးယန်း တို့နောက်မှာတော့ ပွဲထွက်ခွင့်ရခဲ့တဲ့ ဝဲလ်ဘတ်အနေနဲ့ နောက်လာမယ့်ပွဲစဉ်တွေမှာသာ ပုံမှန်ပွဲထွက်ခွင့်ရပါက သူ့ရဲ့ လုပ်အားနှုန်းတွေနဲ့ အသင်းကို ဒီထက်ပိုအကျိုးပြုနိုင်ပါတယ်။
ဒါ့အပြင် ဒီရာသီမှာလည်း စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် နည်းပြအမ်မရီအနေနဲ့ ဝဲလ်ဘတ်ကို ပွဲထွက်ခွင့်တစ်ချို့ပေးပြီး ချွေးသိပ်ထားနိုင်တာအမှန်ပါပဲ။
Post a Comment