Header Ads


ဝေေ၀ဆာဆာစနေနေ့ နံနက်ခင်းနောက်ဆုံးရသတင်းများစုစည်းမှု



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။















ဆောက်တမ်တန်နဲ့ တွေ့ ဆုံမယ့် ပရီးမီးယားလိပ်ပွဲမှာ ရှာကွီရီ နဲ့ အတူ စတာရစ်ခ်ျ၊ဖာမီနိုတို့ ပါ တွဲဖက်ပါဝင်နိုင်တယ်လို့ လီဗာပူးနည်းပြကလော့က အတည်ပြုပြောကြားလိုက်ပါတယ်။

(Unicode)


-ယနေ့ညယှဉ်ပြိုင်ကစားမယ့် ဝုလ်ဗ်အသင်းနဲ့ ပွဲမှာ ဆန်းချက်စ်ပါဝင်ကစားမှာဖြစ်ပြီး မာရှယ်ဟာ Young Boys နဲ့ပွဲမှာ မိနစ်၉၀ လုံးပါဝင်ကစားခဲ့တာဖြစ်တာကြောင့် ထည့်သုံးမှာမဟုတ်ဘူးလို့နည်းပြမော်ရင်ဟိုက အတည်ပြုပြောကြားလိုက်ပါတယ်။




-ရီးရဲလ်ဥက္ကဋ္ဌ ပီးရက်ဇ်က ရိုနယ်ဒိုဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်သာ ရီးရဲလ်အသင်းကနေထွက်ခွာခဲ့တာဖြစ်ကြောင်း ရီးရဲလ်ဟာ သူ့ရဲ့ အိမ်လို အမြဲဖြစ်နေပါလိမ့်မယ်လို့ဆိုသွားပါတယ်။


-နေမာဟာ သူ့ရဲ့ အိုင်ဒေါလ်တစ်ယောက်ပါလို့ဘရာဇီးအသင်းနဲ့ အဲဗာတန်တိုက်စစ်မှူး ရစ်ချက်လီဆန်ကဆိုသွားပါတယ်။



ပေါလ်ပေါ့ဘာရဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုက ယူနိုက်တက်ကို နိုင်ပွဲတွေနဲ့ အတူ တဖြည်းဖြည်းအရှိန်လာအောင်ကူညီပေးလိမ့်မယ်လို့နည်းပြမော်ရင်ဟို ကဆိုလိုက်ပါတယ်။



ကျွန်တော်အသင်းဟာ ရင်ဆိုင်ရသမျှ အသင်းတွေအတွက် ခက်ခဲပြီး ဒုက္ခရောက်စေမယ့် အသင်းသာဖြစ်လိုတယ်လို့လီဗာပူးနည်းပြကလော့ကပြောကြားလိုက်ပါတယ်။



သူ့ရဲ့ကစားသမားတွေဟာ ပွဲပမ်းမှုဒဏ် မရှိပါဘူးလို့ တော့တင်ဟမ်နည်းပြပိုချက်တီနိုက ငြင်းဆိုလိုက်ပါတယ်။




တောင်တင်ဟမ်အသင်းနဲ့ အာဂျင်တီးနားတောင်ပံကစားသမား လာမယ်လာက သူ့ရဲ့ နိုင်ငံအသင်းဖော် မက်ဆီဟာ သူမြင်ဖူးသမျှကစားသမားတွေထဲအကောင်းဆုံးကစားသမားတစ်ယောက်ပါလို့ပြောကြားလိုက်ပါတယ်။



ဆောက်တမ်တန်နဲ့ တွေ့ဆုံမယ့် ပရီးမီးယားလိပ်ပွဲမှာ ရှာကွီရီ နဲ့ အတူ စတာရစ်ချ်၊ဖာမီနိုတို့ပါ တွဲဖက်ပါဝင်နိုင်တယ်လို့လီဗာပူးနည်းပြကလော့က အတည်ပြုပြောကြားလိုက်ပါတယ်။

No comments

Powered by Blogger.