Header Ads


ဗုဒ္ဓဟူးနေ့ နံနက်နောက်ဆုံးရသတင်းတိုများစုစည်းမှု



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။



















(Unicode)

မနေ့ည က အိုထရက်ဖို့ဒ်ကွင်းမှာ ဒါဘီ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကရာဘောင်ဖလား round 3 မှာတော့ ပွဲကစားချိန်အတွင်း ၂-၂ ဖြင့်သရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ရှုံးနိမ့်ခဲ့တဲ့ အတွက် ပြိုင်ပွဲကနေထွက်ခဲ့ရတဲ့ယူနိုက်တက်အသင်းဟာ ဖိအားတွေအောက် ကျရောက်နေပြီး နည်းပြမော်ရင်ဟိုဟာလည်းအထုတ်ပယ်ခံရဖို့နီးစပ်နေကြောင်းသိရပါတယ်။

ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာက ဘာစီလိုနာအသင်းကိုပြောင်းချင်ကြောင်း နည်းပြမော်ရင်ဟိုကို ပြောကြားထားတယ်လို့ Daily Mailက ဖော်ပြထားပါတယ်။

ယူနိုက်တက်၂-၂ ဒါဘီ(၇-၈ပယ်နယ်တီ) ပွဲမှာ ဒါဘီအသင်းအတွက် ဖရီးကစ်ကနေချေပဂိုးသွင်းယူပေးခဲ့တဲ့ ဟာရီဝီလ်ဆန် ရဲ့ ဂိုးဟာ သူမြင်ဖူးသမျှ ဖရီးကစ်တွေထဲက အကောင်းဆုံးဂိုးတစ်ဂိုးလို့ရပ်နပ်က ချီးကျူးသွားပါတယ်။


အောက်စဖို့ဒ်ယူနိုက်တက်အသင်း ကို ၃-၀ ဖြင့်အနိုင်ရတဲ့ ကရာဘောင်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက်ခြေစွမ်းပြကစားပြီး ၁ဂိုးသွင်းယူပေးခဲ့တဲ့ ဖိုဒင်ကို ဒီကောင်လေးကတကယ့်စပယ်ရှယ်ပါပဲလို့နည်းပြဂွာဒီယိုလာက ချီးကျူးပြောဆိုလိုက်ပါတယ်။

လာမယ့်ခရစ်စမတ်စ်ကာလမှာ တော့တင်ဟမ်အသင်းဟာ သူတို့ရဲ့ အိမ်ကွင်းသစ်ဆီခြေချနိုင်တော့မှာဖြစ်တယ်လို့ နည်းပြပိုချက်တီနိုကပြောကြားလိုက်ပါတယ်။

လီဗာပူးလ်နည်းပြကလော့က အသင်းသားတွေကို ဒီရာသီ ကရာဘောင်ဖလားကို အရင်ရယူဖို့တိုက်တွန်းထားတယ်လို့သိရပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်အေဗရာမိုဗစ်ဟာ သူ့ရဲ့ ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ပေါင် ၂.၃ ဘီလီယံဖြင့် ကမ်းလှမ်းချက်ကိုငြင်းပယ်ခဲ့ပြီး ပေါင် ၃ဘီလီယံ အထိဈေးတင်ထားကြောင်းသိရပါတယ်။

No comments

Powered by Blogger.