Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
မန်ယူနိုက်တက်အသင်းနဲ့အခြေအနေကိုပြောပြခဲ့တဲ့ဖရဒ်
ယူနိုက်တက်အသင်းကစားသမားဖရဒ်ဟာ ရှက်တာဒိုးနက်အသင်းမှ ယူနိုက်တက်အသင်းထံကို ယခုနှစ်နွေရာသီအပြောင်းအရွေ့မှာရောက်ရှိခဲ့ပါတယ်။သူက ယခုထပ်ထိအသင်းမှာကောင်းစွာအခြေမကျသေးဘဲရှိပါတယ်။သူကတော့အသင်းမှာကစားရတာတဖြည်းဖြည်းလိုက်လျောညီထွေရှိလာပြီလို့ဆိုပါတယ်။
ဖရဒ်ကိုယူနိုက်တက်အသင်းကခေါ်ယူစဉ်က ပေါင်၅၃သန်းအထိကုန်ကျခံပြီး ယူကရိန်းမြေမှအင်္ဂလန်မြေကိုခေါ်ယူစေခဲ့ပါတယ်။
ဒီအတောအတွင်းမှာဖရဒ်ကသူရဲ့အရည်အချင်းအချို့ကိုထုတ်ဖော်ပြသခဲ့ပြီးပါပြီ၃ ။သူဟာ ရာသီအစပွဲစဉ်အချို့မှာဆိုးရွားလှတဲ့ခြေစွမ်းတွေနှင့်ကစားခဲ့ပြီး အဆိုးဆုံးပွဲကတော့
လက်စတာအသင်းနှင့်ပွဲစဉ်ပဲဖြစ်ပါတယ်။
"ကျွန်တော်အသင်းအတွက်ဂိုးသွင်းပေးနိုင်လို့အရမ်းပျော်ပါတယ်လို့ "ဖရဒ်က MUTVကိုပြောကြားခဲ့ပါတယ်။
"ကျွန်တော်အမြဲဒီလိုအခွင့်အရေးတွေအတွက်စိတ်နှစ်ပြီးကစားတယ်။ပြီးတော့ ကျွန်တော်သားကလည်းမွေးတော့မယ်။ဒီဂိုးက ကျွန်တော်အတွက်အရမ်းအရေးကြီးပါတယ်။ပြီးတော့ဒီလိုအမြဲပထမဆုံးအရာတွေပဲလုပ်ဖို့မျှော်လင့်ထားမိပါတယ်။"
"ကျွန်တော်များပြားလှတဲ့အရာတွေနဲ့လိုက်လျောညီထွေအောင်ကြိုးစားနေဆဲပါ။ကျွန်တော်အသင်းကိုပြောင်းလာပြီးထဲက အသင်းမှာကစားခဲ့တာ သေချာကောင်းကောင်းမွန်မွန်မရှိခဲ့ပါဘူး"
"အခု ကျွန်တော်အသင်းအတွက်ပထမဦးဆုံးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်မှာခံစားရတဲ့ပျော်ရွှင်မှုက အရမ်းကိုထူးခြားလွန်းပါတယ်"
ယူနိုက်တက်အသင်းဟာလာမည့်စနေနေ့မှာယှဉ်ပြိုင်ကစားမည့်ပရီးမီးယားလိဂ်ပွဲစဉ်အနေနှင့်လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။ဖရဒ်ကလည်းသူရဲ့အသင်းဖော်ဟောင်း ဖီလစ်ပီအန်ဒါဆင် နှင့်ပြန်လည်တွေဆုံရင်ဆိုင်ရမှာဖြစ်ပါတယ်။သူဟာယခုနှစ်ရာသီမစတင်ခင်လာဇီယိုအသင်းမှာပြောင်းရွေ့လာသူဖြစ်ပါတယ်။
"သူနဲ့ကျွန်တော်က ၂၀၀၉ခုနှစ်တုန်းကဘရာဇီးလ်လိဂ်မှာတူတူကစားခဲ့ဖူးပါတယ်"လို့ဖရဒ်ကဆိုပါတယ်။
"ကျွန်တော်တို့ U20 ကိုပါအမေရိကား ဖလားတူတူကစားခဲ့ပါတယ်။ပြီးတော့အိုလံပစ်ပြိုင်ပွဲရောပေါ့။သူကလေးစားအားကျစရာကောင်းတဲ့လူတစ်ယောက်ပါ။သူက ကျွန်တော်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပါ"
"သူဝက်စ်ဟမ်းကိုစာချုပ်ချုပ်တော့ ကျွန်တော်ကယူနိုက်တက်မှာစာချုပ်ချုပ်တယ်။ကျွန်တော်တို့တစိယောက်နဲ့တစ်ယောက်တွေ့တဲ့အချိန်ဘယ်လိုကစားမလဲပြောဖူးကြတယ်"
No comments
Powered by Blogger.