စနေနေ့ ပရီးမီးယားလိပ်ပွဲစဉ်များအပြီးနောက်ဆုံးရသတင်းတိုများ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ယူနိုက်တက်နည်းပြမော်ရင်ဟိုက ဝုလ်ဗ်အသင်းကို ၁-၁ ဖြင့်သရေကျတဲ့ ပွဲမှာ အသင်းသားတွေရဲ့ စွမ်ဆောင်ရည်နဲ့ပတ်သတ်ပြီး အခုလိုပြောကြားသွားပါတယ်။" သူတို့ရဲ့ အသက်ဟာ ဒီပွဲတစ်ပွဲပေါ်မှာပဲဆိုင်သလို လာကစားတဲ့ အသင်းတစ်သင်းနဲ့ သိပ်ကို သက်သောင့်သက်သာ ကစားနေတဲ့ ကျွန်တော်တို့အသင်းတို့ရဲ့ ပွဲပေါ့။ဒီလိုပွဲမျိုးမှာ အသင်းစွမ်းအားရဲ့ ၃၀ % လောက်နဲ့ မလုံလောက်တော့ပါဘူး။" လို့ပြောကြားခဲ့ပါတယ်။
ကာဒစ်ဖ် အသင်းကို ၅-၀ ဖြင့်အနိုင်ရခဲ့တဲ့ပွဲမှာ ၁ဂိုးသွင်းယူပေးခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး အဂူရို မှ ဒီထက်မက သွင်းဂိုးတွေအများကြီးမျှော်မှန်းထားတယ်လို့နည်းပြဂွာဒီယိုလာက ဆိုလိုက်ပါတယ်။
ဆောက်တမ်တန်အသင်းကို ၃-၀ ဖြင့် အနိုင်ရရှိတဲ့ပွဲမှာ ဒဏ်ရာရရှိသွားတဲ့ နောက်ခံလူ ဗန်ဒိုက်စ်ရဲ့ ဒဏ်ရာအခြေအနေဟာ မပြင်းထန်ဘူးလို့သိရပါတယ်။
ဝုလ်ဗ်အသင်းကို သရေကျခဲ့တဲ့ ပွဲအပြီး ယူနိုက်တက်ကွင်းလယ်လူ ဖယ်လာနီက ဝုလ်ဗ်အသင်းဟာ ကွင်းလယ်မှာတင်သူတို့အသင်းဘောလုံးကြာကြာကိုင်လို့မရအောင် အတင်းဖိကစားကြတာဖြစ်ကြောင်း၊သူတို့အနေနဲ့ ပိုကောင်းအောင်လုပ်နိုင်ပြီး အနိုင်ရယူချင်ကြောင်း၊အသင်းသားတိုင်း စိတ်ပျက်နေကြောင်း ပြောကြားခဲ့ပါတယ်။
မနေ့ည က ယူနိုက်တက်အသင်းအတွက် ၁ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဖရဒ်ဟာ အသင်းရဲ့ အယောက် ၅၀၀ မြောက် ဂိုးသွင်းတဲ့ သူအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဘရိုက်တန်အသင်းကို အနိုင်ရရှိခဲ့ပြီး ၃ပွဲဆက်ရှုံးပွဲကနေ ရုန်းထွက်နိုင်ခဲ့တာကြောင့် စပါးနည်းပြပိုချက်တီနိုက သူ့အသင်းသားတွေရဲ့စိတ်ဓာတ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။
Post a Comment