ဒီဘရိုင်းရဲ့ စာချုပ်ဖျက်သိမ်းကြေးတန်ဖိုးကို ပြောပြသွားတဲ့ နည်းပြဂွာဒီယိုလာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဘယ်လ်ဂျီယံစတား ဒီဘရိုင်းတစ်ယောက်ပြီးခဲ့တဲ့ဇန်နဝါရီလက မန်စီးတီးအသင်းနဲ့ ၆နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် သူ့ရဲ့ စာချုပ်ဖျကိသိမ်းကြေးဟာ အလွန်များပြားပါတယ်လို့ မန်စီးတီးနည်းပြဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။
မန်စီးတီးစတားဒီဘရိုင်းဟာ ရောင်းချဖို့မဟုတ်ကြောင်းနဲ့ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို သန်း ၂၅၀ ရှိတယ်လို့ဆိုလိုက်ပါတယ်။
ဒီဘရိုင်းဟာ မနှစ်ရာသီက မန်စီးတီးတို့စံချိန်တင်ရမှတ်နဲ့ ပရီးမီးယားလိပ်ဖလားဆွတ်ခူးခဲ့တဲ့နေရာမှာ အဓိက ကစားသမားဖြစ်လာခဲ့ပါတယ်။
ဒါပင်မယ့်လည်းဒီနှစ်မှာတော့မန်စီးတီးအသင်းဟာ ဒီဘရိုင်းရဲ့ ဒူဒဏ်ရာကြောင့်နိုဝင်ဘာလမတိုင်ခင်ထိ ဒီဘရိုင်းမပါပဲ ဖြတ်သန်းနေရတာပဲဖြစ်ပါတယ်။
" သူဟာ ရေလည်ကောင်းပါတယ်။သူဟာ အင်းတိုက်အားတိုက်ကြိုးစားတဲ့ကစားသမားပါ။" လို့ Universo Vadano နဲ့ အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။
" လိဒ်ယူနိုက်တက်မန်နေဂျာ မာဆယ်လိုပြောတာတော့ သူ့အကြိုက်ကစားသမားက ဒီဘရိုင်းတဲ့။သူဟာ အရာရာကို လုပ်ဆောင်နိုင်တယ်တဲ့"
"နောက်တစ်နေ့ကျကျွန်တော်သူ့မိဘတွေနဲ့ တွေ့ခဲ့တယ်။ ခင်ဗျားတို့သိတဲ့အတိုင်း မိဘတွေကို တွေ့ဖူးတာနဲ့ သူ့ကလေးတွေဟာ ဘယ်လိုပုံစံလည်း ခင်ဗျားသိမြင်နိုင်ပါတယ်။"
"သူဟာ မယုံကြည်နိုင်လောက်အောင်ကောင်းတဲ့ကောင်လေးပါ။ စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း၂၅၀။ကျွန်တော်စိတ်မကောင်းပါဘူး။သူဟာအသင်းအတွက်ရောင်းချမယ့်ကစားသမားမဟုတ်ပါဘူး။"
ဂွာဒီယိုလာက သူဟာ နည်းပြဘဝစတင်ခဲ့တဲ့ ဘာစီလိုနာ B အသင်းမှာ ပြန်လည်နည်းပြဖို့ရည်ရွယ်ထားတဲ့အပြင် နိုင်ငံအသင်းတစ်သင်းကိုလည်း အခွင့်အရေးရပါက ကိုင်တွယ်ချင်ကြောင်းဆိုခဲ့ပါသေးတယ်။
" ကျွန်တော့်ကို အခွင့်အရေးပေးပြီး သူတို့သာ အလိုရှိမယ်ဆိုပါက ကျွန်တော် နိုင်ငံအသင်းနည်းပြအဖြစ် လုပ်ချင်ပါသေးတယ်။ကျွန်တော်ကြိုးစားချင်ပါတယ်။ကျွန်တော်ဒါနဲ့ ပတ်သတ်ပြီး အရမ်းကို စူးစမ်းသိချင်စိတ်ဖြစ်နေတာပါ။"
ဒီဘရိုင်းလိုပဲ အသက် ၄၇ နှစ်အရွယ် ဘာစီလိုနာနဲ့ ဘိုင်ယန်နည်းပြဟောင်း ဂွာဒီယိုလာဟာ အီတီဟဒ်မှာ စာချုပ်သက်တမ်းတိုးပြီး အခြေကျလာတာကိုတွေ့ရပါတယ်။
" ဟုတ်ကဲ့။ ကျွန်တော် စာချုပ်သက်တမ်းတိုးထားပါတယ်။ ကျွန်တော်တကယ်ပျော်ပါတယ်။ကျွန်တော့်ကို စိတ်ဝင်စားတဲ့ ကလပ်မှာရှိတဲ့အတွက် အကာအကွယ်ရသလို ခံစားရပါတယ်။"
Post a Comment