ရွာကြီရီကို ပြဲအတြင္းဆူပူႀကိမ္းေမာင္းေနတဲ့ လီဗာပူးလ္နည္းျပဂ်ာဂန္ကေလာ့
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ္မန္ေနဂ်ာ ဂ်ာဂန္ကေလာ့ဟာ ကရာေဘာင္ဖလားၿပိဳင္ပြဲ round 3 ျဖစ္တဲ့ ခ်ဲလ္ဆီးအသင္းကိုရံႈးနိမ့္ခဲ့တဲ့ပြဲမွာ ကြင္းလယ္လူ ရွာကြီရီကို ပြဲကစားေနခ်ိန္အတြင္းေဒါသတႀကီးဆူပူႀကိမ္ေမာင္းခဲ့ပါတယ္။
လီဗာပူးလ္အသင္းဟာ တိုက္စစ္မွဴး စတာရစ္ခ်္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ေနေသာ္လည္း ခ်ဲလ္ဆီးကစားသမားေတြျဖစ္တဲ့ အီမာဆန္၊ဟာဇက္တို ့က ေခ်ပဂိုး၊အႏိုင္ဂိုးသြင္းယူသြားခဲ့တာေၾကာင့္ ရွာကြီရီဟာ စိတ္ပ်က္လက္ပ်က္ နဲ႔ ကြင္းထဲကေန ထြက္ခြာသြားခဲ့ပါတယ္။
ပြဲအၿပီး ရွာကြီရီ ရဲ႕ ေျပာစကားမ်ားအရ သူဟာ ပြဲၿပီးခါနီး ရရွိတဲ့ ဖရီးကစ္ကို သူ ကန္သြင္းယူသင့္ေၾကာင္း၊အသင္းေခါင္းေဆာင္ ဟန္ဒါဆင္က အဆိုပါဖရီးကစ္ကို ျဖဳန္းတီးခဲ့တယ္လို ့ထြက္ဆိုသြားခဲ့ပါတယ္။
နည္းျပကေလာ့ က ရွာကြီရီကို မိုဟာမက္ဆာလာဆီ ေဘာလံုးေရာက္ရွိဖို ့ ေပးပို ့ခိုင္းတာျဖစ္ေသာ္လည္း အသင္းေခါင္းေဆာင္ဟန္ဒါဆင္က ဘာမွမလုပ္ႏိုင္တဲ့ အသင္းေဖာ္ေလာဗရန္ကို ေပးပို ့ဖို ့ရည္ရြယ္ခဲ့ပါတယ္။
" ကၽြန္ေတာ္ ဖရီးကစ္အေၾကာင္းေျပာခဲ့တာပါ။ေနာက္ဆံုးအလံုးေပါ့။မိုဆီ ေဘာလံုးက်ေရာက္ဖို ့ကၽြန္ေတာ္တို ့လိုခ်င္တာပါ။မိုဆီေဘာလံုးျဖန္ ့ခဲ့ပါတယ္။ကစားသမားေတြအားလံုးက တစ္ေနရာထဲစုေနတာပါ။ကၽြန္ေတာ္တို ့ဂိုးသြင္းမယ့္ေနရာမွာစုေနတာေပါ့။" လို ့ကေလာ့ကေျပာၾကားခဲ့ပါတယ္။
" ဒါပင္မယ့္ မိုဆီကိုသာ တစ္ေယာက္ခ်င္းေတြ ့ၿပီး ဂိုးသြင္းႏိုင္မယ့္ အေျခအေနမ်ိဳးဖန္တီးေပးလိုက္ရင္ ဒီေလာက္ႀကီးဆိုးရြားသြားမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္ေျပာတာေတြက ဖရီးကစ္အေၾကာင္းပါပဲ။က်န္တာဘာမွမဟုတ္ပါဘူး။"
ဒါပင္မယ့္လည္း ကေလာ့ဟာ ပြဲကစားခ်ိန္အတြင္း ရွာကြီရီ နဲ႔ပတ္သတ္ၿပီး စိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့တာေတြ ့ရပါတယ္။
ဂ်ာမန္လူမ်ိဳးနည္းျပႀကီးဟာ ပြဲကစားခ်ိန္အတြင္း ျမက္ခင္းေပၚလဲေနတာကေနထၿပီး လိုက္လံဖိအားေပးကစားဖို ့ ရွာကြီရီကို လက္ညိဳးထိုးၫႊန္ၾကားေနတာကိုေတြ ့ရပါတယ္။
ရွာကြီရီဟာ ပယ္နယ္တီဧရိယာ အတြင္း လဲက်ၿပီး ပယ္နယ္တီရဖို ့ ျမက္ခင္းေပၚထိုင္ေစာင့္ေနတာေၾကာင့္ ကေလာ့က သူ ့ကို ထၿပီး ေဘာလံုးကို ျပန္လုဖို ့ႀကိဳးစားခိုင္းတာပဲျဖစ္ပါတယ္။
(Unicode)
ရှာကွီရီကို ပွဲအတွင်းဆူပူကြိမ်းမောင်းနေတဲ့ လီဗာပူးလ်နည်းပြဂျာဂန်ကလော့
လီဗာပူးလ်မန်နေဂျာ ဂျာဂန်ကလော့ဟာ ကရာဘောင်ဖလားပြိုင်ပွဲ round 3 ဖြစ်တဲ့ ချဲလ်ဆီးအသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်လူ ရှာကွီရီကို ပွဲကစားနေချိန်အတွင်းဒေါသတကြီးဆူပူကြိမ်မောင်းခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး စတာရစ်ချ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေသော်လည်း ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ အီမာဆန်၊ဟာဇက်တို့က ချေပဂိုး၊အနိုင်ဂိုးသွင်းယူသွားခဲ့တာကြောင့် ရှာကွီရီဟာ စိတ်ပျက်လက်ပျက် နဲ့ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။
ပွဲအပြီး ရှာကွီရီ ရဲ့ ပြောစကားများအရ သူဟာ ပွဲပြီးခါနီး ရရှိတဲ့ ဖရီးကစ်ကို သူ ကန်သွင်းယူသင့်ကြောင်း၊အသင်းခေါင်းဆောင် ဟန်ဒါဆင်က အဆိုပါဖရီးကစ်ကို ဖြုန်းတီးခဲ့တယ်လို့ထွက်ဆိုသွားခဲ့ပါတယ်။
နည်းပြကလော့ က ရှာကွီရီကို မိုဟာမက်ဆာလာဆီ ဘောလုံးရောက်ရှိဖို့ ပေးပို့ခိုင်းတာဖြစ်သော်လည်း အသင်းခေါင်းဆောင်ဟန်ဒါဆင်က ဘာမှမလုပ်နိုင်တဲ့ အသင်းဖော်လောဗရန်ကို ပေးပို့ဖို့ရည်ရွယ်ခဲ့ပါတယ်။
" ကျွန်တော် ဖရီးကစ်အကြောင်းပြောခဲ့တာပါ။နောက်ဆုံးအလုံးပေါ့။မိုဆီ ဘောလုံးကျရောက်ဖို့ကျွန်တော်တို့လိုချင်တာပါ။မိုဆီဘောလုံးဖြန့်ခဲ့ပါတယ်။ကစားသမားတွေအားလုံးက တစ်နေရာထဲစုနေတာပါ။ကျွန်တော်တို့ဂိုးသွင်းမယ့်နေရာမှာစုနေတာပေါ့။" လို့ကလော့ကပြောကြားခဲ့ပါတယ်။
" ဒါပင်မယ့် မိုဆီကိုသာ တစ်ယောက်ချင်းတွေ့ပြီး ဂိုးသွင်းနိုင်မယ့် အခြေအနေမျိုးဖန်တီးပေးလိုက်ရင် ဒီလောက်ကြီးဆိုးရွားသွားမှာမဟုတ်ပါဘူး။ ကျွန်တော်ပြောတာတွေက ဖရီးကစ်အကြောင်းပါပဲ။ကျန်တာဘာမှမဟုတ်ပါဘူး။"
ဒါပင်မယ့်လည်း ကလော့ဟာ ပွဲကစားချိန်အတွင်း ရှာကွီရီ နဲ့ပတ်သတ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာတွေ့ရပါတယ်။
ဂျာမန်လူမျိုးနည်းပြကြီးဟာ ပွဲကစားချိန်အတွင်း မြက်ခင်းပေါ်လဲနေတာကနေထပြီး လိုက်လံဖိအားပေးကစားဖို့ ရှာကွီရီကို လက်ညိုးထိုးညွှန်ကြားနေတာကိုတွေ့ရပါတယ်။
ရှာကွီရီဟာ ပယ်နယ်တီဧရိယာ အတွင်း လဲကျပြီး ပယ်နယ်တီရဖို့ မြက်ခင်းပေါ်ထိုင်စောင့်နေတာကြောင့် ကလော့က သူ့ကို ထပြီး ဘောလုံးကို ပြန်လုဖို့ကြိုးစားခိုင်းတာပဲဖြစ်ပါတယ်။
Post a Comment