Header Ads


ဝက်ဖို့ ဒ်အသင်းနဲ့ပွဲမတိုင်ခင်ယူနိုက်တက်အသင်းရဲ့နောက်ဆုံးရသတင်းတိုများ







Unicode သမားများအောက်ဆွဲဖတ်ပေးပါ။















(Unicode)

ယူနိုက်တက်ကွင်းလယ်လူပေါလ်ပေါ့ဘာဟာ အသင်းကနေထွက်ခွာချင်တယ်လို့ဘယ်တုန်းကမှသူ့ကိုမပြောခဲ့ဖူးကြောင်း၊ဒါဟာတကယ်အမှန်ဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက ဝန်ခံပြောကြားလိုက်ပါတယ်။

အသင်းရဲ့တိုက်စစ်မှူး မားကပ်စ်ရပ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းရဲ့ နည်းစနစ်ပိုင်း အကန့်အသတ်ကြောင့် ကွင်းလယ်လူနေရာအဖြစ်ကစားရမှာဖြစ်တယ်လို့ဆိုလိုက်ပြီး ယူနိုက်တက်အသင်းရဲ့ တိုက်စစ်၃ယောက်တွဲနေရာမှာ သူကောင်းကောင်းကစားနိုင်တယ်လို့မော်ရင်ဟိုက ဆိုလိုက်ပါတယ်။

ဒဏ်ရာမှပြန်လည်သက်သာလာတဲ့ မားကပ်စ်ရိုဂျိုဟာ U23 အသင်းအတွက်ကစားပေးရင်း ဒဏ်ရာပြန်ရရှိသွားခဲ့တယ်လို့သိရပါတယ်။

အင်္ဂလန်နဲ့ စပိန်ပွဲကိုလာကြည့်ရင်း ဝင်ဘာလေကွင်းရဲ့ အဝင်ဝမှာ ကြိုးတန်းနီကို တိုက်ပြီး လဲကျခဲ့တဲ့မော်ရင်ဟိုက ဒါဟာသူ ရည်ရွယ်ချက်ရှိရှိနဲ့ လဲကျခဲ့တာဖြစ်ကြောင်း ၊သူ့ရဲ့ ဖုန်းကိုကာကွယ်ခဲ့တာဖြစ်ပြီး ပယ်နယ်တီမဟုတ်ကြောင်း၊အဝါကဒ်လောက်တော့ပြသင့်တယ်လို့အရွှန်းဖောက်သွားပါတယ်။


မာရှယ်ကို ယူနိုက်တက်တို့ရောင်းမထုတ်နိုင်တဲ့ အဓိက အချက်က မာရှယ်ကို ရောင်းချရာမှ ရတဲ့ အမြတ်တစ်ဝက်တိတိကိုအသင်းဟောင်းမိုနာကိုဆီပေးချေရမှာဖြစ်တာကြောင့်လို့ဆိုပါတယ်။

No comments

Powered by Blogger.