Header Ads


လူကာမိုဒရစ္နဲ ့ဆာလာတိုု ့ကိုု ခ်ီးက်ဴးစကားဆိုုခဲ့တဲ့ ရိုုနယ္ဒို



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဂ်ဴဗင္တပ္စ္အသင္းတိုက္စစ္မႈး ႐ိုနယ္လ္ဒို က သူရဲ႕အသင္းေဖာ္ေဟာင္း လူကာမိုဒရစ္ ကို FIFA The Bestဆုရ႐ွိခဲ့ျခင္းအေပၚဂုဏ္ယူဝမ္းေျမာက္ေၾကာင္းသတင္းစကားဆိုလိုက္ပါတယ္။

႐ိုနယ္လ္ဒိုက ပြတ္စ္ကပ္ဆုရ႐ွိခဲ့တဲ့လီဗာပူးလ္အသင္းတိုက္စစ္မႈး ဆာလာကိုလည္း ဂုဏ္ယူဝမ္းေျမာက္စကားဆိုခဲ့ပါတယ္။

"လူကာမုိဒရစ္ The Bestဆုရ႐ွိခဲ့တဲ့အေပၚ မိုဒရစ္ႏွင့္အတူထပ္တူထပ္မ်ွဝမ္းသာေပ်ာ္ရြင္ဂုဏ္ယူမိတယ္လို႔"သူရဲ႕ကိုယ္ပိုင္လူမႈကြန္ရက္ကေန႔တဆင့္ေျပာၾကားခဲ့ပါတယ္။




"ဆာလာအခုလိုကံဇာတာေကာင္းကာပြတ္စ္ကပ္ဆုကိုရ႐ွိခဲ့တဲ့အေပၚဝမ္းေျမာက္ဝမ္းသာျဖစ္မိပါတယ္။သူသြင္းယူခဲ့တဲဂိုးကလည္းအရမ္းကိုလွပေသသပ္လြန္းပါတယ္"



သူရဲ႕ပရိသတ္မ်ားႏွင့္ေတြ႔ဆံုစဥ္မွာ ပရိသတ္ေတြက ၿပီးခဲ့တဲ့ႏွစ္က႐ိုနယ္လ္ဒိုသြင္းယူခဲ့တဲ့အေကာင္းဆံုးဂိုးကိုေမးျမန္းရာ ႐ုိနယ္လ္ဒိုက ရယ္ေမာၿပီးေျဖၾကားခဲ့ပါတယ္။

"႐ိုး႐ိုးသားသားၾကစမ္းပါ။ကိုယ့္ကိုကုိယ္ကေလးလိုမလုပ္နဲ႔။ ကြၽန္ေတာ္သြင္းခဲ့တဲ့ဂိုးတိုင္းကေကာင္းတယ္"လို႔ေျဖၾကားခဲ့ပါတယ္။

႐ိုနယ္လ္ဒိုကတနလၤာေန႔ကက်င္းပခဲ့တဲ့FiFaကက်င္းပခဲ့တဲ့ဆုေပးပြဲကိုတက္ေရာက္ခဲ့ျခင္းမ႐ွိခဲ့ဘဲ ပထမဦးဆံုးအႀကိမ္အဆိုပါဆုေပးပြဲကေပးအပ္ခဲ့တဲ့ဆုအေၾကာင္းကိုေျပာၾကားခဲ့ပါတယ္။

"ဆုကေတာ့ဆုပါပဲ။ကြၽန္ေတာ္အႀကိမ္ႀကိမ္ရယူခဲ့ၿပီးပါၿပီ"လို႔သူကဆိုပါတယ္။


"ကြၽန္ေတာ္ေဘာလံုးကစားတာအႏိုင္ရဖို႔ကစားတာပါ။ဆုရဖို႔ကစားတာမဟုတ္ပါဘူး။ကြၽန္ေတာ္၁၅ႏွစ္အတြင္းအျမင့္ဆံုးအေနအထားေတြအဆင့္ေတြေရာက္႐ွိလာခဲ့ၿပီးပါၿပီ။ကြၽန္ေတာ္ဆုတံဆိပ္ေတြရ႐ွိတိုင္းေပ်ာ္ရႊင္မိပါတယ္"

(Unicode)

လူကာမိုဒရစ်နဲ့ဆာလာတို့ကို ချီးကျူးစကားဆိုခဲ့တဲ့ ရိုနယ်ဒို


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှုး ရိုနယ်လ်ဒို က သူရဲ့အသင်းဖော်ဟောင်း လူကာမိုဒရစ် ကို FIFA The Bestဆုရရှိခဲ့ခြင်းအပေါ်ဂုဏ်ယူဝမ်းမြောက်ကြောင်းသတင်းစကားဆိုလိုက်ပါတယ်။

ရိုနယ်လ်ဒိုက ပွတ်စ်ကပ်ဆုရရှိခဲ့တဲ့လီဗာပူးလ်အသင်းတိုက်စစ်မှုး ဆာလာကိုလည်း ဂုဏ်ယူဝမ်းမြောက်စကားဆိုခဲ့ပါတယ်။

"လူကာမိုဒရစ် The Bestဆုရရှိခဲ့တဲ့အပေါ် မိုဒရစ်နှင့်အတူထပ်တူထပ်မျှဝမ်းသာပျော်ရွင်ဂုဏ်ယူမိတယ်လို့"သူရဲ့ကိုယ်ပိုင်လူမှုကွန်ရက်ကနေ့တဆင့်ပြောကြားခဲ့ပါတယ်။

"ဆာလာအခုလိုကံဇာတာကောင်းကာပွတ်စ်ကပ်ဆုကိုရရှိခဲ့တဲ့အပေါ်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။သူသွင်းယူခဲ့တဲဂိုးကလည်းအရမ်းကိုလှပသေသပ်လွန်းပါတယ်"

သူရဲ့ပရိသတ်များနှင့်တွေ့ဆုံစဉ်မှာ ပရိသတ်တွေက ပြီးခဲ့တဲ့နှစ်ကရိုနယ်လ်ဒိုသွင်းယူခဲ့တဲ့အကောင်းဆုံးဂိုးကိုမေးမြန်းရာ ရိုနယ်လ်ဒိုက ရယ်မောပြီးဖြေကြားခဲ့ပါတယ်။

"ရိုးရိုးသားသားကြစမ်းပါ။ကိုယ့်ကိုကိုယ်ကလေးလိုမလုပ်နဲ့။ ကျွန်တော်သွင်းခဲ့တဲ့ဂိုးတိုင်းကကောင်းတယ်"လို့ဖြေကြားခဲ့ပါတယ်။

ရိုနယ်လ်ဒိုကတနင်္လာနေ့ကကျင်းပခဲ့တဲ့FiFaကကျင်းပခဲ့တဲ့ဆုပေးပွဲကိုတက်ရောက်ခဲ့ခြင်းမရှိခဲ့ဘဲ ပထမဦးဆုံးအကြိမ်အဆိုပါဆုပေးပွဲကပေးအပ်ခဲ့တဲ့ဆုအကြောင်းကိုပြောကြားခဲ့ပါတယ်။

"ဆုကတော့ဆုပါပဲ။ကျွန်တော်အကြိမ်ကြိမ်ရယူခဲ့ပြီးပါပြီ"လို့သူကဆိုပါတယ်။

"ကျွန်တော်ဘောလုံးကစားတာအနိုင်ရဖို့ကစားတာပါ။ဆုရဖို့ကစားတာမဟုတ်ပါဘူး။ကျွန်တော်၁၅နှစ်အတွင်းအမြင့်ဆုံးအနေအထားတွေအဆင့်တွေရောက်ရှိလာခဲ့ပြီးပါပြီ။ကျွန်တော်ဆုတံဆိပ်တွေရရှိတိုင်းပျော်ရွှင်မိပါတယ်"

No comments

Powered by Blogger.