ၾကီးေလးတဲ့ဲျပစ္ဒဏ္ထပ္မံခ်မွတ္ခံရမယ့္ေဒါက္ကလပ္စ္ေကာ္စတာ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ဴဗင္တပ္စ္အသင္းနည္းျပ အယ္လီဂရီက အသင္းရဲ႕ ေတာင္ပံကစားသမား ေဒါက္ဂလပ္စ္ေကာ္စတာရဲ႕ အျပဳအမူအတြက္ အျပစ္ဒဏ္ခ်မွတ္သြားမယ္လို႔ ဆက္ဆူအိုလိုနဲ႔ ပြဲအျပီးမွာ ေျပာဆိုလိုက္ပါတယ္။ အဆိုပါပြဲမွာ ေကာ္စတာဟာ ျပိဳင္ဘက္ ကစားသမားကို တံေတြးနဲ႔ ေထြးခဲ့ျပီး အားကစားသမား မပီသတဲ့ အမူအယာျပဳလုပ္ခဲ့ျပီး အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္စ္က ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ေရာ္နယ္ဒိုဟာ အသင္းအတြက္ ပထမဆံုးသြင္းဂိုးေတြ သြင္းယူေပးခဲ့ေပမယ့္လည္း အယ္လီဂရီက အသင္းရဲ႕ ကစားပံုအေပၚမွာ ေဒါသထြက္ေနတယ္လို႔လည္း သိရပါတယ္။ ဂ်ဴဗီကစားသမားေတြဟာ တစ္ဦးေကာင္း ကစားေနခဲ့ျပီး အသင္းလိုက္ ခ်ိတ္ဆက္ေဆာ့ကစားမႈ အားနည္းခဲ့တာကို အယ္လီဂရီက ေဒါသထြက္ေနတာ ျဖစ္ပါတယ္။
ေကာ္စတာကေတာ့ ဆက္ဆူအုိလိုကစားသမား ဒီဖရန္ဆက္စကိုနဲ႔ ေဘာလံုးကို ေျပးလႊားလုယူေနခဲ့ျပီးေနာက္ အခ်င္းမ်ားခဲ့တာ တံေထြးနဲ႔ ေထြးခဲ့တာ ျဖစ္ပါတယ္။ ဒီအျပဳအမူအတြက္ ေကာ္စတာဟာ ပြဲအျပီးမွာ သူ႔ရဲ႕ အင္စတာဂရမ္ကတဆင့္ ေတာင္းပန္စကားေျပာဆိုခဲ့ျပီး သူ႔လုပ္ရပ္အတြက္ ေနာင္တရေနခဲ့ပါတယ္။
"သူ႔အေနနဲ႔ လူခ်ကစားခံရတယ္ဆိုရင္ေတာင္မွ ဒီလိုမ်ိဳး အျဖစ္အပ်က္ မျဖစ္သင့္ပါဘူး၊ ဆြျပီးကစားတဲ့အေပၚမွာ ကၽြန္ေတာ္တို႔ေတြ နစ္၀င္သြားလို႔လည္း မရပါဘူး၊ ေကာ္စတာအေနနဲ႔ အနီကတ္ျပခံရတာ မွန္ကန္ပါတယ္၊ သူ႔ရဲ႕ အျပဳအမူအတြက္ ကၽြန္ေတာ္ ေတာ္ေတာ္ေလး အံ့အားသင့္ခဲ့ရပါတယ္၊ အသင္းကလည္ သူ႔အေပၚမွာ ျပစ္ဒဏ္ခ်မွတ္သြားမွာပါ" လို႔ အယ္လီဂရီက ေျပာၾကားခဲ့ပါတယ္။
ဂ်ဴဗင္တပ္စ္ကေတာ့ စီးရီးေအ (၄)ပြဲစလံုးကို အႏိုင္ရရွိထားျပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနျပီ ျဖစ္ပါတယ္။ ေရာ္နယ္ဒို ဂိုးေပါက္ရွာေတြ႕ခဲ့မႈနဲ႔အတူ ဂ်ဴဗင္တပ္စ္ရဲ႕ စီးရိီးေအ ခရီးလမ္းဟာ ျပိဳင္ဘက္ကင္းမဲ့ေနဆဲျဖစ္ျပီး အီတလီရဲ႕ အျမင့္ဆံုးလိဂ္ျပိဳင္ပြဲတစ္ခုကို လႊမ္းမိုးထားႏိုင္ဆဲ ျဖစ္ပါတယ္။ ဂ်ဴဗီဟာ လာမယ့္ ဗုဒၶဟူးေန႔မွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ အေ၀းကြင္းမွာ ဗလင္စီယာနဲ႔ ကစားရမွာ ျဖစ္ပါတယ္။
(Unicode)
ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အသင်းရဲ့ တောင်ပံကစားသမား ဒေါက်ဂလပ်စ်ကော်စတာရဲ့ အပြုအမူအတွက် အပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဆက်ဆူအိုလိုနဲ့ ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။ အဆိုပါပွဲမှာ ကော်စတာဟာ ပြိုင်ဘက် ကစားသမားကို တံတွေးနဲ့ ထွေးခဲ့ပြီး အားကစားသမား မပီသတဲ့ အမူအယာပြုလုပ်ခဲ့ပြီး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်က ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုဟာ အသင်းအတွက် ပထမဆုံးသွင်းဂိုးတွေ သွင်းယူပေးခဲ့ပေမယ့်လည်း အယ်လီဂရီက အသင်းရဲ့ ကစားပုံအပေါ်မှာ ဒေါသထွက်နေတယ်လို့လည်း သိရပါတယ်။ ဂျူဗီကစားသမားတွေဟာ တစ်ဦးကောင်း ကစားနေခဲ့ပြီး အသင်းလိုက် ချိတ်ဆက်ဆော့ကစားမှု အားနည်းခဲ့တာကို အယ်လီဂရီက ဒေါသထွက်နေတာ ဖြစ်ပါတယ်။
ကော်စတာကတော့ ဆက်ဆူအိုလိုကစားသမား ဒီဖရန်ဆက်စကိုနဲ့ ဘောလုံးကို ပြေးလွှားလုယူနေခဲ့ပြီးနောက် အချင်းများခဲ့တာ တံထွေးနဲ့ ထွေးခဲ့တာ ဖြစ်ပါတယ်။ ဒီအပြုအမူအတွက် ကော်စတာဟာ ပွဲအပြီးမှာ သူ့ရဲ့ အင်စတာဂရမ်ကတဆင့် တောင်းပန်စကားပြောဆိုခဲ့ပြီး သူ့လုပ်ရပ်အတွက် နောင်တရနေခဲ့ပါတယ်။
"သူ့အနေနဲ့ လူချကစားခံရတယ်ဆိုရင်တောင်မှ ဒီလိုမျိုး အဖြစ်အပျက် မဖြစ်သင့်ပါဘူး၊ ဆွပြီးကစားတဲ့အပေါ်မှာ ကျွန်တော်တို့တွေ နစ်ဝင်သွားလို့လည်း မရပါဘူး၊ ကော်စတာအနေနဲ့ အနီကတ်ပြခံရတာ မှန်ကန်ပါတယ်၊ သူ့ရဲ့ အပြုအမူအတွက် ကျွန်တော် တော်တော်လေး အံ့အားသင့်ခဲ့ရပါတယ်၊ အသင်းကလည် သူ့အပေါ်မှာ ပြစ်ဒဏ်ချမှတ်သွားမှာပါ" လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်ကတော့ စီးရီးအေ (၄)ပွဲစလုံးကို အနိုင်ရရှိထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပြီ ဖြစ်ပါတယ်။ ရော်နယ်ဒို ဂိုးပေါက်ရှာတွေ့ခဲ့မှုနဲ့အတူ ဂျူဗင်တပ်စ်ရဲ့ စီးရီးအေ ခရီးလမ်းဟာ ပြိုင်ဘက်ကင်းမဲ့နေဆဲဖြစ်ပြီး အီတလီရဲ့ အမြင့်ဆုံးလိဂ်ပြိုင်ပွဲတစ်ခုကို လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။ ဂျူဗီဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ဗလင်စီယာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
#Credit
Post a Comment