Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
"မော်ရင်ဟိုကပျော်ပျော်နေတတ်ပါတယ်။သူဟာ အနိုင်ပဲရ ယူချင်နေတာပါ။” ဘီကိုဗစ်
ယူနိုက်တက်အသင်းနည်းပြမော်ရင်ဟိုရဲ့အကြောင်းကိုချဲလ်ဆီးအသင်းကစားသမားဟောင်း ဘီကိုဗစ်ကပြောပြခဲ့ပါတယ်။မော်ရင်ဟိုဟာယခုနှစ်ရာသီမှာမာကျောခက်ထန်တဲ့ပုံစံနှင့်ရှိနေပါတယ်။
ယခုနှစ်ရာသီမော်ရင်ဟို ရဲ့ပုံစံဒီဇိုင်းကာလာဘာညာ အနေအထားကတော့ ယူနိုက်တက် အသင်းအတွက်မေးခွန်းထုတ်စရာဖြစ်နေပါတယ်။သို့သော်လည်းပဲ ချဲလ်ဆီးအသင်းဂိုးသမားဟောင်းဘီကိုဗစ်ကနည်းပြမော်ဖက် ဖာထေးကာ"သူကအားလုံးထပ်ပိုမိုအောင်မြင်ချင်တယ်တာကြောင့်ဖြစ်မှာပါ"
စပယ်ရှယ်ဝမ်းကြီးဟာရာသီမစခင်အရင်အပြောင်းအရွေ့ကာလက ကစားသမားခေါ်ယူမည့်ကိစ္စမှာအဖျက်ကယက်လုပ်ခဲ့တာကြောင့်အသင်းနှင့်အဆင်မပြေဖြစ်နေပါတယ်။
ရာသီစတင်တော့လည်းအသင်းက တက်ကြွမှုမရှိဘဲ ဘရိုင်တန်နှင့်စပါးအသင်းကိုရှုံးနိမ့်ခဲ့ပြီးစိတ်နဲ့လူ မကပ်သလိုဖြစ်နေခဲ့ပါတယ်။ဒါကြောင့်အိုးထရက်ဖို့ဒ်မှာရှိမည့်ရက်တွေကိုထိုင်ရေတွက်ဖို့ပဲကျန်ပါတော့တယ်။
မော်ရင်ဟိုက လက်ရှိဘန်လေနှင့်ဝက်ဖို့ဒ်အသင်းတို့ကိုအနိုင်ရရှိပြီးနောက် မျှော်လင့်ချက်တွေတိုးတက်လာခဲ့ကာအသင်းကိုချန်ပီယံလမ်းကြောင်းပေါ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။
ဘီကိုဗစ်က "ကျွန်တော် နဲ့သူချဲလ်ဆီးမှာတူတူရှိစဉ်က သူကတကယ်လူကောင်းပါ။ယူနိုက်တက်မှာအဲလိုပဲဆကိရှိနေမည်ဆိုတာကျွန်တော်ယုံကြည်တယ်။ပြီးတော့သူက အစွဲအလန်းကြီးပြီး စိတ်ခံစားလွယ်တဲ့နည်းပြပါ"လို့ Goalကိုပြောကြားခဲ့ပါတယ်။
"သူကခံစားချက်သမား သူအကုန်လုံးကိုပတ်ခံစားတယ်။အရာတစ်ခုက အသင်းအတွက်မကောင်းဖြစ်နေတာအဆင်မပြေဖြစ်တာ တို့ဆိုရင် သူအဲဒီအပေါ်ခံစားနေရောပဲ"
"သူကတခြားလူတွေထက်အောင်မြင်ချင်တယ်။ပြီးတော့သူအသင်းကိုအကောင်းဆုံးလုပ်ချင်တယ်။တစ်ခါတစ်လေသူရဲ့ထူးခြားတဲ့ပုံစံတွေလှုပ်ရှားမှုတွေကိုမင်းတွေ့မယ်လို့ထင်ပါတယ်။
မော်ရင်ဟို ဟာလက်ရှိအသင်းရဲ့ဂုဏ်သတင်းကျဆင်းနေတာကိုပြုပြင်နေပြီးသူဟာလက်ရှိအကောင်းဆုံးနည်းပြထဲကနည်းပြတစ်ဦးလည်းဖြစ်ပါတယ်။
ဘုန်းမောက်အသင်းဂိုးသမား ဘီကိုဗစ်က “ သူဟာ တကယ်ကောင်းတဲ့လူပါ။သူအတွက်ကစားပေးရတာကိုကြိုက်ပါတယ်။ကျွန်တော်အကြိုက်ဆုံးနည်းပြတွေထဲကတစ်ဦးပါ။သူအတွက်ကစားဖို့အဆင်သင့်ပါ။"
"သူရဲ့ပုံစံက ချစ်စရာကောင်းသလို၊ရယ်စရာလည်းကောင်းတယ်ပြီးတော့ဟာသဆန်တယ်။၊ဒါပေမယ့်သူတစ်ချိန်တည်းအားလုံးကိုဖြတ်ပြီးသူပြောချင်တာအရပေးနိုင်တယ်"
"အကယ်၍ သူစကားတစ်ခုခုကို တစ်ခြားနည်းလမ်းတစ်ခုနှင့်ပြောချင်လာပြီဆိုရင် မင်းကိုစံပြအနေနဲ့ပြောရရင်ပြောမယ်မဟုတ်ရင်အဲဒါက ဒီလိုရှိတယ်၊ဘယ်လို ဘာညာပြောတတ်ပါတယ်။"
ကျွန်တော်ထင်တယ်။ဒီအရာတွေကို ကစားသမားတွေကောင်းကောင်းလေးစားသင့်ပါတယ်။”
No comments
Powered by Blogger.