Header Ads


လီဗာပူးေနာက္ခံလူဗန္ဒိုက္စ္ကိုမုန္းတယ္လို ့ဖြင့္ဟေျပာၾကားခဲ့တဲ့ဝက္ဖို႔ဒ္တိုက္စစ္မွဴးဒယ္နီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဝက္ဖို ့ဒ္အသင္းရဲ႕ အသင္းေခါင္းေဆာင္တိုက္စစ္မွဴး ထ႐ိုေရးဒယ္နီကလီဗာပူးေနာက္ခံလူဗန္ဒိုက္စ္ကိုရင္ဆိုင္ရတာမုန္းတယ္လို ့ဝန္ခံေျပာၾကားလိုက္ပါတယ္။ဘာလို ့လဲဆိုေတာ့ ဗန္ဒိုက္စ္ဟာ အရမ္းအေကာင္ႀကီးတယ္။အရမ္းျမန္တယ္။ ေဘာလံုးကစားတာအရမ္းေကာင္းလြန္းလို ့ဆိုလိုက္ပါတယ္။

ဝက္ဖို ့ဒ္တိုက္စစ္မွဴးဟာ ဒီရာသီအသင္းကို ပရီးမီးယားလိပ္မွာ အဆင့္၄အတြင္းရရွိေအာင္ စြမ္းေဆာင္ထားၿပီး ၂ဂိုးထိသြင္းယူေပးထားပါတယ္။ၿပီးခဲ့တဲ့ရာသီ ယခုႏွစ္မတ္လ အတြင္း အန္ဖီးလ္အသင္းမွာ ၅-၀ ျဖင့္ရံႈးနိမ့္ခဲ့တဲ့ အတြက္ဝက္ဖို ့ဒ္အသင္းတိုက္စစ္မွဴးက ေနာက္တစ္ႀကိမ္ ဗန္ဒိုက္စ္အသင္းနဲ႔ ရင္ဆိုင္ေတြ ့ရမွာကို ထိတ္လန္ ့ေနပါတယ္။


" ကၽြန္ေတာ္အႀကိမ္ေပါင္းမ်ားစြာေျပာဖူးပါတယ္။သူ ့ကိုကၽြန္ေတာ္မုန္းတယ္။ သူနဲ႔ ရင္ဆိုင္ကစားရမွာကို မုန္းတာ။သူက အေကာင္အရမ္းႀကီးလြန္းတယ္။အရမ္းလည္းသန္မာတယ္။ျမန္လည္းျမန္တယ္။ေဘာလံုးအဖ်က္လည္းေကာင္းတယ္။ဖိုက္တင္လုပ္ရတာလည္း ႀကိဳက္တယ္။ ဆံပင္က လည္းအလန္းဗ်ာ" လို ့BBC Radio5 Lives ‘s Monday Night Club နဲ႔ အေတြ ့မွာေျပာဆိုခဲ့ပါတယ္။

ဗန္ဒိုက္စ္ဟာ ဒီရာသီ အသင္းရဲ႕ လူငယ္ေနာက္ခံလူ ဂ်ိဳလ္ဂိုမက္ဇ္နဲ႔ အတူေျခစြမ္းျပကစားေနၿပီး ဒယ္နီကေတာ့ အဆိုပါအဂၤလန္လူငယ္ေနာက္ခံလူ ဂိုမက္ဇ္ရဲ႕ အနာဂတ္ဟာ အရမ္းကို ထြန္းေတာက္ေနပါတယ္လို ့ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။



"အခ်ိန္အတန္ၾကာေအာင္ ကၽြန္ေတာ္ေျပာခဲ့ပါတယ္။ ဂ်ိဳလ္ဂိုမက္ဇ္ဆီကေန မ်ားျပားတဲ့ေလးစာမႈေတြ ကၽြန္ေတာ္ရရွိထားပါတယ္။သူဟာ လာမယ့္၁၅ ႏွစ္အထိအဂၤလန္ရဲ႕ ေနာက္ခံလူတစ္ေယာက္ျဖစ္ႏိုင္ပါတယ္။သူဟာ သားရဲတစ္ေကာင္လိုပါပဲ။ ဗန္ဒိုက္စ္လို ေနာက္ထပ္ကစားသမားတစ္ေယာက္ပါပဲ။သူဟာ ဒီထက္ပိုေကာင္းလာႏိုင္ပါတယ္။"


(Unicode)

လီဗာပူးနောက်ခံလူဗန်ဒိုက်စ်ကိုမုန်းတယ်လို့ဖွင့်ဟပြောကြားခဲ့တဲ့ဝက်ဖို့ဒ်တိုက်စစ်မှူးဒယ်နီ

ဝက်ဖို့ဒ်အသင်းရဲ့ အသင်းခေါင်းဆောင်တိုက်စစ်မှူး ထရိုရေးဒယ်နီကလီဗာပူးနောက်ခံလူဗန်ဒိုက်စ်ကိုရင်ဆိုင်ရတာမုန်းတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ ဗန်ဒိုက်စ်ဟာ အရမ်းအကောင်ကြီးတယ်။အရမ်းမြန်တယ်။ ဘောလုံးကစားတာအရမ်းကောင်းလွန်းလို့ဆိုလိုက်ပါတယ်။

ဝက်ဖို့ဒ်တိုက်စစ်မှူးဟာ ဒီရာသီအသင်းကို ပရီးမီးယားလိပ်မှာ အဆင့်၄အတွင်းရရှိအောင် စွမ်းဆောင်ထားပြီး ၂ဂိုးထိသွင်းယူပေးထားပါတယ်။ပြီးခဲ့တဲ့ရာသီ ယခုနှစ်မတ်လ အတွင်း အန်ဖီးလ်အသင်းမှာ ၅-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ အတွက်ဝက်ဖို့ဒ်အသင်းတိုက်စစ်မှူးက နောက်တစ်ကြိမ် ဗန်ဒိုက်စ်အသင်းနဲ့ ရင်ဆိုင်တွေ့ရမှာကို ထိတ်လန့်နေပါတယ်။

" ကျွန်တော်အကြိမ်ပေါင်းများစွာပြောဖူးပါတယ်။သူ့ကိုကျွန်တော်မုန်းတယ်။ သူနဲ့ ရင်ဆိုင်ကစားရမှာကို မုန်းတာ။သူက အကောင်အရမ်းကြီးလွန်းတယ်။အရမ်းလည်းသန်မာတယ်။မြန်လည်းမြန်တယ်။ဘောလုံးအဖျက်လည်းကောင်းတယ်။ဖိုက်တင်လုပ်ရတာလည်း ကြိုက်တယ်။ ဆံပင်က လည်းအလန်းဗျာ" လို့BBC Radio5 Lives ‘s Monday Night Club နဲ့ အတွေ့မှာပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်စ်ဟာ ဒီရာသီ အသင်းရဲ့ လူငယ်နောက်ခံလူ ဂျိုလ်ဂိုမက်ဇ်နဲ့ အတူခြေစွမ်းပြကစားနေပြီး ဒယ်နီကတော့ အဆိုပါအင်္ဂလန်လူငယ်နောက်ခံလူ ဂိုမက်ဇ်ရဲ့ အနာဂတ်ဟာ အရမ်းကို ထွန်းတောက်နေပါတယ်လို့ချီးကျူးပြောဆိုခဲ့ပါတယ်။

"အချိန်အတန်ကြာအောင် ကျွန်တော်ပြောခဲ့ပါတယ်။ ဂျိုလ်ဂိုမက်ဇ်ဆီကနေ များပြားတဲ့လေးစာမှုတွေ ကျွန်တော်ရရှိထားပါတယ်။သူဟာ လာမယ့်၁၅ နှစ်အထိအင်္ဂလန်ရဲ့ နောက်ခံလူတစ်ယောက်ဖြစ်နိုင်ပါတယ်။သူဟာ သားရဲတစ်ကောင်လိုပါပဲ။ ဗန်ဒိုက်စ်လို နောက်ထပ်ကစားသမားတစ်ယောက်ပါပဲ။သူဟာ ဒီထက်ပိုကောင်းလာနိုင်ပါတယ်။"

No comments

Powered by Blogger.