(Unicode)
ဝုဗ်အသင်းကိုသရေကျရတဲ့အကြောင်းအရင်းကိုဖွင့်ဟဝန်ခံပြောကြားခဲ့တဲ့မော်ရင်ဟို
ယူနိုက်တက်အသင်းဟာ မနေ့ညအိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုဖြစ်တဲ့ဝုဗ်အသင်းနှင့်ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေနှင့်အမှတ်ခွဲဝေယူလိုက်ရပါတယ်။
နည်းပြမော်ရင်ဟိုက သူအသင်းအနေအထားကိုကြည့်ပြီးမပျော်မရွင်ဖြစ်နေကာ သူအသင်းရဲ့တိုက်စစ်သမားတွေကိုကွင်းထဲဆင်းညွန်ကြားရတဲ့အထိရှိခဲ့ပါတယ်။
ယနေ့ပွဲစဉ်ကိုနည်းပြဟောင်းဖာဂူဆန်ဟာရောဂါဝေဒနာခွဲစိပ်မှုပြုလုပ်ပြီးနောက်ပိုင်းပထမဦးဆုံးအကြိမ် အိုးထရက်ဖို့ဒ်ကိုလာရောက်ကြည့်ရှုခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာအဆိုပါပွဲစဉ်မှာ ဆိုးရွားလှတဲ့ခြေစွမ်းဖြင့် ဝုဗ်အသင်းကိုယှဉ်ပြိုင်ကစားခဲ့ပါတယ်။ဝုဗ်အသင်းအတွက်အဝေးကွင်းတစ်မှတ်ကထိုက်တန်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာဖရဒ်က ၁၈မိနစ်မှာယူနိက်တက်အသင်းအတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဝုဗ်အသင်းအတွက်ချေပဂိုးကိုတော့ဒုတိယပိုင်း ၅၉မိနစ်မှာ မာတင်ဟိုကသွင်းယူပေးခဲ့ကာ သရေပွဲအဖြစ်အဆုံးသတ်စေခဲ့ပါတယ်။
ယူနိုက်တက် အသင်းဟာ တစ်ဦးချင်းလူကပ်အားနည်းခဲ့တဲ့အပြင် တိုက်စစ်မှုးတွေဖြစ်ကြတဲ့ လူကာကူ လင်ဂတ် ဆန်းချက်ဇ်တို့ကလည်းခြေစွမ်းပျောက်ဆုံးကာ မော်ရင်ဟို အတွက်ဒေါသဖြစ်စေခဲ့ပါတယ်။
"ဒါကမျှတတဲ့ရလဒ်လို့ကျွန်တော်ထင်တယ်။သူတို့ဒီအမှတ်နဲ့ထိုက်တန်ပြီး ကျွန်တော်အတွက်အပြစ်ပေးဖို့ဒီတစ်မှတ်ကလုံလောက်ထိုက်တန်နေပါပြီလို့ကျွန်တော်ထင်ပါတယ်"လို့ ပရီးမီးယားလိဂ် ရိုက်ကူးရေးကိုပြောကြားခဲ့ပါတယ်၊
"သူတို့က ပွဲစထဲက နိုင်လိုစိတ်ပိုမိုပြင်းထန်တယ်။တက်ကြွတယ်။ဘာလို့လဲတော့ကျွန်တော်မသိဘူး ဒါပေမယ့်သူတို့အသင်း၁၀မိနစ် ၁၅မိနစ်အတွင်း ပိုတက်ကြွလာတယ်။ပြီးတော့အသင်းကောင်းဆိုတာပြသပြီး အကောင်းဆုံးထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။"
"ကျွန်တော်တို့က ဒုတိယပိုင်းမှာအထနှေးတယ်။ပြီးတော့သူတို့ဂိုးသွင်းသွားတယ်။ပြီးတော့ လူအကုန်လုံးပိတ်ကစားလိုက်ကြရော"
"ရိုးရိုးသားသား ပြောရရင်ကျွန်တော့်အသင်းတိုက်စစ်သမားတွေကိုအများကြီးမျှော်လင့်ခဲ့တာဗျ။သူတို့က လှုပ်ရှားမှု ဖန်တီးမှု ပေါက်ကွဲအား မကောင်းကြဘူးဗျာ။ဒါကြောင့်သူတို့ကိုလွှမ်းမိုးပြီးထိန်းချုပ်ဖို့အတွက် လွယ်လင့်တကူ ပိတ်ဆို့သွားတယ်"
"အဲဒီလိုဖြစ်ပြီး ကျွန်တော်တို့တိုက်ရိုက်ဖောက်လို့ကြိုးစားခဲ့ကြတယ်။ပြဿနာအနည်းငယ်ဆီလည်းရှိခဲ့တယ်။သူတို့ရဲ့ပိတ်ကစားမှုကြောင့် ဒီထပ်ပိုပြီးထိုက်တန်တဲ့အမှတ်မရရှိခဲ့ပါဘူး။"
"ဒီလိုကစားပုံကကျွန်တော်ကိုအရမ်းအံသြသင်စေခဲ့ပါတယ်။
ကွင်းလယ်မှာပဲဘောလုံးကပျက်နေတာကိုဝန်ခံပါတယ်။ဝုဗ်က မာတင်ဟိုတို့ရူဘန်တို့ဘယ်လိုကစားလဲဆိုတာကျွန်တော်တို့သိတယ်။သူတို့က ကျွန်တော်လူတွေကိုဘောလုံးကိုင်ကစားဖို့အချိန်မပေးဘူး။ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အသင်းက ကစားပုံတွေ လှုပ်ရှားအားတွေ ဖန်တီးမှုတွေက ဒုံရင်းကဒုံရင်းပဲ ဘာမှမထူးလာဘူး"
"ဝုဗ်အသင်းက ပွဲကိုပွဲနဲ့တူအောင်ကစားခဲ့တယ်။သူတို့အမှတ်ရအောင်ယူသွားနိုင်ခဲ့တယ်ဘာလို့လဲဆိုတော့သူတို့ကစားသွားတာ ကျွန်တော်ကစားချင်တဲ့ပုံစံအတိုင်းကစားသွားတော့အမှတ်တစ်မှတ်ရသွားခဲ့တာပါ။ကစားတဲ့ဟန်က ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားသလိုကစားခဲ့ကြတာပါ"
"ဒီကစားပုံကိုကျွန်တော်အသင်းမှာပွဲတိုင်းကစားစေချင်ခဲ့တာ။ဒါပေမယ့်သူတို့အမြဲတလွဲလုပ်ပြီး အဲဒီပုံစံမရကြဘူး။ကျွန်တော်တို့မလုပ်နိုင်ခဲ့ကြဘူး"
"ကစားပုံအနေအထားကိုက မတူညီကွဲပြားအောင်လုပ်လိုက်တာပါ။သူတို့ပွဲစတဲ့မိနစ်ထဲကသူတို့ဘောလုံးရဖို့စက္ကန့်တိုင်းလိုလိုလားလားရှိပြီးဆန္ဒပြည့်ဝအောင်ကစားခဲ့တယ်။ကျွန်တော်တို့ကျတော့ပြောင်းပြန်ပဲ ဘာမှ မလုပ်နိုင်ခဲ့ဘူး"
"တချို့အရာတွေကို မင်းကလေးအရွယ်အကယ်ဒမီမှာထဲကမင်းသင်ကြားခဲ့တယ်လေ။မင်းအဆင့်မြင့်မြင့်အရာတွေကိုသင်ကြားဖို့ အတွက်မင်းဆီမှာ အတွေ့အကြုံရှိဖို့မလိုပါဘူး။မင်းအဆင့်နိမ့်တဲ့လိဂ်မှာ အသင်းညံ့တစ်ခုမှာကစားရင်တောင်မင်းအနိုင်ရဖို့အတွက် ၂၀ရာခိုင်နှုန်းသေချာပါတယ်။အဓိကမင်းဆီမှာနိုင်လိုစိတ်ရှိဖို့ပဲလိုတယ်။ဒါကိုကျွန်တော်တို့အားလုံးသိကြပါတယ်"
မော်ရင်ဟိုက ဒုတိယပိုင်းမှာ မာတာ မာရှယ် ပါရဲရားတို့ကိုထည့်သွင်းခဲ့ပြီးအသင်းကိုကစားအားတက်အောက်ပြုလုပ်နိုင်ခဲ့သော်လည်းမော်ရင်ဟိုက သူတို့ကိုချီးကျူးခဲ့ခြင်းမရှိခဲ့ပါဘူး။
"သူတိုဝင်လာတော့လည်းဂိုးရလဒ်ကမပြောင်းသွားဘူး။ဘာမှထူးထူးခြားခြားပြောင်းလဲသွားတာမရှိဘူး"မော်ရင်ဟိုက သူအသင်းလူစာရင်းနဲ့ပတ်သက်ပြီးဆိုပါတယ်။
"ကျွန်တော်အသင်းကအိမ်ကွင်းမှာကစားပြီးတောင့်တင်းခိုင်မာတိုးတက်မှုမရှိဘဲသာမန်လိုဖြစ်နေတယ်။ပြီးခဲ့တဲ့ပွဲနဲ့တောင်မတူဘူး။တိုက်စစ်မှူး တွေကလည်းဘာဖန်တီးနိုင်စွမ်းမှမရှိကြဘူးလို့ ထင်တယ်"
Post a Comment