Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက်တက်အသင်းဟာလာမည့်အဂါင်္နေ့ည မှာ ဆွစ်ဇာလန်ကလပ် ရန်းဘွိုင်းအသင်းနှင့်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။
(Unicode)
အဲရစ်ဘိုင်လီတစ်ယောက် လာမယ့်ဇန်နဝါရီလမှာယူနိုက်တက်ကနေထွက်ခွာတော့မှာလား??
ယူနိုက်တက် အသင်းရဲ့နောက်ခံလူ အဲရစ်ဘိုင်လီဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွေ့ကာလမှာ အသင်းကနေထွက်ခွာဖို့ရှိနေပါတယ်။ခန့်မှန်းသူများက ဘိုင်လီအနေနှင့် အာဆင်နယ်အသင်းသို့မဟုတ် စပါးအသင်းကိုပြောင်းရွေနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။
အသက်၂၄နှစ်အရွယ် ဘိုင်လီဟာ ယူနိုက်တက် အသင်းမှာ ယခုနှစ်ရာသီအတွင်းဘရိုက်တန်အသင်းနှင့်လက်စတာအသင်းနှင့် ပွဲစဉ် နှစ်ပွဲတွင်သာကစားခွင့်ရထားပါတယ်။ဒါပေမယ့်အဲဒိနောက်ပိုင်းတွင်နည်းပြမော်ရင်ဟိုရဲ့ လျစ်လျူးခြင်းကိုခံထားရပါတယ်။
ဘိုင်လီဟာယူနိုက်တက်အသင်းကို ပေါင်သန်း၃၀နှင့် ၂၀၁၆ခုနှစ်ကပြောင်းရွေ့လာခဲ့ပါတယ်။သူကို နည်းပြမော်ရင်ဟိုက ဗဟိုခံစစ်အနေနှင့်အပြည့်အဝယုံကြည်ခြင်းမရှိသေးပါဘူး။ဒါအပြင်ဘရိုက်တန်အသင်းကိုရှုံးနိမ်ခဲ့တဲ့ပွဲစဉ်မှာနည်းပြမော်ရင်ဟိုက သူကိုအပြစ်တင်ပြောကြားခဲ့ပါသေးတယ်။
Nissan Presage 9D9663 ကားအခိုးခံရပါသဖြင့်အဆိုပါကားနံပါတ်ကိုတွေ့ပါကအကြောင်းပြန်ပေးပါရန်..
Nissan Presage 9D9663 ကားအခိုးခံရပါသဖြင့်အဆိုပါကားနံပါတ်ကိုတွေ့ပါကအကြောင်းပြန်ပေးပါရန်..
ယခုအခါ Daily Mailရဲ့ဖော်ပြချက်အရ ဘိုင်လီကို ဇန်နဝါရီ အပြောင်းအရွေ့မှာ အနောက်လန်ဒန်ကလပ်တွေကိုရောင်းချဖို့ရှိနေပါတယ်။
စပါးအသင်းနည်းပြ ပိုချက်တီနိုကဘိုင်လီကို ဗီလာရီးရဲလ်မှာထဲက နှစ်သက်သဘောကျခဲ့ပါတယ်။အာဆင်နယ်အသင်းကတော့သူတို့အသင်းရဲ့အနောက်စည်းကိုခိုင်ခံအောင်ပြုလုပ်ဖို့အတွက်ခေါ်ယူလိုခြင်းဖြစ်ပါတယ်။
ဘိုင်လီကစားတဲ့နေရာကို အသင်းဖော်တွေဖြစ်ကြတဲ့ စမော်လင်း ဖီးလ်ဂျုံး လင့်ဒေါ့ဖ် ရိုဂျို့တို့ နှင့် အပြိုင်အဆိုင်နေရာလုနေရပါတယ်။ဘိုင်လီဟာ ယခုနှစ်ရာသီမှာ ပွဲထွကိခွင့်၂ပွဲသာရရှိထားပါသေးတယ်။
ယူနိုက်တက်အသင်းဟာလာမည့်အဂါၤနေ့ည မှာ ဆွစ်ဇာလန်ကလပ် ရန်းဘွိုင်းအသင်းနှင့်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။
Post a Comment