Header Ads


ေမာ္ရင္ဟိုဟာ ဟန္ေဆာင္တတ္တဲ့သူမ်ိဳးမဟုတ္ပါဘူး။##လူကာကူ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ



မန္ယူႏိုက္တက္နည္းျပ တိုက္စစ္မွဴး ႐ိုမီယိုလူကာာကူက ဂ်ိဳ  ့စ္ေမာ္ရင္ဟိုရဲ႕ ပံုစံေတြဟာ တကယ္အမွန္ျဖစ္ေၾကာင္း၊ အျခားပရီးမီးယားလိပ္နည္းျပေတြလို သူ ့ရဲ႕ စိတ္ခံစားမႈနဲ႔ ပတ္သတ္ၿပီး ဟန္ေဆာင္လိမ္ညာတတ္တဲ့သူမ်ိဳးမဟုတ္ေၾကာင္း ဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ လက ေတာ့တင္ဟမ္ကို ၃-၀ ျဖင့္ရံႈးနိမ့္ခဲ့တဲ့ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ေမာ္ရင္ဟို တစ္ေယာက္ သူ ့အေပၚ ေလးစားမႈရွိၾကဖို ့မီဒီယာေတြအေပၚ ေဒါသတႀကီးေတာင္းဆိုခဲ့ပါတယ္။

ဒါပင္မယ့္ လူကာကူကေတာ့ ေမာ္ရင္ဟိုဟာ မိသားစုဆန္တဲ့ လူတစ္ေယာက္ျဖစ္ၿပီး အသင္းသားေတြေရာ၊သူ ့ကိုပါ ရယ္ေမာေပ်ာ္ရႊင္ေအာင္ လုပ္ေပးတတ္တဲ့ သူတစ္ေယာက္ျဖစ္သလို ကစားသမားေတြကို ကာကြယ္ေပးတတ္တဲ့သူတစ္ေယာက္ျဖစ္တဲ့အတြက္ သူ ့အတြက္ေလးစားမႈနဲ႔ ထိုက္တန္တယ္လို ့ေျပာၾကားလိုက္ပါတယ္။

" ေမာ္ရင္ဟို ဟာ ေအာင္ႏိုင္သူတစ္ေယာက္မွန္း လူေတြသိၾကပါတယ္။"

" ဒါပင္မယ့္ ကၽြန္ေတာ္သူ ့ဆီက ဘယ္အခ်က္ေတြကိုႀကိဳက္လဲဆိုရင္ သူဟာ သူ ့ရဲ႕ စိတ္ခံစားမႈနဲ႔ ပတ္သတ္ၿပီး ဘယ္လိုမွ ဟန္မေဆာင္တာပါပဲ။သူကၽြန္ေတာ့္ကိုစိတ္ဆိုးေဒါသထြက္ေနတယ္မလား?? အဲ့ဒါ ကို ကၽြန္ေတာ္ေကာင္းေကာင္းသိသိသာသာ ေတြ ့ႏိုင္တယ္။သူျဖစ္ခ်င္တာကို ကၽြန္ေတာ္ႀကိဳးစားေပးတဲ့အခါက် သူ တစ္ဖန္ျပန္ေပ်ာ္သြားတယ္ေလ။" လို ့လူကာကူက ေျပာၾကားလိုက္ပါတယ္။



" သူ ့ရဲ႕ အစစ္အမွန္ပံုစံနဲ႔ ပတ္သတ္ၿပီး လူေတြကဘာလို ့မႀကိဳက္တာလဲ ကၽြန္ေတာ္နားမလည္ေတာ့ပါဘူး။"

အသက္ ၂၅ ႏွစ္အရြယ္ လူကာကူက နည္းျပေမာ္ရင္ဟိုလို လူမ်ိဳးဟာ သူ မေပ်ာ္ရႊင္တာပဲျဖစ္ျဖစ္၊ကစားသမားေတြဒါမွမဟုတ္ အသင္းကစားပံုမေကာင္းတာပဲျဖစ္ျဖစ္ တစ္ခုခုအဆင္မေျပရင္ ေျဗာင္ေျပာခ်ၿပီးထိပ္တိုက္ရင္ဆိုုင္ဖို ့ဝန္ေလးတတ္တဲ့သူတစ္ေယာက္မဟုတ္ေၾကာင္း ဆိုလိုက္ပါေသးတယ္။

" တစ္ခါတစ္တစ္ေလက်ေဘာလံုးသမားေတြဟာ အနည္းငယ္ေပ်ာ့ေပ်ာင္းတဲ့ တံု ့ျပန္မႈေတြရတတ္ပါတယ္။အခုေခတ္နဲ႔ အရင္ေခတ္က ေဘာလံုးသမားေတြအေၾကာင္းကြာျခားခ်က္ကို ေလ့လာနားေထာင္ၾကည့္မိေတာ့ အခုေခတ္မွာ မန္ေနဂ်ာတစ္ေယာက္ဟာ သူ ကစားသမားတစ္ေယာက္ဆီက ဘာေတြအလိုရွိလဲဆိုတာကိုေတာင္ မေျပာရဲေတာ့ပါဘူး။ဘာလို ့လဲဆိုေတာ့ ေဝဖန္တိုက္ခိုက္တယ္လို ့ခံစားရလို ့ပါ။"


"ကၽြန္ေတာ္ေတာ့ အဲ့လို တိုက္ခိုက္ေဝဖန္ခံရတယ္လို ့မခံစားရပါဘူး။ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္ဟာ ဒီလိုလူစားမ်ိဳးပါ။ကၽြန္ေတာ္ဟာ အၾကမ္းခံတဲ့ လူမ်ိဳးပါ။ဒါဟာ ေဘာလံုးေလာကေနလာတာမဟုတ္ပါဘူး။ကၽြန္ေတာ့္ရဲ႕ေနာက္ခံအေျခအေနကေနလာတာပါ။"

" ေမာ္ရင္ဟို နဲ႔ ကၽြန္ေတာ္တို ့ၾကားဆက္ဆံေရးက ေအးေဆးပဲ။သူကကၽြန္ေတာ္တို ့ကို ရယ္စရာေတြေျပာတယ္။ သူဟာ မိသားစုဆန္တဲ့ သူမ်ိဳးပါ။ သူ ့ရဲ႕ ကစားသမားေတြနဲ႔ ပတ္သတ္ၿပီး တိုက္ခိုက္ေပးတယ္။ ဒါဟာ သူ ့ရဲ႕ တကယ့္ပံုစံပါ။ခင္ဗ်ားမေပ်ာ္ဘူးဆိုရင္ ခင္ဗ်ားရဲ႕ စိတ္ခံစားခ်က္ကို ဖုံးကြယ္ဟန္ေဆာင္ေနစရာမလိုပါဘူး။"



"ဒါနဲ႔ ပတ္သတ္ၿပီး လူေတြဟာ အသိအမွတ္ျပဳေပးဖို ့လိုပါတယ္။သူ ့လို တကယ့္အစစ္အမွန္ေတြသာ ေျပာတတ္ဆိုတတ္တဲ့လူမ်ိဳးကမာၻ ေပၚမွာ နည္းနည္းေလးပဲရွိပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ လိပ္က နည္းျပအမ်ားစုဟာ သူတို ့မေပ်ာ္ႏိုင္တဲ့အခါက်ရင္ ေပ်ာ္တယ္လို ့ထင္ရတဲ့ပံုဖမ္းေလ့ရွိပါတယ္။"

" သူ ့ရဲ႕ ကိုယ္ပိုင္ကိုယ္ရည္ကိုယ္ေသြးကို ထိန္းသိမ္းခ်င္ေနတဲ့ အရာကို ေလးစားသင့္ပါတယ္။ထိပ္တိုက္
ရင္ဆိုင္ရမယ့္ အေျခအေနကို လည္းရွက္စရာမလိုပါဘူး။  ဒီမွာေတာ့သူဟာ ကၽြန္ေတာ္တို ့ကိုတကယ္တိုးတက္ေစခ်င္တာပါ။သူဟာ သာမန္လူတစ္ေယာက္ပါ။ ကၽြန္ေတာ္တို ့နဲ႔ေအးေဆးပါပဲ။ လူတိုင္းနဲ႔ လည္းေအးေဆးပါပဲ" လို ့ေျပာၾကားသြားခဲ့ပါတယ္။



(Unicode)

မော်ရင်ဟိုဟာ ဟန်ဆောင်တတ်တဲ့သူမျိုးမဟုတ်ပါဘူး။##လူကာကူ

မန်ယူနိုက်တက်နည်းပြ တိုက်စစ်မှူး ရိုမီယိုလူကာာကူက ဂျို့စ်မော်ရင်ဟိုရဲ့ ပုံစံတွေဟာ တကယ်အမှန်ဖြစ်ကြောင်း၊ အခြားပရီးမီးယားလိပ်နည်းပြတွေလို သူ့ရဲ့ စိတ်ခံစားမှုနဲ့ ပတ်သတ်ပြီး ဟန်ဆောင်လိမ်ညာတတ်တဲ့သူမျိုးမဟုတ်ကြောင်း ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ လက တော့တင်ဟမ်ကို ၃-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟို တစ်ယောက် သူ့အပေါ် လေးစားမှုရှိကြဖို့မီဒီယာတွေအပေါ် ဒေါသတကြီးတောင်းဆိုခဲ့ပါတယ်။

ဒါပင်မယ့် လူကာကူကတော့ မော်ရင်ဟိုဟာ မိသားစုဆန်တဲ့ လူတစ်ယောက်ဖြစ်ပြီး အသင်းသားတွေရော၊သူ့ကိုပါ ရယ်မောပျော်ရွှင်အောင် လုပ်ပေးတတ်တဲ့ သူတစ်ယောက်ဖြစ်သလို ကစားသမားတွေကို ကာကွယ်ပေးတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့အတွက်လေးစားမှုနဲ့ ထိုက်တန်တယ်လို့ပြောကြားလိုက်ပါတယ်။

" မော်ရင်ဟို ဟာ အောင်နိုင်သူတစ်ယောက်မှန်း လူတွေသိကြပါတယ်။"

" ဒါပင်မယ့် ကျွန်တော်သူ့ဆီက ဘယ်အချက်တွေကိုကြိုက်လဲဆိုရင် သူဟာ သူ့ရဲ့ စိတ်ခံစားမှုနဲ့ ပတ်သတ်ပြီး ဘယ်လိုမှ ဟန်မဆောင်တာပါပဲ။သူကျွန်တော့်ကိုစိတ်ဆိုးဒေါသထွက်နေတယ်မလား?? အဲ့ဒါ ကို ကျွန်တော်ကောင်းကောင်းသိသိသာသာ တွေ့နိုင်တယ်။သူဖြစ်ချင်တာကို ကျွန်တော်ကြိုးစားပေးတဲ့အခါကျ သူ တစ်ဖန်ပြန်ပျော်သွားတယ်လေ။" လို့လူကာကူက ပြောကြားလိုက်ပါတယ်။

" သူ့ရဲ့ အစစ်အမှန်ပုံစံနဲ့ ပတ်သတ်ပြီး လူတွေကဘာလို့မကြိုက်တာလဲ ကျွန်တော်နားမလည်တော့ပါဘူး။"

အသက် ၂၅ နှစ်အရွယ် လူကာကူက နည်းပြမော်ရင်ဟိုလို လူမျိုးဟာ သူ မပျော်ရွှင်တာပဲဖြစ်ဖြစ်၊ကစားသမားတွေဒါမှမဟုတ် အသင်းကစားပုံမကောင်းတာပဲဖြစ်ဖြစ် တစ်ခုခုအဆင်မပြေရင် ဗြောင်ပြောချပြီးထိပ်တိုက်ရင်ဆိုင်ဖို့ဝန်လေးတတ်တဲ့သူတစ်ယောက်မဟုတ်ကြောင်း ဆိုလိုက်ပါသေးတယ်။

" တစ်ခါတစ်တစ်လေကျဘောလုံးသမားတွေဟာ အနည်းငယ်ပျော့ပျောင်းတဲ့ တုံ့ပြန်မှုတွေရတတ်ပါတယ်။အခုခေတ်နဲ့ အရင်ခေတ်က ဘောလုံးသမားတွေအကြောင်းကွာခြားချက်ကို လေ့လာနားထောင်ကြည့်မိတော့ အခုခေတ်မှာ မန်နေဂျာတစ်ယောက်ဟာ သူ ကစားသမားတစ်ယောက်ဆီက ဘာတွေအလိုရှိလဲဆိုတာကိုတောင် မပြောရဲတော့ပါဘူး။ဘာလို့လဲဆိုတော့ ဝေဖန်တိုက်ခိုက်တယ်လို့ခံစားရလို့ပါ။"

"ကျွန်တော်တော့ အဲ့လို တိုက်ခိုက်ဝေဖန်ခံရတယ်လို့မခံစားရပါဘူး။ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ ဒီလိုလူစားမျိုးပါ။ကျွန်တော်ဟာ အကြမ်းခံတဲ့ လူမျိုးပါ။ဒါဟာ ဘောလုံးလောကနေလာတာမဟုတ်ပါဘူး။ကျွန်တော့်ရဲ့နောက်ခံအခြေအနေကနေလာတာပါ။"

" မော်ရင်ဟို နဲ့ ကျွန်တော်တို့ကြားဆက်ဆံရေးက အေးဆေးပဲ။သူကကျွန်တော်တို့ကို ရယ်စရာတွေပြောတယ်။ သူဟာ မိသားစုဆန်တဲ့ သူမျိုးပါ။ သူ့ရဲ့ ကစားသမားတွေနဲ့ ပတ်သတ်ပြီး တိုက်ခိုက်ပေးတယ်။ ဒါဟာ သူ့ရဲ့ တကယ့်ပုံစံပါ။ခင်ဗျားမပျော်ဘူးဆိုရင် ခင်ဗျားရဲ့ စိတ်ခံစားချက်ကို ဖုံးကွယ်ဟန်ဆောင်နေစရာမလိုပါဘူး။"

"ဒါနဲ့ ပတ်သတ်ပြီး လူတွေဟာ အသိအမှတ်ပြုပေးဖို့လိုပါတယ်။သူ့လို တကယ့်အစစ်အမှန်တွေသာ ပြောတတ်ဆိုတတ်တဲ့လူမျိုးကမ္ဘာ ပေါ်မှာ နည်းနည်းလေးပဲရှိပါတယ်။ဘာကြောင့်လဲဆိုတော့ လိပ်က နည်းပြအများစုဟာ သူတို့မပျော်နိုင်တဲ့အခါကျရင် ပျော်တယ်လို့ထင်ရတဲ့ပုံဖမ်းလေ့ရှိပါတယ်။"

" သူ့ရဲ့ ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးကို ထိန်းသိမ်းချင်နေတဲ့ အရာကို လေးစားသင့်ပါတယ်။ထိပ်တိုက်
ရင်ဆိုင်ရမယ့် အခြေအနေကို လည်းရှက်စရာမလိုပါဘူး။  ဒီမှာတော့သူဟာ ကျွန်တော်တို့ကိုတကယ်တိုးတက်စေချင်တာပါ။သူဟာ သာမန်လူတစ်ယောက်ပါ။ ကျွန်တော်တို့နဲ့အေးဆေးပါပဲ။ လူတိုင်းနဲ့ လည်းအေးဆေးပါပဲ" လို့ပြောကြားသွားခဲ့ပါတယ်။

No comments

Powered by Blogger.