မန္စီးတီးအသင္းကိုေျပာင္းေရြ႔ျခင္းဟာကြၽန္ေတာ္ဘဝရဲ႕ အေကာင္းဆံုးဆံုးျဖတ္ခ်က္တစ္ခုပါ။##ေဆးလ္ဗား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
မန္စီးတီး အသင္းရဲ႕ကြင္းလယ္ကစားသမား ေဒးဗစ္ေဆးလ္ဗား ဟာ မန္စီးတီး ကို သူမိဘႏွစ္ပါး ကြာ႐ွင္းၿပီးေနာက္ ၂၀၁၀ခုႏွစ္ မွာစပိန္ေျမကိုစြန္႔ခြာက အဂၤလန္ေျမကိုေျပာင္းေရြ႔လာခဲ့ၿပီး အသင္းႏွင့္အခ်ိန္အနည္းငယ္အတြင္းအံ့ဝင္ကြင္က်ျဖစ္ကာ အလ်င္အျမန္ေအာင္ျမင္ေက်ာ္ၾကားလာခဲ့ပါတယ္။
အဲဒီခ်ိန္ထဲက အီတီဟက္ကြင္းမွာ အဆိုပါကြင္းလယ္ဖန္တိီး႐ွင္ဟာ သူရဲ့ထူးျခားေျပာင္ေျမာက္လွတဲ့ေျခစြမ္းႏွင့္ အသင္းရဲ႕ပရိသတ္ေတြကိုမိန္းေမာေစေအာင္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ဒါအျပင္အသင္းကို ပရီးမီးယားလိဂ္ ဖလား၃ႀကိမ္တိတိ ႐ွိေအာင္ကူညီခဲ့တဲ့ကစားသမားေတြထဲမွာမပါမျဖစ္အေရးပါခဲ့တဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။
"ကြၽန္ေတာ္မိဘႏွစ္ပါးႏွင့္အတူေနတုန္းမွာ သူတို႔လမ္းခြဲခဲ့ၾကေတာ့ ကြၽန္ေတာ္အတြက္စပိန္ေျမကိုစြန္႔ခြာဖို႔အခ်ိန္တန္ေနၿပီေလ။ကြၽန္ေတာ္ဘဝအတြက္အေတြ႔အၾကံဳအသစ္႐ွာရမယ္ေလ"လို႔ သူက BBCသတင္း႒ာန ႏွင့္ေတြ႔ဆံုစဥ္က ေျပာၾကားခဲပါတယ္။
"မန္စီးတီးအသင္းကလည္း ကြၽန္ေတာ္ကိုလိုလိုလားလား႐ွိေနခဲ့တယ္။ကြၽန္ေတာ္ဘဝမွာမန္စီးတိီးအသင္းကိုေရြးခ်ယ္ဖို႔ဆံုးျဖတ္ခ်က္ကအမွန္ဆံုးျဖစ္ခဲ့ပါတယ္။”
"သူတို႔ကြၽန္ေတာ့္ကိုဒီဇင္ဘာလမွာေခၚယူခဲ့တယ္။သူတို႔အသင္းအတြက္ကစားေပးဖို႔ကြၽန္ေတာ္ကိုေတာင္းဆိုတယ္။ၿပီးေတာ့ကြၽန္ေတာ္ကိုကြၽန္ေတာ္ေျပာတယ္ မင္းအသင္းကိုခ်စ္ရင္အသင္းကလည္းမင္းကိုခ်စ္လိမ့္မယ္လို႔အားေပးၿပီး ကြၽန္ေတာ္ဒီကိုေရာက္လာတာပါ။”
ပက္ဂြာဒီယိုလာ ကလည္းမန္စီးတီးအသင္းႏွင့္အတူအံျသဖြယ္ေကာင္းေလာက္ေအာင္အသင္းကိုေျပာင္းလဲခဲ့ၿပီးခ်န္ပီယံလိဂ္မွာ ၿပိဳင္ဖက္ေကာင္းတစ္ခုအေနအထားေရာက္ေအာင္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ေဆးလ္ဗားကိုလည္းပိုမိုေတာက္ပလာေအာင္ျပဳလုပ္ေပးခဲ့ပါတယ္။
"သူကေဘာလံုးမွာဆရာတစ္ဆူပါလို႔ "ေဆးလ္ဗားကဝန္ခံလိုက္ပါတယ္။
"တခ်ိဳ႕နည္းျပေတြက တိုက္စစ္ကို အသားေပးၿပီးတစ္ဖက္ကခံစစ္ျဖစ္ေနတဲ့အေနအထားေရာက္ေနမွပါ။ဒါေပမယ္သူကအဲဒီကစားကြက္ကိုဖုံးကြယ္ကစားတယ္။သူကြၽန္ေတာ္ကို ဒီကစားကြက္ကိုထိန္းေက်ာင္းဖို႔သင္ေပးခဲ့တယ္။"
ေဆးလ္ဗား ဟာလက္႐ွိအသင္းႏွင့္ႏွစ္ႏွစ္သက္တမ္းသာက်န္႐ွိပါေတာ့တယ္။သူရဲ႕အနာဂတ္ဘာဆက္ျဖစ္မလဲဆိုတာေသခ်ာမသိေသးပါဘူးလို႔ဆိုပါတယ္။ဒီအေတာအတြင္းသူက္ုိအသင္းေဟာင္းPalmas အသင္းက ျပန္လည္ေခၚယူရန္ခ်ိတ္ဆက္ထားပါတယ္။
"ကြၽန္ေတာ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း၂ႏွစ္သာက်န္႐ွိပါေတာ့တယ္။အဲဒါၿပီးရင္ ဘာဆက္ျဖစ္မလဲဆိုတာ ကြၽန္ေတာ္မသိဘူးလို႔"သူကဝန္ခံေျပာၾကားခဲ့ပါတယ္။
"အဲဒါအားလံုးကလည္းကြၽန္ေတာ္ရဲ႕ၾကံခိုင္ေရးအေပၚမူတည္တယ္လို႔ခံစားရပါတယ္။"
"ကြၽန္ေတာ္အျမဲေျပာတယ္ ကြၽန္ေတာ္ Las Palmasမွာကစားရတာႀကိဳက္ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္ တို႔ေနာက္ႏွစ္ႏွစ္အတြင္းဘယ္လိုအရာေတြျဖစ္လာမလဲဆိုတာ ၾကည့္ရပါလိမ့္မယ္။"
(Unicode)
မန်စီးတီးအသင်းကိုပြောင်းရွေ့ခြင်းဟာကျွန်တော်ဘဝရဲ့ အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုပါ။##ဆေးလ်ဗား
မန်စီးတီး အသင်းရဲ့ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗား ဟာ မန်စီးတီး ကို သူမိဘနှစ်ပါး ကွာရှင်းပြီးနောက် ၂၀၁၀ခုနှစ် မှာစပိန်မြေကိုစွန့်ခွာက အင်္ဂလန်မြေကိုပြောင်းရွေ့လာခဲ့ပြီး အသင်းနှင့်အချိန်အနည်းငယ်အတွင်းအံ့ဝင်ကွင်ကျဖြစ်ကာ အလျင်အမြန်အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။
အဲဒီချိန်ထဲက အီတီဟက်ကွင်းမှာ အဆိုပါကွင်းလယ်ဖန်တီးရှင်ဟာ သူရဲ့ထူးခြားပြောင်မြောက်လှတဲ့ခြေစွမ်းနှင့် အသင်းရဲ့ပရိသတ်တွေကိုမိန်းမောစေအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ဒါအပြင်အသင်းကို ပရီးမီးယားလိဂ် ဖလား၃ကြိမ်တိတိ ရှိအောင်ကူညီခဲ့တဲ့ကစားသမားတွေထဲမှာမပါမဖြစ်အရေးပါခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
"ကျွန်တော်မိဘနှစ်ပါးနှင့်အတူနေတုန်းမှာ သူတို့လမ်းခွဲခဲ့ကြတော့ ကျွန်တော်အတွက်စပိန်မြေကိုစွန့်ခွာဖို့အချိန်တန်နေပြီလေ။ကျွန်တော်ဘဝအတွက်အတွေ့အကြုံအသစ်ရှာရမယ်လေ"လို့ သူက BBCသတင်းဋ္ဌာန နှင့်တွေ့ဆုံစဉ်က ပြောကြားခဲပါတယ်။
"မန်စီးတီးအသင်းကလည်း ကျွန်တော်ကိုလိုလိုလားလားရှိနေခဲ့တယ်။ကျွန်တော်ဘဝမှာမန်စီးတီးအသင်းကိုရွေးချယ်ဖို့ဆုံးဖြတ်ချက်ကအမှန်ဆုံးဖြစ်ခဲ့ပါတယ်။”
"သူတို့ကျွန်တော့်ကိုဒီဇင်ဘာလမှာခေါ်ယူခဲ့တယ်။သူတို့အသင်းအတွက်ကစားပေးဖို့ကျွန်တော်ကိုတောင်းဆိုတယ်။ပြီးတော့ကျွန်တော်ကိုကျွန်တော်ပြောတယ် မင်းအသင်းကိုချစ်ရင်အသင်းကလည်းမင်းကိုချစ်လိမ့်မယ်လို့အားပေးပြီး ကျွန်တော်ဒီကိုရောက်လာတာပါ။”
ပက်ဂွာဒီယိုလာ ကလည်းမန်စီးတီးအသင်းနှင့်အတူအံသြဖွယ်ကောင်းလောက်အောင်အသင်းကိုပြောင်းလဲခဲ့ပြီးချန်ပီယံလိဂ်မှာ ပြိုင်ဖက်ကောင်းတစ်ခုအနေအထားရောက်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ဆေးလ်ဗားကိုလည်းပိုမိုတောက်ပလာအောင်ပြုလုပ်ပေးခဲ့ပါတယ်။
"သူကဘောလုံးမှာဆရာတစ်ဆူပါလို့ "ဆေးလ်ဗားကဝန်ခံလိုက်ပါတယ်။
"တချို့နည်းပြတွေက တိုက်စစ်ကို အသားပေးပြီးတစ်ဖက်ကခံစစ်ဖြစ်နေတဲ့အနေအထားရောက်နေမှပါ။ဒါပေမယ်သူကအဲဒီကစားကွက်ကိုဖုံးကွယ်ကစားတယ်။သူကျွန်တော်ကို ဒီကစားကွက်ကိုထိန်းကျောင်းဖို့သင်ပေးခဲ့တယ်။"
ဆေးလ်ဗား ဟာလက်ရှိအသင်းနှင့်နှစ်နှစ်သက်တမ်းသာကျန်ရှိပါတော့တယ်။သူရဲ့အနာဂတ်ဘာဆက်ဖြစ်မလဲဆိုတာသေချာမသိသေးပါဘူးလို့ဆိုပါတယ်။ဒီအတောအတွင်းသူကိုအသင်းဟောင်းPalmas အသင်းက ပြန်လည်ခေါ်ယူရန်ချိတ်ဆက်ထားပါတယ်။
"ကျွန်တော်အသင်းနဲ့ စာချုပ်သက်တမ်း၂နှစ်သာကျန်ရှိပါတော့တယ်။အဲဒါပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာ ကျွန်တော်မသိဘူးလို့"သူကဝန်ခံပြောကြားခဲ့ပါတယ်။
"အဲဒါအားလုံးကလည်းကျွန်တော်ရဲ့ကြံခိုင်ရေးအပေါ်မူတည်တယ်လို့ခံစားရပါတယ်။"
"ကျွန်တော်အမြဲပြောတယ် ကျွန်တော် Las Palmasမှာကစားရတာကြိုက်ပါတယ်။ဒါပေမယ့်ကျွန်တော် တို့နောက်နှစ်နှစ်အတွင်းဘယ်လိုအရာတွေဖြစ်လာမလဲဆိုတာ ကြည့်ရပါလိမ့်မယ်။"
Post a Comment