Header Ads


ယူႏိုက္တက္မွာေမာ္ရင္ဟိုကိုပုန္ကန္ဖို ့အုပ္စုအဖြဲ႕ ဖြဲ ့ထားတဲ့ေပါလ္ေပါ့ဘာ



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

မန္ခ်င္စတာယူႏိုက္တက္မွာ နည္းျပေမာ္ရင္ဟိုကို အသင္းကေန ထြက္ခြာေစဖို ့ေပါ့ဘာတစ္ေယာက္ သူ နဲ႔ အေပါင္းအပါအဖြဲ႕တစ္ဖြဲ႕ စီစဥ္ထားတယ္ဆို အံၾသစရာျဖစ္သြားပါလိမ့္မယ္။

ေပါ့ဘာနဲ႔ ေမာ္ရင္ဟို ၾကား ကေတာက္ကဆ ျပႆနာအဖုအထစ္မ်ားဟာတျဖည္းျဖည္းႀကီးထြားလာေနခဲ့ၿပီး ယူႏိုက္တက္စတားေပါ့ဘာရဲ႕ေနာက္မွာ ေနာက္ထပ္ ေမာ္ရင္ဟို နဲ႔ မတည့္တဲ့ အသင္းကစားသမား၂ေယာက္ ပါရွိလို ့ေနတယ္လို ့သိရပါတယ္။

Daily Mail ရဲ႕ အဆိုအရ ေတာ့ ဒီရာသီေမာ္ရင္ဟို နဲ႔ ျပႆနာတစ္ခ်ိဳ ့ရွိခဲ့တဲ့ မာရွယ္နဲ႔ ဘိုင္လီတို ့ဟာ ေမာ္ရင္ဟို ကို အသင္းမွာ ေတာ္လွန္ပုန္ကန္ဖို ့ေပါ့ဘာေနာက္မွာ ရွိေနၾကၿပီး ေပါ့ဘာကလည္း ဒီအခ်က္ကို ေကာင္းေကာင္းအသံုးခ်ေနပါတယ္။



ျပင္သစ္ေတာင္ပံကစားသမားမာရွယ္ဟာ ဒီရာသီ ယူႏိုက္တက္ရဲ႕ ရာသီႀကိဳ ေျခစမ္းပြဲေတြမွာ သူ ့ဇနီးကေလးမီးဖြားတဲ့ ကိစၥေၾကာင့္ ခြင့္မဲ့ ျဖင့္ ျပင္သစ္ကို ျပန္သြားၿပီး US မွာရွိေနတဲ့ ယူႏိုက္တက္အသင္းဆီလာေရာက္ပူးေပါင္းဖို ့ေနာက္က်ခဲ့တာေၾကာင့္ နည္းျပေမာ္ရင္ဟို နဲ႔ ျပႆနာတက္ခဲ့တာျဖစ္ပါတယ္။
မာရွယ္ဟာ နည္းျပေမာ္ရင္ဟိုရဲ႕ လက္ေအာက္မွာ အေရးမပါတဲ့ကစားသမားအျဖစ္ရွိခဲ့တာပါ။

ေနာက္ထပ္ေပါ့ဘာရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ကေတာ့ ေနာက္ခံလူဘိုင္လီျဖစ္ၿပီး ေမာ္ရင္ဟို ရဲ ့အႀကိဳက္ေနာက္ခံလူတစ္ေယာက္ျဖစ္ေသာ္လည္း ဘိုင္လီကို ဖ်ားနာေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ နဲ႔ မႏွစ္တစ္ရာသီလံုး ပြဲထြက္ခြင့္မေပးခဲ့ပါဘူး။



ေပါ့ဘာရဲ႕ ပုန္ကန္ေရးအုပ္စုထဲမွာေတာ့ ဘယ္လ္ဂ်ီယံဖြား ဘရာဇီး ကြင္းလယ္လူ ပါရဲရားတစ္ေယာက္ ရွိေနတယ္လို ့ဆိုထားၿပီး ပါရဲရားဟာ နည္းျပေမာ္ရင္ဟို ရဲ႕ စီမံကိုင္တြယ္ပံုေတြကို မႏွစ္သက္မေက်နပ္ဘူးလို ့ဆိုထားပါတယ္။



ကြင္းလယ္လူ ေပါ့ဘာဟာ ယူႏိုက္တက္အသင္းမွာ စည္းလံုးမႈၿပိဳကြဲေနေအာင္ အေမႊဇယားခင္းေနတာျဖစ္ၿပီး ဒီလိုလုပ္ရပ္ေတြေၾကာင့္ အသင္းရဲ႕ ရလဒ္စြမ္းေဆာင္ရည္ဟာ က်ဆင္းေနတာပဲျဖစ္ပါတယ္။ဝုလ္ဗ္အသင္းကို သေရက်ခဲ့တာေတြရယ္ နဲ႔ လိပ္ဖလားၿပိဳင္ပြဲမွာ ဒါဘီအသင္းကိုရံႈးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကေနထြက္ခဲ့ရတာေတြဟာ ေပါ့ဘာနဲ႔ ေမာ္ရင္ဟိုၾကား မုန္တိုင္းထန္တဲ့ ျပႆနာေတြေၾကာင့္လို ့ဆိုႏိုင္ပါတယ္။

ယူႏိုက္တက္အသင္းဟာ လာမယ့္စေနေန ့မွာသြားေရာက္ယွဥ္ၿပိဳင္ကစားရမယ့္ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲမွာျပန္လာႏိုင္မလားေစာင့္ၾကည့္ခ်င္ရပါေတာ့မယ္။


(Unicode)



မန်ချင်စတာယူနိုက်တက်မှာ နည်းပြမော်ရင်ဟိုကို အသင်းကနေ ထွက်ခွာစေဖို့ပေါ့ဘာတစ်ယောက် သူ နဲ့ အပေါင်းအပါအဖွဲ့တစ်ဖွဲ့ စီစဉ်ထားတယ်ဆို အံသြစရာဖြစ်သွားပါလိမ့်မယ်။

ပေါ့ဘာနဲ့ မော်ရင်ဟို ကြား ကတောက်ကဆ ပြဿနာအဖုအထစ်များဟာတဖြည်းဖြည်းကြီးထွားလာနေခဲ့ပြီး ယူနိုက်တက်စတားပေါ့ဘာရဲ့နောက်မှာ နောက်ထပ် မော်ရင်ဟို နဲ့ မတည့်တဲ့ အသင်းကစားသမား၂ယောက် ပါရှိလို့နေတယ်လို့သိရပါတယ်။

Daily Mail ရဲ့ အဆိုအရ တော့ ဒီရာသီမော်ရင်ဟို နဲ့ ပြဿနာတစ်ချို့ရှိခဲ့တဲ့ မာရှယ်နဲ့ ဘိုင်လီတို့ဟာ မော်ရင်ဟို ကို အသင်းမှာ တော်လှန်ပုန်ကန်ဖို့ပေါ့ဘာနောက်မှာ ရှိနေကြပြီး ပေါ့ဘာကလည်း ဒီအချက်ကို ကောင်းကောင်းအသုံးချနေပါတယ်။

ပြင်သစ်တောင်ပံကစားသမားမာရှယ်ဟာ ဒီရာသီ ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ သူ့ဇနီးကလေးမီးဖွားတဲ့ ကိစ္စကြောင့် ခွင့်မဲ့ ဖြင့် ပြင်သစ်ကို ပြန်သွားပြီး US မှာရှိနေတဲ့ ယူနိုက်တက်အသင်းဆီလာရောက်ပူးပေါင်းဖို့နောက်ကျခဲ့တာကြောင့် နည်းပြမော်ရင်ဟို နဲ့ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။
မာရှယ်ဟာ နည်းပြမော်ရင်ဟိုရဲ့ လက်အောက်မှာ အရေးမပါတဲ့ကစားသမားအဖြစ်ရှိခဲ့တာပါ။

နောက်ထပ်ပေါ့ဘာရဲ့ အဖွဲ့ဝင်တစ်ယောက်ကတော့ နောက်ခံလူဘိုင်လီဖြစ်ပြီး မော်ရင်ဟို ရဲ့အကြိုက်နောက်ခံလူတစ်ယောက်ဖြစ်သော်လည်း ဘိုင်လီကို ဖျားနာနေတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ မနှစ်တစ်ရာသီလုံး ပွဲထွက်ခွင့်မပေးခဲ့ပါဘူး။

ပေါ့ဘာရဲ့ ပုန်ကန်ရေးအုပ်စုထဲမှာတော့ ဘယ်လ်ဂျီယံဖွား ဘရာဇီး ကွင်းလယ်လူ ပါရဲရားတစ်ယောက် ရှိနေတယ်လို့ဆိုထားပြီး ပါရဲရားဟာ နည်းပြမော်ရင်ဟို ရဲ့ စီမံကိုင်တွယ်ပုံတွေကို မနှစ်သက်မကျေနပ်ဘူးလို့ဆိုထားပါတယ်။

ကွင်းလယ်လူ ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ စည်းလုံးမှုပြိုကွဲနေအောင် အမွှေဇယားခင်းနေတာဖြစ်ပြီး ဒီလိုလုပ်ရပ်တွေကြောင့် အသင်းရဲ့ ရလဒ်စွမ်းဆောင်ရည်ဟာ ကျဆင်းနေတာပဲဖြစ်ပါတယ်။ဝုလ်ဗ်အသင်းကို သရေကျခဲ့တာတွေရယ် နဲ့ လိပ်ဖလားပြိုင်ပွဲမှာ ဒါဘီအသင်းကိုရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရတာတွေဟာ ပေါ့ဘာနဲ့ မော်ရင်ဟိုကြား မုန်တိုင်းထန်တဲ့ ပြဿနာတွေကြောင့်လို့ဆိုနိုင်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်စနေနေ့မှာသွားရောက်ယှဉ်ပြိုင်ကစားရမယ့် ဝက်စ်ဟမ်းအသင်းနဲ့ပွဲမှာပြန်လာနိုင်မလားစောင့်ကြည့်ချင်ရပါတော့မယ်။



No comments

Powered by Blogger.