Header Ads




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။




မနေ့ ညက ကရာဘောင်ဖလားပွဲရဲ့ ဝက်ဖို့ ဒ်အသင်းနဲ့ တွေ့ ဆုံတဲ့ပွဲမှာအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ တော့တင်ဟမ် တိုက်စစ်ကစားသမား ဒယ်လီအယ်လီ က အဆိုပါ အသင်းခေါင်းဆောင်လက်ပတ်ဟာ သူ့ အတွက်ကြီးလွန်းတယ်လို့ အရွှန်းဖောက်ပြောကြားသွားခဲ့ပါတယ်။














(Unicode)



ကြာသပတေးနေ့ညပိုင်းနောက်ဆုံးရသတင်းတိုများစုစည်းမှု

ချဲလ်ဆီးကွင်းလယ်လူ ဘာကလေက ချဲလ်ဆီးအသင်းဟာ သူ့အတွက် ပြီးပြည့်စုံတဲ့ အခြေအနေနေရာတစ်ခုကို ပေးထားကြောင်းနဲ့ ဒါဟာသူ့ရဲ့ အင်္ဂလန်ကစားသမားဘဝကို ပြန်လည်ရရှိစေတာဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။

မနေ့ညက ကရာဘောင်ဖလားပွဲရဲ့ ဝက်ဖို့ဒ်အသင်းနဲ့ တွေ့ဆုံတဲ့ပွဲ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ တော့တင်ဟမ် တိုက်စစ်ကစားသမား ဒယ်လီအယ်လီ က အဆိုပါ အသင်းခေါင်းဆောင်လက်ပတ်ဟာ သူ့အတွက်ကြီးလွန်းတယ်လို့အရွှန်းဖောက်ပြောကြားသွားခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ရာသီရောက်ရင်တော့ ချန်ပီယံလိပ်ပြိုင်ပွဲမှာ VAR (Video Assistant Referee) ကိုအသုံးပြုမယ်လို့ UEFA ကအတည်ပြုပြောကြားထုတ်ပြန်လိုက်ပါတယ်။

အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကြန့်ကြာနေတဲ့ ကွင်းလယ်လူရမ်ဆေးဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက် သို့မဟုတ် ချဲလ်ဆီးအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိသွားနိုင်တယ်လို့သိရပါတယ်။


ယူနိုက်တက်နည်းပြမော်ရင်ဟို ဟာ မနေ့ကလေ့ကျင့်ရေးကွင်းမှာ ပေါ့ဘာနဲ့ အချင်းများခဲ့ရမှာ ရုပ်သံရိုက်ကူးရေ ကင်မရာရှိတဲ့နေရာများကို သိသိရက်နဲ့ တမင်ပေါ့ဘာကို ပြောဆိုခဲ့တာဖြစ်တယ်လို့ RMC သတင်းထောက် ဂျူလီယံလောရန်စ်က ဆိုလိုက်ပါတယ်။

ဆာဂျီယိုဘက်စ်ကွက်စ်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိစာချုပ်သက်တမ်းတိုးခဲ့ပြီး  စာချုပ်ဖျက်သိမ်းကြေးမှာ ယူရိုသန်း ၂၀၀ ကနေ ၅၀၀ အထိတိုးမြှင့်ခဲ့ကြောင်းသိရပါတယ်။

No comments

Powered by Blogger.