Header Ads


ေ၀ေ၀ဆာဆာ တနလၤာေန ့ညေနခင္းေနာက္ဆံုုးရသတင္းတိုုမ်ား



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူႏိုက္တက္ကြင္းလယ္လူေပါလ္ေပါ့ဘာက လာမယ့္ဗုဒၶဟူးေန ့ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ ခ်န္ပီယံလိပ္အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ဆြစ္ဇာလန္ကလပ္ Young Boysအသင္းကို ေလ်ာ့တြက္ရင္ ဒုကၡေရာက္သြားလိမ့္မယ္သတိေပးေျပာၾကားလိုက္ပါတယ္။






ခ်ဲလ္ဆီးတိုက္စစ္မွဴးဂီ႐ူးက အသင္းေဖာ္မိုရာတာနဲ႔ ေနရာလုတိုက္ပြဲေၾကာင့္ အသင္းအတြက္ အမ်ားႀကီးေကာင္းက်ိဳးေပးလိမ့္မယ္လို ့ဝန္ခံေျပာၾကားလိုက္ပါတယ္။


Nissan Presage 9D9663 ကားအခိုုးခံရပါသျဖင့္အဆိုုပါကားနံပါတ္ကိုုေတြ ့ပါကအေၾကာင္းျပန္ေပးပါရန္..


ေဘာလံုးအေက်ာ္အေမာ္ ေဒးဗစ္ဘက္ခမ္းက အီဗရာမိုဗစ္ရဲ႕ ကစားသမားဘဝ ဂိုး၅၀၀ ျပည့္ေျမာက္တဲ့အတြက္ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ တကယ္ဂုဏ္ယူမိေၾကာင္း၊ဒါဟာ ဇရာေထာင္းေနၿပီဆိုတာလည္း ရည္ၫႊန္းေၾကာင္း အရႊန္းေဖာက္ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။




PSG နည္းျပတူခ်ယ္က လီဗာပူးလ္အသင္းဟာ ခ်န္ပီယံလိပ္ၿပိဳင္ပြဲရဲ႕ ေရပန္းအစားဆံုးအသင္းေတြထဲက တစ္သင္းလို ့ လီဗာပူးအသင္းနဲ႔ ေတြ ့ဆံုေနတဲ့ အုပ္စုအဖြင့္ပြဲမတိုင္ခင္ေျပာၾကားလိုက္ပါတယ္။




ရီးရဲလ္ေတာင္ပံကစားသမား ဂရတ္ေဘးလ္ က မႏွစ္ UEFA ခ်န္ပီယံလိပ္ဖိုင္နယ္ပြဲမွာ လွပတဲ့ ေနာက္ျပန္ ကန္ခ်က္သြင္းဂိုးကို လုပ္ေဆာင္ျပခဲ့ေသာ္လည္း UEFA ရဲ႕ တစ္ရာသီအေကာင္းဆံုးဂိုးဇကာတင္စာရင္းမွာ မပါဝင္တာ ဟာ အေတာ္ေလးထူးဆန္းတယ္လို ့ဆိုလိုက္ၿပီး အဲ့အတြက္ ဘယ္သူကတာဝန္ရွိတာလဲလို ့ေမးျမန္းလိုက္ပါတယ္။

(Unicode)

-ယူနိုက်တက်ကွင်းလယ်လူပေါလ်ပေါ့ဘာက လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိပ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆွစ်ဇာလန်ကလပ် Young Boysအသင်းကို လျော့တွက်ရင် ဒုက္ခရောက်သွားလိမ့်မယ်သတိပေးပြောကြားလိုက်ပါတယ်။

-ချဲလ်ဆီးတိုက်စစ်မှူးဂီရူးက အသင်းဖော်မိုရာတာနဲ့ နေရာလုတိုက်ပွဲကြောင့် အသင်းအတွက် အများကြီးကောင်းကျိုးပေးလိမ့်မယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။

-ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းက အီဗရာမိုဗစ်ရဲ့ ကစားသမားဘဝ ဂိုး၅၀၀ ပြည့်မြောက်တဲ့အတွက် သူငယ်ချင်းတစ်ယောက်အနေနဲ့ တကယ်ဂုဏ်ယူမိကြောင်း၊ဒါဟာ ဇရာထောင်းနေပြီဆိုတာလည်း ရည်ညွှန်းကြောင်း အရွှန်းဖောက်ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

Nissan Presage 9D9663 ကားအခိုးခံရပါသဖြင့်အဆိုပါကားနံပါတ်ကိုတွေ့ပါကအကြောင်းပြန်ပေးပါရန်..


-PSG နည်းပြတူချယ်က လီဗာပူးလ်အသင်းဟာ ချန်ပီယံလိပ်ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းလို့ လီဗာပူးအသင်းနဲ့ တွေ့ဆုံနေတဲ့ အုပ်စုအဖွင့်ပွဲမတိုင်ခင်ပြောကြားလိုက်ပါတယ်။

-ရီးရဲလ်တောင်ပံကစားသမား ဂရတ်ဘေးလ် က မနှစ် UEFA ချန်ပီယံလိပ်ဖိုင်နယ်ပွဲမှာ လှပတဲ့ နောက်ပြန် ကန်ချက်သွင်းဂိုးကို လုပ်ဆောင်ပြခဲ့သော်လည်း UEFA ရဲ့ တစ်ရာသီအကောင်းဆုံးဂိုးဇကာတင်စာရင်းမှာ မပါဝင်တာ ဟာ အတော်လေးထူးဆန်းတယ်လို့ဆိုလိုက်ပြီး အဲ့အတွက် ဘယ်သူကတာဝန်ရှိတာလဲလို့မေးမြန်းလိုက်ပါတယ်။

No comments

Powered by Blogger.