Header Ads


ဝေေ၀ဆာဆာအင်္ဂါနေ့ နံနက်ခင်းနောက်ဆုံးရဘောလုံးသတင်းတိုများ




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

















(Unicode)

မန်ချက်စတာယူနိုက်တက်အသင်းဟာအပြောင်းအရွှေ့ဈေးကွက်မှာမှန်ကန်စွာလုပ်ရှားတက်ဖို့ကစားသမားအသစ်ရှာဖွေရေးအတွက် အရည်အသွေးပိုင်ူဆိုင်ရာဆန်းစစ်ဝေဖန်တဲ့သူများအလိုရှိကြောင်း၊ကလပ်ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်မှာကြေညာထားပြီး အားကစားသိပ္ပံ နဲ့ ဘွဲ့ရတဲ့သူဖြစ်ရမယ်လို့ဆိုထားပါတယ်။

ဒိန်းမတ်အသင်းကို ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ပွဲပြီးနောက် ဝေးလ်အသင်းခေါင်းဆောင် ဂရတ်ဘေးလ်က အသင်းဟာ ရလဒ်အတက်အကျတွေရှိနေသေးသဖြင့် နည်းပြဂစ်လက်အောက်မှာပုံမှန်ဖြစ်ဖို့စိတ်ရှည်သည်းခံစွာစောင့်ဆိုင်းရမယ်လို့ဆိုသွားပါတယ်။

ဝုလ်ဗ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နာဗတ်စ် နဲ့ ဂျိုတာတို့ကို ဂျူဗင်တပ်စ်အသင်းကခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ဘရာဇီးကစားသမား ရော်ဘင်ဟို သူဟာ ၂၀၀၈ ခုနှစ်ရီးရဲလ်အသင်းကနေထွက်ခွာစဉ်က ချဲလ်ဆီးအသင်းဆီပြောင်းချင်ခဲ့သော်လည်း မန်စီးတီးအသင်းဆီသာရောင်းထုတ်ချင်းခံခဲ့ရကြောင်း၊ဘာကြောင့်လဲဆိုတော့ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့သဘောတူညီမှုမရသေးပဲနဲ့ ကျွန်တော့်နာမည်နဲ့ အသင်းအင်္ကျီတွေ ရိုက်နှိပ်ထားတာကို ရီးရဲလ်အသင်းကငဘောမကျခဲ့ကြောင်း၊ချဲလ်ဆီးအသင်းကိုပြောင်းချင်တဲ့သူ့ရဲ့ ရည်ရွယ်ချက်က ချန်ပီယံလိပ်ကန်ရလို့ဖြစ်ကြောင်း၊မန်စီးတီးဟာ အဲ့တုန်းက ချန်ပီယံလိပ်ကန်ခွင့်မရသေးကြောင်းဖွင့်ဟဝန်ခံသွားပါတယ်။

လက်စတာစီးတီးနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့ နောက်ခံလူ မက်ဂွားရားက သူဟာ ယူနိုက်တက်ဆီသွားဖို့ဘယ်တုန်းကမှ စိတ်မကူးခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

စပိန်နည်းပြ လူဝစ်အင်းနရစ်က ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံရဖို့ရှိနေတဲ့ ရီးရဲလ် ကွင်းလယ်လူ မိုဒရစ်နဲ့ ပတ်သတ်ပြီး " ခရိုအေးရှားလို့ဆိုလိုက်ရင် မိုဒရစ်နဲ့ ရာကီတစ်အကြောင်းပြောရမှာပဲ။အဲ. ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ဆိုရမယ်ဆိုရင်တော့ မက်ဆီအကြောင်းပဲပြောရလိမ့်မယ်။" လို့ပြောကြားသွားခဲ့ပါတယ်။

No comments

Powered by Blogger.