Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
"ရက်ရှ်ဖို့ဒ်က အင်္ဂလန်အသင်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ”##ဟန်ဒါဆင်
အင်္ဂလန်အသင်းဟာလက်ရှိအချိန်မှာတိုက်စစ်ပိုင်း အဓိကထား လိုအပ်နေပြီး အသက်၂၀အရွယ် ရက်ရှ်ဖို့ဒ်က အသင်းရဲ့တိုက်စစ်မှာအဓိကကစားသမားတစ်ဦးဖြစ်နေတယ်လို့ ကွင်းလယ်ကစားသမားဟန်ဒါဆင်ကဆိုပါတယ်။
မားကက်စ်ရက်ရှ်ဖို့ဒ်က အခုထပ်ပိုမိုတိုးတက်လာဖို့ရှိပြီး အသင်းရဲ့အဓိက ကစားသမားဖြစ်လာလိမ့်မယ်လို့ ဂျော်ဒန် ဟန်ဒါဆန်က ဆိုပါတယ်။
အသက်၂၀အရွယ်တိုက်စစ်မှူး ဟာ နိုင်ငံလက်ရွေးစင်အသင်းမှာ၃ဂိုးသွင်းယူပေးထားပြီးဝင်ဘလေကွင်းရဲ့ စပိန်အသင်းနှင့်ကစားခဲ့တဲ့ပွဲစဉ်မှာအသင်းကိုကောင်းကောင်းထိန်းကျောင်းသွားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က အင်္ဂလန်အသင်းရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နည်းပြဆောက်ဂိတ်ကို သူရဲ့ခပ်ကြမ်းကြမ်းပေါက်ကွဲနိုင်တဲ့
စွမ်းရည်ကိုပြသနိုင်ခဲ့ပါတယ်။
"မားကပ်စ်ကအရည်အချင်းရှိတာကိုကျွန်တော်တို့အားလုံးသိတယ်"
"သူက အဆုံးသတ်ကောင်းတယ်။သူအခွင့်အရေး တစ်ကြိမ် နှစ်ကြိမ်ရရင် ဂိုးအဖြင့်ပြောင်းလဲနိုင်စွမ်းရှိ
တယ်။သူကတော်တော်ထက်မြက်တယ်လို့ ကျွန်တော်ထင်တယ်။"
"သူကကောင်းကောင်းကစားနိုင်တယ်။ပြီးတော့သူရဲ့တန်ပြန်တိုက်စစ်ကစားနိုင်တဲ့စွမ်းရည်ကကြောက်စရာကောင်းလောက်ပါတယ်။သူကငယ်ရွယ်ပြီးတက်ကြွတဲ့ကစားသမားပါ။ဒါပေမယ့်သူလေ့လာသင်ယူဖို့
လိုပါသေးတယ်။သူတိုးတက်ဖို့လုပ်ရမယ်။သူကအသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်ပါတယ်။"
"ကျွန်တော်တို့ဆီမှာ ရက်ရှ်ဖို့ဒ်လို့တိုက်စစ်မှူးတွေအရမ်းပေါများပါတယ်။ဝဲလ်ဘတ်လာတုန်းကလည်း သူအရမ်းထူးချွန်သွက်လက်တယ်လေ့ကျင့်ရေးလဲကောင်းကောင်းလုပ်တယ်။အခွင့်အရေးအားလုံးသူတို့ကိုပေး
ပြီးမျှော်လင့်ရတော့မှာပါ။"
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာစတုထ္ထနေရာရရှိခဲ့ပြီးလာမည့်အင်္ဂါနေ့မှာဆွစ်ဇာလန်အသင်းနှင့်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အဲဒီရှုံးနိမ့်မှုကို ဖြေဖျောက်တော့မှာဖြစ်ပါတယ်။လီဗာပူးလ်အသင်းကြယ်ပွင့် ဟန်ဒါဆင်ကလည်း သူရဲ့အနာဂတ်အတွက်စိုးရိမ်ပူပန်ခြင်းမရှိဘူးလို့ဆိုပါတယ်။
"ကျွန်တော်တို့အခုထိယုံကြည်မှု့အပြည့်အဝရှိတယ်။ဒါပေမယ့် ကျွန်တော်တို့အများကြီးသင်ယူဖို့လိုအပ်တယ်လို့ခံစားရတယ်။မင်းအကောင်းဆုံးအသင်းတွေနှင့်အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိမည်ဆိုရင်သူတို့ဆီကအတွေ့အကြုံတွေကိုလေ့လာသင်ယူရပါမယ်။"
No comments
Powered by Blogger.