Header Ads


ေမာ္ရင္ဟိုုနဲ ့ယူနိုုက္တက္အသင္းၾကီးအတြက္အဆင္သင့္ျဖစ္ေနတဲ့လူငယ္ကစားသမားေလးအိန္ဂ်ယ္ဂိုုမက္စ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ


 ေႏြရာသီက USခရီးစဥ္ကို အသင္းျကီးနွင့္အတူ ပထမဆံုးလိုက္ပါခြင့္ရခဲ့တဲ့ အိန္ဂ်ယ္ဂိုးမက္ ဟာအခုလည္း ေမာ္ရင္ဟ္ိုေရွ႕မွာယူနိုက္တက္U-23 အသင္းအတြက္ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။

အသင္းျကီးအတြက္ အသင့္ျဖစ္ေနျပီဆိုတာကို ျပသဖို႔သူဟာ စိတ္အားထက္သန္ေနတာပါ။အသက္၁၈နွစ္အရြယ္သာရွိေသးတဲ့ ဂိုးမက္ ဟာ မနွစ္ကဒီဇင္ဘာမွာ အသင္းနဲ႔ပေရာ္ဖက္ရွင္နယ္စာ ခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

စတုတ္စီးတီးလူငယ္အသင္းဖက္သို႔သြင္းခဲ့တဲ့ဂိုးဟာ ဒီရာသီ U-23အသင္းအတြက္ သူ႕ရဲ႕သံုးဂိုးေျမာက္သြင္းဂိုးျဖစ္ျပီး ယူနိုက္တက္ အသင္းျကီးသို႔ေခၚယူဖို႔ေစာင့္ျကည့္္ ခံေနရပါတယ္။



ဂိုးမက္က''ယူနိုက္တက္ဟာ ခမ္းနားတဲ့အသင္းျဖစ္ပါတယ္။က်ေနာ့္အိမ္မက္က အိုးထရက္ဖို႔ကြင္းထဲမွာကစားရဖို့ပါပဲ။ပိုမိုေကာင္းမြန္တဲ့ေျခစြမ္းကိုျပသနိုင္မယ္ဆိုရင္ အခြင့္အေရးရလာဖို႔ေမ်ွာ္လင့္ထားပါတယ္။အေကာင္းဆံုးကစားသမားေတြ ဟာ အျမင့္ဆံုးေနရာအတြက္ ထိပ္တန္းေျခစြမ္းေတြပိုင္ဆိုင္ထားျကပါတယ္။က်ေနာ္လည္းေမ်ွာ္လင့္ခ်က္ေတြအတြက္ ေလ့က်င့္ေရးကြင္းမွာေရာပြဲထဲမွာပါ အေကာင္းဆံုးျကိုးစားေနပါတယ္။'လို႔ဆိုခဲ့ျပီး အသင္းၾကီးအတြက္ပထမဆံုးပြဲထြက္ခြင့္ကို 2017 ေမလကခရစၥတယ္ပဲေလ့နဲ႔ပြဲမွာ လူစားဝင္ကစားခဲ့ျပီး အဲ့ဒီအခ်ိန္က သူ႔အသက္၁၆နွစ္သာ ရွိေသးတာေၾကာင့္ ဂိုးမက္ ဟာနွစ္60အတြင္း ယူနိုက္တက္ရဲ႕အသက္ငယ္ဆံုးပါဝင္ကစားခြင့္ရသူျဖစ္လာပါတယ္။ 



ဒါ့အျပင္ ေမာ္ရင္ဟိုရဲ႕ရာသီျကိဳUSခရီးစဥ္မွာလည္းလိုက္ပါခဲ့ရတာေၾကာင့္အေတြ႕ၾကံဳေကာင္းေတြရခဲ့ပါတယ္။အသင္းျကီးနဲ႔အတူရွိေနျပီးသူတို႔ဘယ္လို ေလ့က်င့္လဲေစာင့္ျကည့္ခြင့္ရတာေကာင္းမြန္လြန္းလွပါတယ္။ရာသီျကိုေျခစမ္းပြဲမွာပါဝင္ခြင့္ရတာ လူငယ္ကစားသမားေတြအတြက္လအပိုဆုရသလိုပဲ။တကယ္လို႔မိနစ္အမ်ားျကီးကစားခြင့္မရရင္ေတာင္မွ နည္းျပရဲ႕မ်က္စိေရွ႕မွာခင္ဗ်ားဘယ္လိုျပင္ဆင္ေလ့က်င္ေနလဲဆိုတာသက္ေသျပခြင့္ရျပီး စီနီယာ ကစားသမားေတြနဲ႔လည္းနႈိင္းယွဥ္ျကည့္လ္ို႔ရပါတယ္။ USခရီးစဥ္မွာလည္း ေျခစြမ္းတိုးတက္လာဖို႔ျကိုးစားခဲ့ျပီး က်ေနာ္ ဘာေတြလုပ္နိုင္လဲဆိုတာ ျပသနိုင္ခဲ့ပါတယ္''လို႔ဂိုးမက္က ေျပာခဲ့ပါတယ္။



2017ခုနွစ္က ဂိုးမက္ဟာယူနိုက္တက္ အကယ္ဒမီအသင္းအတြက္ ၁၅ နွစ္အတြင္းအသက္ငယ္ဆံုးဟက္ထရစ္ သြင္းသူျဖစ္ခဲ့ပါေသးတယ္။


(Unicode)

မော်ရင်ဟိုနဲ့ယူနိုက်တက်အသင်းကြီးအတွက်အဆင်သင့်ဖြစ်နေတဲ့လူငယ်ကစားသမားလေးအိန်ဂျယ်ဂိုမက်စ်

 နွေရာသီက USခရီးစဉ်ကို အသင်းကြီးနှင့်အတူ ပထမဆုံးလိုက်ပါခွင့်ရခဲ့တဲ့ အိန်ဂျယ်ဂိုးမက် ဟာအခုလည်း မော်ရင်ဟိုရှေ့မှာယူနိုက်တက်U-23 အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အသင်းကြီးအတွက် အသင့်ဖြစ်နေပြီဆိုတာကို ပြသဖို့သူဟာ စိတ်အားထက်သန်နေတာပါ။အသက်၁၈နှစ်အရွယ်သာရှိသေးတဲ့ ဂိုးမက် ဟာ မနှစ်ကဒီဇင်ဘာမှာ အသင်းနဲ့ပရော်ဖက်ရှင်နယ်စာ ချုပ် ချုပ်ဆိုခဲ့ပါတယ်။

စတုတ်စီးတီးလူငယ်အသင်းဖက်သို့သွင်းခဲ့တဲ့ဂိုးဟာ ဒီရာသီ U-23အသင်းအတွက် သူ့ရဲ့သုံးဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ယူနိုက်တက် အသင်းကြီးသို့ခေါ်ယူဖို့စောင့်ကြည့် ခံနေရပါတယ်။

ဂိုးမက်က''ယူနိုက်တက်ဟာ ခမ်းနားတဲ့အသင်းဖြစ်ပါတယ်။ကျနော့်အိမ်မက်က အိုးထရက်ဖို့ကွင်းထဲမှာကစားရဖို့ပါပဲ။ပိုမိုကောင်းမွန်တဲ့ခြေစွမ်းကိုပြသနိုင်မယ်ဆိုရင် အခွင့်အရေးရလာဖို့မျှော်လင့်ထားပါတယ်။အကောင်းဆုံးကစားသမားတွေ ဟာ အမြင့်ဆုံးနေရာအတွက် ထိပ်တန်းခြေစွမ်းတွေပိုင်ဆိုင်ထားကြပါတယ်။ကျနော်လည်းမျှော်လင့်ချက်တွေအတွက် လေ့ကျင့်ရေးကွင်းမှာရောပွဲထဲမှာပါ အကောင်းဆုံးကြိုးစားနေပါတယ်။'လို့ဆိုခဲ့ပြီး အသင်းကြီးအတွက်ပထမဆုံးပွဲထွက်ခွင့်ကို 2017 မေလကခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး အဲ့ဒီအချိန်က သူ့အသက်၁၆နှစ်သာ ရှိသေးတာကြောင့် ဂိုးမက် ဟာနှစ်60အတွင်း ယူနိုက်တက်ရဲ့အသက်ငယ်ဆုံးပါဝင်ကစားခွင့်ရသူဖြစ်လာပါတယ်။ 

ဒါ့အပြင် မော်ရင်ဟိုရဲ့ရာသီကြိုUSခရီးစဉ်မှာလည်းလိုက်ပါခဲ့ရတာကြောင့်”အတွေ့ကြုံကောင်းတွေရခဲ့ပါတယ်။အသင်းကြီးနဲ့အတူရှိနေပြီးသူတို့ဘယ်လို လေ့ကျင့်လဲစောင့်ကြည့်ခွင့်ရတာကောင်းမွန်လွန်းလှပါတယ်။ရာသီကြိုခြေစမ်းပွဲမှာပါဝင်ခွင့်ရတာ လူငယ်ကစားသမားတွေအတွက်လအပိုဆုရသလိုပဲ။တကယ်လို့မိနစ်အများကြီးကစားခွင့်မရရင်တောင်မှ နည်းပြရဲ့မျက်စိရှေ့မှာခင်ဗျားဘယ်လိုပြင်ဆင်လေ့ကျင်နေလဲဆိုတာသက်သေပြခွင့်ရပြီး စီနီယာ ကစားသမားတွေနဲ့လည်းနှိုင်းယှဉ်ကြည့်လို့ရပါတယ်။ USခရီးစဉ်မှာလည်း ခြေစွမ်းတိုးတက်လာဖို့ကြိုးစားခဲ့ပြီး ကျနော် ဘာတွေလုပ်နိုင်လဲဆိုတာ ပြသနိုင်ခဲ့ပါတယ်''လို့ဂိုးမက်က ပြောခဲ့ပါတယ်။
2017ခုနှစ်က ဂိုးမက်ဟာယူနိုက်တက် အကယ်ဒမီအသင်းအတွက် ၁၅ နှစ်အတွင်းအသက်ငယ်ဆုံးဟက်ထရစ် သွင်းသူဖြစ်ခဲ့ပါသေးတယ်။



No comments

Powered by Blogger.