Header Ads


တနင်္လာနေ့ ရဲ့ ဟော့အဖြစ်ဆုံးနောက်ဆုံးရဘောလုံးသတင်းတိုများစုစည်းမှု




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။













လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ က တိုက်စစ်မှူးစတာရစ်ခ်ျကို အရံကစားသမားအဖြစ်ထည့်သုံးနေရတာဟာ စတာရစ်တစ်ယောက် မိနစ် ၉၀ လုံးပါဝင်ကစားဖို့ ကြံ့ ခိုင်မှုမရှိသေးတာလို့ ဖွင့်ဟဝန်ခံပြောကြားခဲ့ပါတယ်။




(Unicode)





ယူနိုက်တက်နည်းပြမော်ရင်ဟိုရဲ့ အနာဂတ်အတွက် ရှေ့လာမယ့်ပွဲစဉ်၂ပွဲဖြစ်တဲ့ ဗလန်စီယာ အသင်းနဲ့ နယူးကာဆယ်အသင်းတို့ပွဲကို အခွင့်အရေးပေးထားပြီး အဆိုပါပွဲတွေမှာ ရလဒ်မကောင်းပါက ဇီဒန်းနဲ့ အစားထိုးမယ်လို့ CEO အက်ဒ်ဝုဒ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကနေ သိရပါတယ်။

နည်းပြမော်ရင်ဟိုနဲ့ ကြား ကဆက်ဆံရေးနဲ့ စနေနေ့ကဝက်စ်ဟမ်းအသင်းကိုရှုံးနိမ့်ခဲ့တဲ့ ပွဲအခြေအနေကို ပေါ့ဘာအားအင်တာဗျူးခဲ့ကြရာ ပေါ့ဘာက " ခင်ဗျားတို့ကျွန်တော့်ကို သေစေချင်နေတာလား??" လို့မီဒီယာတွေကို ပြန်လည်ဖြေကြားတုံ့ပြန်ခဲ့ပါတယ်။

အလန်ရှီးယားရဲ့ ပရီးမီးယားလိပ် ၂၆၀ သွင်းဂိုးစံချိန်ကို အသင်းဖော်မန်စီးတီးတိုက်စစ်မှူး အဂူရိုကျော်ဖြတ်နိုင်တယ်လို့ဘာနာဒိုဆေးလ်ဗားက ချီးကျူးပြောကြားလိုက်ပါတယ်။အဂူရိုဟာ လက်ရှိမှာ သွင်းဂိုး ၁၄၈ ဂိုးပဲရှိပါသေးတယ်။

ယူနိုက်တက်အသင်းရဲ့ လစာအများဆုံးကစားသမားဆန်းချက်စ်ဟာ မော်ရင်ဟိုရဲ့ ပွဲထွက်လူစာရင်းမှာချန်လှပ်ထားခြင်းခံခဲ့ရတာကြောင့် အတော်လေးစိတ်ပျက်နေတယ်လို့ သိရပါတယ်။

လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ က တိုက်စစ်မှူးစတာရစ်ချ်ကို အရံကစားသမားအဖြစ်ထည့်သုံးနေရတာဟာ စတာရစ်တစ်ယောက် မိနစ် ၉၀ လုံးပါဝင်ကစားဖို့ကြံ့ခိုင်မှုမရှိသေးတာလို့ဖွင့်ဟဝန်ခံပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးနည်းပြဂွာဒီယိုလာဟာ နောက်ခံလူ မန်ဒီရဲ့ ခြေစွမ်းအပေါ်သဘောကျနှစ်သက်သော်လည်း သူ့ရဲ့ ကွင်းပြင်ပက အပြုအမူတွေကြောင့် စိတ်မရှည်သည်းမခံနိုင်ဖြစ်နေပါတယ်။အကြောင်းကတော့ တစ်ပွဲ၂ပွဲလောက်ကန်ပြီး ၇လလောက်ဒဏ်ရာခဏခဏရနေတာတွေ၊ ဆိုရှယ်မီဒီယာတွေကိုအလွန်အကျွံသုံးစွဲတာတွေနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို တစ်ခါတစ်ရံနောက်ကျတက်တာတွေကြောင့်လို့သိရပါတယ်။

No comments

Powered by Blogger.