Header Ads
စတာလင်ကိုသီချင်းလုပ်ဆိုပြီးလှောင်ပြောင်ခဲ့ကြတဲ့ချဲလ်ဆီးပရိတ်သတ်တွေသီချင်းကဘာဖြစ်မလဲ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။  
စနေနေ့ညပွဲစဉ်မှာပတ်ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းကို ဆာရီရဲ့ချယ်ဆီးက -၀နဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာရာဟင်စတာလင်ရဲ့ ထူးခြားတဲ့ပြေးဟန်တွေကို စတမ်းဖို့ဒ်ဘရစ် ကွင်းကြီးထဲက ချယ်ဆီးပရိတ်သတ်တွေလက်ညိုးထိုးစရာဖြစ်ခဲ့ပါတယ်။
(Unicode)
ချယ်ဆီးဖန်တွေရဲ့သီချင်းလုပ်လှောင်ပြောင်ခြင်းခံခဲ့ရတဲ့စတာလင်  
စနေနေ့ညပွဲစဉ်မှာပတ်ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းကို ဆာရီရဲ့ချယ်ဆီးက ၂-ဝနဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာရာဟင်စတာလင်ရဲ့ ထူူးခြားတဲ့ပြေးဟန်တွေကို စတမ်းဖို့ဒ်ဘရစ် ကွင်းကြီးထဲက ချယ်ဆီးပရိတ်သတ်တွေလက်ညိုးထိုးစရာဖြစ်ခဲ့ပါတယ်။
False 9နေရာကစားခဲ့တဲ့ စတာလင်ဟာ ချယ်ဆီးလေးယောက်တန်းခံစစ်ကို တစ်ဦးချင်းကျော်ဖြတ်ဖို့အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပါတယ်။ဆာရီရဲ့ခံစစ်ကို ဖြိုလဲှဖို့ပြေးလွှားနေတဲ့ စတာလင်ကို ချယ်ဆီးပရိတ်သတ်တွေက''စတာလင်က မိန်းခလေးတစ်ယောက်လိုပြေးနေခဲ့တယ်။''လို့သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။အရင်ကတည်းက စတာလင်ရဲ့ပြေးဟန်ကို အီဒင်ဟာဇတ် လှောင်ခဲ့တာမှတ်မိကြသေးလား။
ဟာဇက်ရဲ့စတာလင်အပေါ်ထင်မြင်ချက်ကိုပြောခဲ့ဲ့တာကလည်း လက်တွေ့ကျကျပါပဲ။အင်္ဂလန်တောင်ပံကစားသမားစတာလင်ကတော့ သူပြေးတဲ့ပုံစံအကြောင်းကို အခုလိုရှင်းလင်းခဲ့ပါတယ်။''ကျနော့်ပွဲကစားဖို့ရှိတဲ့နေ့လေးမှာ အမေက ညီလေးဆီသွားခဲ့တယ်။သူပြေးနေတဲ့videoကိုကျနော့်ဆီပို့ခဲ့တယ်။ကျနော့်ပြေးပုံက ဒီကတဆင့်ပဲ ဖြစ်လာတာထင်ပါရဲ့။အရင်က အမေပြေးတာ တစ်ခါမှမမြင်ဖူးဘူး။အမေ့ရဲ့ပြေးဟန်ကိုအတုခိုးခဲ့တယ်လို့ဝန်ခံရင် ခင်ဗျားမရယ်ပါနဲ့။ဘာလို့ဆို ညီမလေးမမွေးခင်တုန်းက အမေဟာ ဂျာမေကာပြေးခုန်ပစ် အဖွဲ့ဝင်တစ်ယောက်ဖြစ်လို့ပါပဲ။ကျနော့်ရဲ့ပြေးပုံကိုဘယ်တုန်းကမှ သံသယမဝင်ခဲ့ဘူးဆိုတာ လှောင်ရီနေတဲ့သူတွေကိုပြောချင်တယ်။ဒီအတိုင်းပဲ ထိုးဖောက်ကျော်ဖြတ်နေကြပါ''လို့စတာလင်က ပြောသွားခဲ့ပါတယ်။
ခြားနားတဲ့နည်းစနစ်ပိုင်းကျွမ်းကျင်မှုတွေနဲ့အတူပဲ စတာလင်ဟာ ဒီရာသီမှာ မန်စီးတီးအတွက် ၈ဂိုးအထိသွင်းထားတာပဲဖြစ်ပါတယ်။
No comments
Powered by Blogger.