Header Ads


၂၀၁၄ခုနွစ္တုန္းကဂြာဒီယိုလာရဲ ့ဘိုင္ယန္ကိုအမႈန္ ့ေခ်ခဲ့ဖူးတဲ့ဆာဒီယိုမာေနး



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

မေန ့ညက ခ်န္ပီယံလိပ္၁၆သင့္အဆင့္မဲခြဲပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ ့လီဗာပူးလ္အသင္းတို ့ထိပ္တိုက္ေတြ ့ဆံုေနၾကပါတယ္။ဒါေၾကာင့္ လီဗာပူးလ္တိုက္စစ္ကစားသမားမာေနးတစ္ေယာက္ဘိုင္ယန္ျမဴူးနစ္အသင္းကိုရင္ဆိုင္ကစားခဲ့စဥ္ကအမွတ္တရေတြကို ျပန္လည္ရွာေဖြနိုင္ခဲ့ပါတယ္။

ဆီနီေဂါတိုက္စစ္မွဴးဟာ ၾသစၾတီးယားမွာ နာမည္ေကာင္းတစ္ခုရရိွခဲ့တာျဖစ္ၿပီး ၂၀၁၂ နဲ ့၂၀၁၄ ခုနွစ္အတြင္း ၾသစၾတီးယားဘြန္ဒက္စ္လီဂါကလပ္ Red Bull Salzburg မွာကစားခဲ့တာပဲျဖစ္ပါတယ္။သူဟာ Salzburg အသင္းအတြက္ ၿပိဳင္ပြဲစံု ၄၅ ဂိုးသြင္းေပးခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္နဲ ့ကစားခဲ့တဲ့ခ်စ္ၾကည္ေရးပြဲတစ္ပြဲမွာလည္း အေကာင္းဆံုးေျခစြမ္းျပကစားခဲ့ပါတယ္။
အဆိုပါ ၂၀၁၄ခုနွစ္အတြင္းက ဥေရာပခ်န္ပီယံဘိုင္ယန္ျမဴးနစ္အသင္းဟာ ဇန္န၀ါရီလမွာ ခ်စ္ၾကည္ေရးပြဲအျဖစ္ Red Star Slazburg အသင္းနဲ ့ကစားခဲ့ၿပီး မာေနးရဲ ့အစြမ္းျပမႈေၾကာင့္ ဘိုင္ယန္တို ့အရွက္တကြဲရံႈးနိမ့္ခဲ့ဖူးပါတယ္။Salzburg အသင္းဟာ ပတ္ဂြာဒီယိုလာကိုင္တြယ္ေနတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းကို - ျဖင့္အနိုင္ယူခဲ့တာျဖစ္ၿပီး အဆိုပါပြဲမွာ မာေနးက ၁ဂိုးဖန္တီးေပးရံုမက လွပေသသပ္တဲ့ ဂိုးတစ္ဂိုးကိုသြင္းယူျပခဲ့ပါေသးတယ္။


အခုခ်ိန္မွာေတာ့ မာေနးရဲ ့လီဗာပူးလ္အသင္းဟာ အုပ္စုေနာက္ဆံုးပြဲစဥ္မွာ နာပိုလီအသင္းကို ဒရမ္မာဆန္ဆန္အနိုင္ယူခဲ့ၿပီး ရံႈးထြက္အဆင့္ကို တက္ေရာက္နိုင္ခဲ့တာပဲျဖစ္ပါတယ္။၂၀၁၇-၁၈ ခ်န္ပီယံလိပ္ဖိုင္နယ္ေရာက္လီဗာပူးလ္အသင္းဟာ ကြာတားဖိုင္နယ္ကိုထပ္မံတက္ေရာက္နိုင္ဖို ့ဥေရာပဘီလူးဘိုင္ယန္ျမဴးနစ္ကိုျဖတ္ေက်ာ္ရဦးမွာပဲျဖစ္ပါတယ္။

ဂ်ာမနီကို ျပန္လာဖို ့စိတ္လႈပ္ရွားေနတဲ့ ဂ်ာဂန္ကေလာ့အတြက္ေတာ့ ဒါဟာေကာင္းမြန္တဲ့ မဲခြဲရလဒ္ျဖစ္သလို ခက္ခဲလာနိုင္ဖို ့လည္းရိွတယ္လို ့ဆိုလိုက္ပါတယ္။

ခက္ခဲတယ္။ေကာင္းမြန္တဲ့ မဲခြဲမႈပဲ။ခက္ခဲမယ္ဆိုတာသိသာပါတယ္။သူတို ့အသင္းဟာထိပ္တန္းအဆင့္မွာပါ။ကၽြန္ေတာ့္အတြက္ေတာ့ ဂ်ာမနီကိုျပန္ရမွာျဖစ္တဲ့အတြက္ေကာင္းတယ္။ဒါပင္မယ့္ ဒါဟာေကာင္းရံုပဲေကာင္းတဲ့ ေတြ ့ဆံုမႈပဲ။ဒါေၾကာင့္ကၽြန္ေတာ္တို ့မွာ ပြဲကိုၾကိဴတင္ျပင္ဆင္ခြင့္အခ်ိန္ရိွေနပါတယ္။အခ်ိန္အမ်ားၾကီးပါပဲ။ကၽြန္ေတာ့္ကစားသမားအကုန္လံုးအဆင္သင့္ရိွေနပါေစလို ့ေမ ွ်ာ္လင့္ပါတယ္။ခက္ခဲၾကမ္းတမ္းတဲ့ပြဲျဖစ္လာပါလိမ့္မယ္။ကၽြန္ေတာ္ေရွ ့ဆက္သြားမွာပါ။လို ့ကေလာ့ကေျပာၾကားခဲ့ပါတယ္။

ကေလာ့ကဆက္လက္ၿပီးကၽြန္ေတာ္ရင္ဆိုင္ဖူးတဲ့ဘိုင္ယန္နဲ ့အခုဘိုင္ယန္က ျခားနားေနပါၿပီ။ကၽြန္ေတာ္တို ့ဒီမွာ ၃နွစ္ၾကာရိွေနခဲ့တာပါ။၂၀၁၇ ေအာဒီဖလားထဲကေပါ့။ကြင္းေတြအေၾကာင္းေကာင္းေကာင္းသိတယ္။ကြင္းအတြင္းအေျခအေနေတြဟာ တကယ့္ဂရိတ္ပါပဲ။ကၽြန္ေတာ့္ပရိတ္သတ္ေတြအတြက္ ေကာင္းမြန္တဲ့ခရီးစဥ္တစ္ခုျဖစ္မွာပါ။အေတာ္လွတဲ့ျမိဴ ့ဗ်။ဒါေၾကာင့္အရမ္းေကာင္းပါတယ္။ေလယာဥ္ခရီးစဥ္ကလည္းသိပ္အေ၀းၾကီးမဟုတ္ပါဘူး။အျခားလိပ္ေတြထက္ဂ်ာမန္ေဘာလံုးအေၾကာင္းကၽြန္ေတာ္တို ့ေတြေကာင္းေကာင္းသိပါတယ္။ဒါဟာအမွန္တရားပါပဲ။အရမ္းၾကီးၾကီးမားတဲ့ကြဲျပားျခားနားမႈမရိွပါဘူး။အဆံုးမွာေတာ့ ေကာင္ေလးေတြဟာ ကြင္းထဲမွာပဲအဆံုးအျဖတ္ေပးသြားမွာပါ။ၾကိဳးစားၾကည့္တာေပါ့။ ” 


ဂ်ာမနီခ်န္ပီယံကို လီဗာပူးလ္အသင္းဘယ္လို ရင္ဆိုင္ကစားမလဲ စိတ္၀င္စားစရာေကာင္းေနပါတယ္။

(Unicode)

၂၀၁၄ခုနှစ်တုန်းကဂွာဒီယိုလာရဲ့ဘိုင်ယန်ကိုအမှုန့်ချေခဲ့ဖူးတဲ့ဆာဒီယိုမာနေး

မနေ့ညက ချန်ပီယံလိပ်၁၆သင့်အဆင့်မဲခွဲပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့လီဗာပူးလ်အသင်းတို့ထိပ်တိုက်တွေ့ဆုံနေကြပါတယ်။ဒါကြောင့် လီဗာပူးလ်တိုက်စစ်ကစားသမားမာနေးတစ်ယောက်ဘိုင်ယန်မြူူးနစ်အသင်းကိုရင်ဆိုင်ကစားခဲ့စဉ်ကအမှတ်တရတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

ဆီနီဂေါတိုက်စစ်မှူးဟာ သြစတြီးယားမှာ နာမည်ကောင်းတစ်ခုရရှိခဲ့တာဖြစ်ပြီး ၂၀၁၂ နဲ့၂၀၁၄ ခုနှစ်အတွင်း သြစတြီးယားဘွန်ဒက်စ်လီဂါကလပ် Red Bull Salzburg မှာကစားခဲ့တာပဲဖြစ်ပါတယ်။သူဟာ Salzburg အသင်းအတွက် ပြိုင်ပွဲစုံ ၄၅ ဂိုးသွင်းပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ကစားခဲ့တဲ့ချစ်ကြည်ရေးပွဲတစ်ပွဲမှာလည်း အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပါတယ်။
အဆိုပါ ၂၀၁၄ခုနှစ်အတွင်းက ဥရောပချန်ပီယံဘိုင်ယန်မြူးနစ်အသင်းဟာ ဇန်နဝါရီလမှာ ချစ်ကြည်ရေးပွဲအဖြစ် Red Star Slazburg အသင်းနဲ့ကစားခဲ့ပြီး မာနေးရဲ့အစွမ်းပြမှုကြောင့် ဘိုင်ယန်တို့အရှက်တကွဲရှုံးနိမ့်ခဲ့ဖူးပါတယ်။Salzburg အသင်းဟာ ပတ်ဂွာဒီယိုလာကိုင်တွယ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ၃-၀ ဖြင့်အနိုင်ယူခဲ့တာဖြစ်ပြီး အဆိုပါပွဲမှာ မာနေးက ၁ဂိုးဖန်တီးပေးရုံမက လှပသေသပ်တဲ့ ဂိုးတစ်ဂိုးကိုသွင်းယူပြခဲ့ပါသေးတယ်။


အခုချိန်မှာတော့ မာနေးရဲ့လီဗာပူးလ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ နာပိုလီအသင်းကို ဒရမ်မာဆန်ဆန်အနိုင်ယူခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။၂၀၁၇-၁၈ ချန်ပီယံလိပ်ဖိုင်နယ်ရောက်လီဗာပူးလ်အသင်းဟာ ကွာတားဖိုင်နယ်ကိုထပ်မံတက်ရောက်နိုင်ဖို့ဥရောပဘီလူးဘိုင်ယန်မြူးနစ်ကိုဖြတ်ကျော်ရဦးမှာပဲဖြစ်ပါတယ်။

ဂျာမနီကို ပြန်လာဖို့စိတ်လှုပ်ရှားနေတဲ့ ဂျာဂန်ကလော့အတွက်တော့ ဒါဟာကောင်းမွန်တဲ့ မဲခွဲရလဒ်ဖြစ်သလို ခက်ခဲလာနိုင်ဖို့လည်းရှိတယ်လို့ဆိုလိုက်ပါတယ်။

“ ခက်ခဲတယ်။ကောင်းမွန်တဲ့ မဲခွဲမှုပဲ။ခက်ခဲမယ်ဆိုတာသိသာပါတယ်။သူတို့အသင်းဟာထိပ်တန်းအဆင့်မှာပါ။ကျွန်တော့်အတွက်တော့ ဂျာမနီကိုပြန်ရမှာဖြစ်တဲ့အတွက်ကောင်းတယ်။ဒါပင်မယ့် ဒါဟာကောင်းရုံပဲကောင်းတဲ့ တွေ့ဆုံမှုပဲ။ဒါကြောင့်ကျွန်တော်တို့မှာ ပွဲကိုကြိူတင်ပြင်ဆင်ခွင့်အချိန်ရှိနေပါတယ်။အချိန်အများကြီးပါပဲ။ကျွန်တော့်ကစားသမားအကုန်လုံးအဆင်သင့်ရှိနေပါစေလို့မေ ျှာ်လင့်ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့ပွဲဖြစ်လာပါလိမ့်မယ်။ကျွန်တော်ရှေ့ဆက်သွားမှာပါ။ ” လို့ကလော့ကပြောကြားခဲ့ပါတယ်။

ကလော့ကဆက်လက်ပြီး “ ကျွန်တော်ရင်ဆိုင်ဖူးတဲ့ဘိုင်ယန်နဲ့အခုဘိုင်ယန်က ခြားနားနေပါပြီ။ကျွန်တော်တို့ဒီမှာ ၃နှစ်ကြာရှိနေခဲ့တာပါ။၂၀၁၇ အောဒီဖလားထဲကပေါ့။ကွင်းတွေအကြောင်းကောင်းကောင်းသိတယ်။ကွင်းအတွင်းအခြေအနေတွေဟာ တကယ့်ဂရိတ်ပါပဲ။ကျွန်တော့်ပရိတ်သတ်တွေအတွက် ကောင်းမွန်တဲ့ခရီးစဉ်တစ်ခုဖြစ်မှာပါ။အတော်လှတဲ့မြိူ့ဗျ။ဒါကြောင့်အရမ်းကောင်းပါတယ်။လေယာဉ်ခရီးစဉ်ကလည်းသိပ်အဝေးကြီးမဟုတ်ပါဘူး။အခြားလိပ်တွေထက်ဂျာမန်ဘောလုံးအကြောင်းကျွန်တော်တို့တွေကောင်းကောင်းသိပါတယ်။ဒါဟာအမှန်တရားပါပဲ။အရမ်းကြီးကြီးမားတဲ့ကွဲပြားခြားနားမှုမရှိပါဘူး။အဆုံးမှာတော့ ကောင်လေးတွေဟာ ကွင်းထဲမှာပဲအဆုံးအဖြတ်ပေးသွားမှာပါ။ကြိုးစားကြည့်တာပေါ့။ ” 

ဂျာမနီချန်ပီယံကို လီဗာပူးလ်အသင်းဘယ်လို ရင်ဆိုင်ကစားမလဲ စိတ်ဝင်စားစရာကောင်းနေပါတယ်။


No comments

Powered by Blogger.