ဒါဘီယူ၂၃နဲ ့ပြဲကေျခစြမ္းေၾကာင့္ ယူနိုက္တက္အသင္းၾကီးမွာျပန္ေရြးခ်ယ္ျခင္းခံရတဲ့အိန္ဂ်ယ္ဂိုမက္ဇ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဒါဘီယူ-23နဲ႔ပြဲစဥ္မွာ ေတာက္ပတဲ့ ေျခစြမ္းေတြထုတ္ျပနိုင္ခဲ့တာေျကာင့္ဒီတစ္ပတ္ကာဒစ္နဲ႔ရင္ဆိုင္ကစားမယ့္ပြဲစဥ္အတြက္ ယူနိုက္တက္လူစာရင္းမွာ ဂိုမက္ဇ္ပါဝင္လာခဲ့ပါတယ္။အရင္ကလည္း ယူနိုက္တက္အတြက္ ပါဝင္ကစားေပးခဲ့ဖူးျပီး ဂိုမက္ဇ္ရဲ႕ ယူနိုက္တက္အတြက္ ပထမဆံုးပြဲကေတာ့ခရစၥတယ္ပဲေလ့နဲ႔ ပြဲစဥ္မွာ ဝိန္းရြန္နီအစား လူစားဝင္ကစားခဲ့တာပါ။ဒီတစ္ပတ္အေစာပိုင္းက ဒါဘီနဲ႕ပြဲစဥ္ကို highlightရဲ႕ျကည့္ခဲ့ရံုနဲ႔တင္ နည္းျပဆိုးရွာလ္တစ္ေယာက္ အျကီးအက်ယ္သေဘာက်သြားပါတယ္။
အသက္၁၈နွစ္အရြယ္မွာ ပဲ ကြင္းလယ္ကစားသမား ဂိုမက္ဇ္ဟာ ယူနိုက္တက္အသင္းျကီးမွာ ကိုယ္စားျပဳခြင့္ရဖို႔ အေျခေနေကာင္းတစ္ခုကို ပိုင္ဆိုင္ေနပါျပီ။ရပ္ဖို႔ဒ္လို႔ ရင့္က်က္မႈ မ်ိဳးနဲ႕ အသင္းျကီးမွာေနရာတစ္ေနရာဝင္ယူဖို႔ ရွိေနပါျပီ။ဒါ့အျပင္ သူ႔ရဲ႕ေဆြမ်ိဳးသားခ်င္ေတြထဲမွာ ေဘာလံုးမ်ိဳးရိုးရွိတာေျကာင့္ သူ႔ရဲ႕ေသြးေျကာထဲမွာေဘာလံုး ပါရမီ ရွိေနပါတယ္။
သူဟာ ယူနိုက္တက္ကစားသမားေဟာင္းနာနီနဲ႕ ဝမ္းကြဲညီတစ္ေယာက္ျဖစ္ျပီး သူ႔ဖခင္က ေပၚတုူဂီ ယူ-၂၁အသင္းမွာ လူးဝစ္ဖီဂို ရူေကာ္စတာတို႔နဲ႕ တြဲကစားဖူးပါတယ္။သူ႔အေဖအေျကာင္းကို ဂိုမက္ဇ္ေျပာျပခဲ့ဖူးျပီး နာနီဆိုရင္ ယူနိုက္တက္မွာ2007ကေန 2015ထိကစားခဲ့တာျဖစ္ပါတယ္။
''က်ေနာ့္မွာအေဖ့ရဲ႕ ျကီးမားတဲ့လႊမ္းမိုးမႈရွိေနပါတယ္။က်ေနာ့္ကို skillပိုင္းနဲ႔ပတ္သတ္ျပီး အျမဲသင္ေပးတယ္။ပြဲထဲမွာ လွည့္စားမႈေတြလုပ္နိုင္ေအာင္ အေဖက အျမဲလမ္းျပခဲ့တယ္။ဘယ္ေလာက္ခက္ခဲတဲ့ပြဲမ်ိဳးျဖစ္ေနပါေစေပါ့။နာနီကလည္း ေနာက္ထပ္က်ေနာ့္အေပၚ လႊမ္းမိုးမႈ ရွိသူတစ္ေယာက္ပါ။သူယူနိုက္တက္မွာ ရွိတုန္းကဆိုရင္ က်ေနာ့္ကို အျမဲေထာက္ပံအားေပးခဲ့ျပီး ဘယ္ခ်ိန္မဆို အကူညီေကာင္းေတြေပးခဲ့တယ္။ကြင္းတြင္း ကြင္းျပင္ေနထိုင္မႈပံုစံေတြကိုသူ႔ဆီက သင္ယူခဲ့တယ္။က်ေနာ္သူ႕လိုမ်ိဳးအခန္းက႑ကေန ယူနိုက္တက္မွာ အခ်ိန္အျကာျကီးရွိေနခ်င္ပါတယ္''လို႔ဂိုမက္ဇ္က ထုတ္ေဖာ္သြားခဲ့ပါတယ္။
ဒီညပြဲစဥ္မွာ ဂိုမက္ဇ္တစ္ေယာက္ အခြင့္အေရးတစ္ခုခုရသြားနိုင္မလားက်ေနာ္တို႔ေစာင့္ျကည့္ရေအာင္ဗ်ာ။
(UNICODE)
ဒါဘီယူ၂၃နဲ့ပွဲကခြေစွမ်းကြောင့် ယူနိုက်တက်အသင်းကြီးမှာပြန်ရွေးချယ်ခြင်းခံရတဲ့အိန်ဂျယ်ဂိုမက်ဇ်
ဒါဘီယူ-23နဲ့ပွဲစဉ်မှာ တောက်ပတဲ့ ခြေစွမ်းတွေထုတ်ပြနိုင်ခဲ့တာကြောင့်ဒီတစ်ပတ်ကာဒစ်နဲ့ရင်ဆိုင်ကစားမယ့်ပွဲစဉ်အတွက် ယူနိုက်တက်လူစာရင်းမှာ ဂိုမက်ဇ်ပါဝင်လာခဲ့ပါတယ်။အရင်ကလည်း ယူနိုက်တက်အတွက် ပါဝင်ကစားပေးခဲ့ဖူးပြီး ဂိုမက်ဇ်ရဲ့ ယူနိုက်တက်အတွက် ပထမဆုံးပွဲကတော့ခရစ္စတယ်ပဲလေ့နဲ့ ပွဲစဉ်မှာ ဝိန်းရွန်နီအစား လူစားဝင်ကစားခဲ့တာပါ။ဒီတစ်ပတ်အစောပိုင်းက ဒါဘီနဲ့ပွဲစဉ်ကို highlightရဲ့ကြည့်ခဲ့ရုံနဲ့တင် နည်းပြဆိုးရှာလ်တစ်ယောက် အကြီးအကျယ်သဘောကျသွားပါတယ်။
အသက်၁၈နှစ်အရွယ်မှာ ပဲ ကွင်းလယ်ကစားသမား ဂိုမက်ဇ်ဟာ ယူနိုက်တက်အသင်းကြီးမှာ ကိုယ်စားပြုခွင့်ရဖို့ အခြေနေကောင်းတစ်ခုကို ပိုင်ဆိုင်နေပါပြီ။ရပ်ဖို့ဒ်လို့ ရင့်ကျက်မှု မျိုးနဲ့ အသင်းကြီးမှာနေရာတစ်နေရာဝင်ယူဖို့ ရှိနေပါပြီ။ဒါ့အပြင် သူ့ရဲ့ဆွေမျိုးသားချင်တွေထဲမှာ ဘောလုံးမျိုးရိုးရှိတာကြောင့် သူ့ရဲ့သွေးကြောထဲမှာဘောလုံး ပါရမီ ရှိနေပါတယ်။
သူဟာ ယူနိုက်တက်ကစားသမားဟောင်းနာနီနဲ့ ဝမ်းကွဲညီတစ်ယောက်ဖြစ်ပြီး သူ့ဖခင်က ပေါ်တုူဂီ ယူ-၂၁အသင်းမှာ လူးဝစ်ဖီဂို ရူကော်စတာတို့နဲ့ တွဲကစားဖူးပါတယ်။သူ့အဖေအကြောင်းကို ဂိုမက်ဇ်ပြောပြခဲ့ဖူးပြီး နာနီဆိုရင် ယူနိုက်တက်မှာ2007ကနေ 2015ထိကစားခဲ့တာဖြစ်ပါတယ်။
''ကျနော့်မှာအဖေ့ရဲ့ ကြီးမားတဲ့လွှမ်းမိုးမှုရှိနေပါတယ်။ကျနော့်ကို skillပိုင်းနဲ့ပတ်သတ်ပြီး အမြဲသင်ပေးတယ်။ပွဲထဲမှာ လှည့်စားမှုတွေလုပ်နိုင်အောင် အဖေက အမြဲလမ်းပြခဲ့တယ်။ဘယ်လောက်ခက်ခဲတဲ့ပွဲမျိုးဖြစ်နေပါစေပေါ့။နာနီကလည်း နောက်ထပ်ကျနော့်အပေါ် လွှမ်းမိုးမှု ရှိသူတစ်ယောက်ပါ။သူယူနိုက်တက်မှာ ရှိတုန်းကဆိုရင် ကျနော့်ကို အမြဲထောက်ပံအားပေးခဲ့ပြီး ဘယ်ချိန်မဆို အကူညီကောင်းတွေပေးခဲ့တယ်။ကွင်းတွင်း ကွင်းပြင်နေထိုင်မှုပုံစံတွေကိုသူ့ဆီက သင်ယူခဲ့တယ်။ကျနော်သူ့လိုမျိုးအခန်းကဏ္ဍကနေ ယူနိုက်တက်မှာ အချိန်အကြာကြီးရှိနေချင်ပါတယ်''လို့ဂိုမက်ဇ်က ထုတ်ဖော်သွားခဲ့ပါတယ်။
ဒီညပွဲစဉ်မှာ ဂိုမက်ဇ်တစ်ယောက် အခွင့်အရေးတစ်ခုခုရသွားနိုင်မလားကျနော်တို့စောင့်ကြည့်ရအောင်ဗျာ။
Post a Comment