၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲအား ကမာၻ ့လူဦးေရ၏ထက္၀က္ခန္႔ ၾကည့္ရႈခဲ့ေၾကာင္းFIFAကထုတ္ျပန္ခဲ့ပါတယ္။
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ (ဖီဖာ)သည္ ၿပီးခဲ့သည့္ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲအား ကမာၻ႔လူဦးေရ၏ထက္ဝက္ခန႔္အေရအတြက္ျဖစ္သည့္ ပရိသတ္ (၃.၅၇၂)ဘီလ်ံ ၾကည့္ရႈခဲ့ေၾကာင္း စစ္တမ္းထုတ္ျပန္ခဲ့ပါတယ္။ဖီဖာသည္ ကမာၻတစ္ဝန္းရွိ ေဖ်ာ္ေျဖေရးႏွင့္ ႐ုပ္သံမီဒီယာမ်ားမွ အခ်က္အလက္မ်ားကို စစ္တမ္းေကာက္ယူခဲ့ၿပီး ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ပရိသတ္ၾကည့္ရႈမႈအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ျခင္းလည္းျဖစ္ပါတယ္။
ဖီဖာ၏ထုတ္ျပန္ခ်က္အရ ျပင္သစ္ႏွင့္ ခ႐ိုေအးရွားတို႔ကစားခဲ့သည့္ ဗိုလ္လုပြဲကို ကမာၻတစ္ဝန္းမွ ပရိသတ္ (၁.၁၂)ဘီလ်ံၾကည့္ရႈခဲ့ၿပီး အဂၤလန္ ႏွင့္ ခ႐ိုေအးရွားတို႔ယွဥ္ၿပိဳင္ခဲ့သည့္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာလည္း ပရိသတ္ (၃၂၇.၅)သန္းၾကည့္ရႈအားေပးခဲ့ေၾကာင္း သိရပါတယ္။ဖီဖာ၏စီးပြားေရးေစ်းကြက္ဆိုင္ရာဌာနအႀကီးအကဲျဖစ္သူ ဖိလစ္ပီလီဖေလာ့ခ်္က '' ကမာၻတစ္ဝန္းက ပရိသတ္ေတြဟာ ကမာၻ႔အဆင့္ေဘာလုံး ၿပိဳင္ပြဲကို ၾကည့္ရႈရတာ ေရာင့္ရဲတင္းတိမ္ႏိုင္ျခင္းမရွိပါဘူး။ အခုအခ်က္အလက္ေတြအရ ႐ုရွားကမာၻ႔ဖလားၿပိဳင္ပြဲဟာ သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးၿပိဳင္ပြဲတစ္ခုျဖစ္ခဲ့တာ ေသခ်ာပါတယ္''ဟု ေျပာၾကားခဲ့ပါတယ္။
၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲအား ႐ုရွားႏိုင္ငံ၌ ၿပီးခဲ့သည့္ ဇြန္(၁၄)ရက္မွ ဇူလိုင္ (၁၅)ရက္အထိ က်င္းပခဲ့ၿပီး ပြဲေပါင္း (၆၄)ပြဲယွဥ္ၿပိဳင္ကစားခဲ့ကာ ဗိုလ္လုပြဲတြင္ ျပင္သစ္အသင္းက ခ႐ိုေအးရွားအသင္းကို (၄-၂)ဂိုးျဖင့္အႏိုင္ရကာ အသင္းသမိုင္းတစ္္ေလွ်ာက္ ဒုတိယေျမာက္ခ်န္ပီယံဆု ရယူႏိုင္ခဲ့ပါတယ္။
(Unicode)
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအား ကမ္ဘာ့လူဦးရေ၏ထက်ဝက်ခန့် ကြည့်ရှုခဲ့ကြောင်းFIFAကထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအား ကမ္ဘာ့လူဦးရေ၏ထက်ဝက်ခန့်အရေအတွက်ဖြစ်သည့် ပရိသတ် (၃.၅၇၂)ဘီလျံ ကြည့်ရှုခဲ့ကြောင်း စစ်တမ်းထုတ်ပြန်ခဲ့ပါတယ်။ဖီဖာသည် ကမ္ဘာတစ်ဝန်းရှိ ဖျော်ဖြေရေးနှင့် ရုပ်သံမီဒီယာများမှ အချက်အလက်များကို စစ်တမ်းကောက်ယူခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်ပရိသတ်ကြည့်ရှုမှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဖီဖာ၏ထုတ်ပြန်ချက်အရ ပြင်သစ်နှင့် ခရိုအေးရှားတို့ကစားခဲ့သည့် ဗိုလ်လုပွဲကို ကမ္ဘာတစ်ဝန်းမှ ပရိသတ် (၁.၁၂)ဘီလျံကြည့်ရှုခဲ့ပြီး အင်္ဂလန် နှင့် ခရိုအေးရှားတို့ယှဉ်ပြိုင်ခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ပရိသတ် (၃၂၇.၅)သန်းကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။ဖီဖာ၏စီးပွားရေးဈေးကွက်ဆိုင်ရာဌာနအကြီးအကဲဖြစ်သူ ဖိလစ်ပီလီဖလော့ချ်က '' ကမ္ဘာတစ်ဝန်းက ပရိသတ်တွေဟာ ကမ္ဘာ့အဆင့်ဘောလုံး ပြိုင်ပွဲကို ကြည့်ရှုရတာ ရောင့်ရဲတင်းတိမ်နိုင်ခြင်းမရှိပါဘူး။ အခုအချက်အလက်တွေအရ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးပြိုင်ပွဲတစ်ခုဖြစ်ခဲ့တာ သေချာပါတယ်''ဟု ပြောကြားခဲ့ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအား ရုရှားနိုင်ငံ၌ ပြီးခဲ့သည့် ဇွန်(၁၄)ရက်မှ ဇူလိုင် (၁၅)ရက်အထိ ကျင်းပခဲ့ပြီး ပွဲပေါင်း (၆၄)ပွဲယှဉ်ပြိုင်ကစားခဲ့ကာ ဗိုလ်လုပွဲတွင် ပြင်သစ်အသင်းက ခရိုအေးရှားအသင်းကို (၄-၂)ဂိုးဖြင့်အနိုင်ရကာ အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက်ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။
Post a Comment